Pages

Pages

26 January 2014

အရာရာက အရင်အတိုင်းပါပဲ

အိပ်မရတဲ့ညတို့ အလယ်
အိပ်မက်တွေထွက်ပြေး
မိုးလင်းထိ ငါ တွေးလို့နေမိတယ် ..

အေးစက်စက် အခန်းနံရံတွေဆီက
ဖြူနုနု နှင်းပွင့်တွေကို
အဓိပ္ပာယ်မဲ့ ငါ ကြည့်နေမိတယ်...

လှပတဲ့ဆောင်းတစ်ညအတွက်
စာတစ်ကြောင်း ရေးမိတော့
ဖျတ်ခနဲ ကြွေကျလာတာ နှင်း တစ်စက်..

နင်တွေးဖူးခဲ့လား
အဖော်မဲ့ညတွေမှာ အရင်တွေထက်
ပိုမှောင်တယ်ဆိုတာကိုပေါ့ ...

လိုချင်တာတွေ မရ
မလိုတာတွေရနေတဲ့ ငါ့အဖြစ်တွေက
အေးတော့ အေးချမ်းပါတယ်
ငါ့အနား မင်း မရှိခဲ့နိုင်တာကလွဲရင်
အရာရာက အရင်အတိုင်းပါပဲ.....


လွမ်းဆုလေး


No comments:

Post a Comment