Pages

Pages

24 November 2013

အားလုံးဟာ အရင်တိုင်းပါပဲ



ချစ်သူ ...
ချစ်တတ်လို့လွမ်းရတယ်ဆိုတာ
အထူးအဆန်းနဲ့ လန့်စရာလဲမဟုတ်ဘူး

အချစ်ကြောင့် ခံစားရတယ်ဆိုတာလဲ
တအံ့တသြနဲ့ ဆွံ့အ စရာလဲ မဟုတ်ဘူး

ချစ်သူနဲ့တွေ့ချင်လို့ မျှော်လင့်တယ်ဆိုတာလဲ
ရိုးရိုးလေးနဲ့ ထူးဆန်းတာလဲမဟုတ်ဘူး

စိတ်သဘောချင်းမတိုက်ဆိုင်ကြလို့
နာကျင်ကြတယ်ဆိုတာလဲ အထွေအထူးနဲ့
ကြောက်စရာလဲမဟုတ်ဘူး

မျဉ်းပြိုင်နှစ်ကြောင်းလို တည့်မရလို့
လမ်းခွဲကြတယ်ဆိုတာလဲ
မုန်းစရာမဟုတ်လို့ သွေးပျက်စရာမလိုဘူး

အဲလိုပဲ
အသဲကွဲတယ်ဆိုတာလဲ
တခမ်းတနားနဲ့ အဆန်းပြားလဲမဟုတ်ဘူး

တစ်ခုတော့ရှိတယ်
အသဲကွဲတယ်လို့ကြေညာအပြီးမှာ ငါ့နှလုံးသားအာရုံအားလုံး
နင့်ဆီ ကျန်ရစ်ခဲ့တာကလွဲရင်ပေါ့ ..

အပြန်လမ်းမှာ နှလုံးသားဗလာဖြစ်ခဲ့တာကလွဲရင်
အားလုံးဟာ အရင်တိုင်းပါပဲ ။

လွမ်းဆုလေး

No comments:

Post a Comment