Pages

Pages

9 February 2014

အချစ်မှာ အလျားအနံ မရှိပေမယ့် အသွားအပြန်ရှိတယ်

ချစ်တာက ကောင်းတယ်လို့ပြောကြပေမယ့်
အချစ်ခံရတာက ပိုပြီးကောင်းတယ်တဲ့ ..

ကမ်းမရှိတဲ့မြစ်ထဲမှာ
ငါ မကူးခတ်ပါရစေနဲ့

တစ်ဘီးထဲနဲ့ လှိမ့်ရမယ့်အဖြစ်မျိုး
ငါ မဖြတ်သန်းပါရစေနဲ့

တုံ့ပြန်မှု မရှိတဲ့ အချစ်တွေနဲ့
ငါ မရှင်သန်ပါရစေနဲ့

တစ်ဖက်သတ်အချစ်ဆိုတာ
ဆုံးမှတ်ပျောက်နေတဲ့ မြှားတစ်စင်းတစ်ခုလိုပဲ

အချစ်တစ်ခုကို လက်ခံချိန်မှ
ငါ အထီးကျန်ဆန်ရမယ့်အဖြစ်မျိုး
ငါ မတိုးဝင်ပါရစေနဲ့ ...

အချစ်မှာ အလျားအနံ မရှိပေမယ့်
အသွားအပြန်ရှိတယ်ဆိုတာ
ယုံကြည်ပေးပါ ချစ်သူရယ် ....

လွမ်းဆုလေး
 
 

No comments:

Post a Comment