Pages

Pages

9 February 2014

နင်က ဘယ်သူလဲ

ငါ့ နှလုံးသားစာရွက်
အဖြူသက်သက်အပေါ်
ကာလာရောင်ခြယ် ပန်းချီဆွဲရေးဆွဲ
ပုံတွေပြောင်းပေးခဲ့တာ
ဘယ်သူလဲ.....

ငါ့ အသဲနှလုံး
တစ်စမကျန် အကုန်သုံးဆောင်လိုက်တာ
ဘယ်သူလဲ ....

ငါ့အတွက်အိပ်မက်
အလွမ်းအဆွေးတို့ပေး
မျှော်လင့်ခြင်းတွေ ဆေးထည့်ခဲ့တာ
ဘယ်သူလဲ ....

ငါ့နှလုံးသားကိုယူ
ငါ့အတွေးကို ပိုင်စိုး
ငါ့အနာဂတ်ကို သိမ်းပိုက်ပြီးမှ
လက်ပြနှုတ်ဆက် ကျောခိုင်းရက်တာ
ဘယ်သူလဲ ....

ငါ့ ရင်ကိုခွဲ
ငါ့ မျှော်လင့်ချက်တွေနင်းခြေ
ငါ့ သမိုင်းကို ပြောင်းပြန်လှန်ပစ်ခဲ့တဲ့
နင် ....... နင် .......
နင်က ဘယ်သူလဲ .....

လွမ်းဆုလေး



No comments:

Post a Comment