Pages

Pages

24 November 2013

အလွမ်းညနေ

ညနေတောင်ရောက်ခဲ့ပြန်ပေါ့
ဒီနေ့လဲ လွမ်းရအုံးမယ်
နာရီသံ တစ်ချက်ချက်မြည်သံတွေက
အလွမ်းတွေကိုသယ်ဆောင်လာလို့
အတွေးကမ္ဘာထဲ ငါ လွှင့်မျောရအုံးမယ်။

လွမ်းလိုက်တာလို့ ဆိုညည်းနေပေမယ့်
သူကြားနိုင်မယ်မထင်ပါဘူးလေ
ရေမြေရယ်ကွာဝေးလွန်းတာကြောင့်
လွမ်းသံစဉ် ခပ်တိုးတိုးကို
ရင်ထဲက သီဆိုနေလေရဲ့။

ညနေဆည်းဆာ ပုဇွန်ရောင်သမ်းလာတော့
အဖော်မဲ့သူ ဒီလူရင်မှာ
အိပ်တန်းဝင် ကျေးငှက်ပျော်မြူးနေကြပုံကြောင့်
ဆွေးတမြေ့မြေ့ အသဲနှလုံးဝယ်
အလွမ်းတွေဆင့်နေပြန်လို့ ။

လွမ်းဆုလေး

No comments:

Post a Comment