Pages

Pages

22 October 2013

နင့်အပေါ်နားလည်စွာနဲ့ 

နင်အားငယ်ချိန်တိုင်း ငါ့ကို သတိရပေးပါ
နင့်ကိုအားပေးဖို့ ငါရှိနေပါတယ်။

နင်အထီးကျန်ချိန်တိုင်း ငါ့ကို တမ်းတပါ
နင့်အတွက် အဖော်အဖြစ် ငါနေပေးပါ့မယ်။

နင်စိတ်ညစ်တဲ့အချိန်တိုင်း ငါ့ကို မြင်ယောင်ပါ
နင်ပျော်အောင် ငါ လုပ်ပေးပါ့မယ်။


နင်ကြေကွဲချိန်တိုင်း ငါ့ကိုခေါ်လိုက်ပါ
နင့်အတွက် ငါ့ရင်ခွင်က နှစ်သိမ့်ပေးပါ့မယ်။

နင်ချစ်သူက နင့်ကို မချစ်တော့ရင် ငါ့ဆီပြေးခဲ့ပါ
နင့်အတွက် အေးမြတဲ့အချစ်နဲ့ နွေးထွေးတဲ့ ကြင်နာမှုတွေ ပေးပါ့မယ်။။

နင် မလိုအပ်တော့ရင်လဲ ထားခဲ့လိုက်ပါ
ငါ နားလည်စွာနဲ့ ကျန်ရစ်နေမှာပါ ချစ်သူရယ် ။

ဆုလေးနွယ်


No comments:

Post a Comment