Pages

Pages

4 November 2013

ချစ်သူဖတ်ဖို့ ချစ်ကဗျာ ( ၅ )

နင့်အတွက် အမြဲရှိနေတယ်ဆိုတာ ယုံပေးပါ

နင့်အတွက် အမြဲနားလည်နေတယ်ဆိုတာ သိပေးပါ

နင့်အတွက် အမြဲတွေးနေတယ်ဆိုတာ နားလည်ပါ

နင့်အတွက် အမြဲ ပျော်အောင်ထားချင်တယ်ဆိုတာတကယ်ပါ

နင့်အတွက် အမြဲကာကွယ်ပေးချင်တာ ယုံကြည်ပါ


နင့်အတွက် အမြဲငိုကြွေးနေတာ မမြင်စေချင်ခဲ့သူပါ

နင့်အတွက် အမြဲအားငယ်ခဲ့တာ မသိစေချင်သူပါ

နင့်အတွက် အမြဲစိတ်မချနိုင်တာကို မရိပ်မိစေချင်သူပါ

နင့်အတွက် အမြဲဘာဖြစ်ဖြစ် အကောင်းဆုံး လုပ်ပေးချင်ခဲ့သူပါ

နင့်အတွက် အမြဲ တံတားတစ်ခုသာဖြစ်ချင်ခဲ့တာပါ ချစ်သူရယ်....


လွမ်းဆုလေး (ခ) ဆုလေးနွယ်

No comments:

Post a Comment