Pages

Pages

26 January 2014

ငါ မရှိတဲ့နောက်

ငါ မရှိတဲ့နောက်
ငါ့ကို အမြဲတမ်းတပါလို့ မတောင်းဆိုပါဘူး

ငါ့တစ်ယောက်ကိုသာ သတိရပါလို့ မပြောပါဘူး

ငါ့အတွက်သာ အချစ်တွေသေဆုံးသည်အထိ
နှင်းအပ်ပါလို့ မဆိုလိုပါဘူး

ငါတစ်ယောက်သာ အရာအားလုံးလွှမ်းမိုးထားခွင့်ပေးပါလို့
ကတိတွေမတောင်းခဲ့ပါဘူး ..

ငါမရှိတဲ့နောက် ငါ မရှိတော့တဲ့နေ့ရက်များစွာမှာ
တစ်ရံတစ်ခါ တိုက်ဆိုင်မှုတွေ ရှိလာခဲ့ရင်
တစ်ချိန်က မင်းအနားမှာ ရှိနေခဲ့ဖူးတယ် ဆိုတာ
သတိရပေးပါ...

လွမ်းဆုလေး


No comments:

Post a Comment