Pages

Pages

4 December 2013

ရင်ထဲက အလွမ်းတေးသံ

 
ရာသီတွေ အလီလီပြောင်း
နေ့တွေလဲဟောင်းခဲ့ပါပြီ
အချိန်တွေရယ်ပြောင်း
လတွေ နှစ်တွေလဲ ကြာညောင်းခဲ့ပါပြီ

ပြောင်းလဲနေတဲ့သဘာဝကြီးမှာ
အသက်တွေလဲ ကြီးခဲ့ပါပြီ
လူတွေရဲ့စရိုက်သဘာဝ
အပေါင်းစုံလဲနားလည်ခဲ့ပါပြီ

ခက်ခဲလှတဲ့ လောကဓံအလယ်
ဒုက္ခတွေလဲ အလီလီကြုံခဲ့ပါပြီ
ဘ၀မုန်တိုင်းကြား လှေငယ်လေးလဲဖြစ်ခဲ့ပါပြီ

အစဉ်ပြောင်းတဲ့ ကာလာရောင်စုံကြားမှာ
မပြောင်းလဲပဲရှိနေခဲ့တာ ဖေဖေနဲ့မမေ
ဘယ်သူတွေ ဘယ်လိုသွားသွား
အနားမှာရပ်တည်ခဲ့တာ ဖေဖေနဲ့ မေမေ

ဘ၀ဇာတ်ခုံ ခြေစုံချမိတော့
မိဘရင်ခွင် ပြန်ချင်တယ်ဆိုလဲ
အခွင့်မသာ ပြန်မရတာကြောင့်
အဝေးတစ်နယ်က တမ်းတလွမ်းဆွတ်နေကြောင်း
လေညှင်းလေးရယ် အချိန်လေးရယ် ကူညီလို့ပြောပေးပါ

ရင်ထဲက အလွမ်းတေးသံ
ဖေဖေနဲ့ မေမေ ကြားနိုင်ပါစေလို့ ...

လွမ်းဆုလေး

(ဖေဖေနဲ့ မေမေကို လွမ်းဆွတ်လို့ ရေးမိတာပါ ၊ ပြန်ချင်ပေမယ့် အခွင့်မသာလို့ ဝေးတစ်နယ်မှ လွမ်းနေလျှက်ပါ ဖေဖေနဲ့ မေမေရယ် ... .)
 

No comments:

Post a Comment