Pages

Pages

9 February 2014

သူ သာ ....

သူ ကမ်းလှမ်းလာတဲ့လက်ကို
ကျွန်မ မလွတ်ခဲ့ပါဘူး
ဒီလက်တစ်စုံကို သူ ကိုယ်တိုင်
ဖြုတ်ချခဲ့တာပါ...

သူထွေးပွေ့လာတဲ့ ရင်ခွင်တစ်ခုကို
ကျွန်မ မငြင်းဆန်ခဲ့ပါဘူး
ဒီရင်ခွင်ကို သူ သာ
အရောင်ဆိုးပစ်ခဲ့တာပါ ...

သူ နမ်းရှိုက်လာတဲ့ ဒီပါးပြင်ကို
ကျွန်မ မကြည်မဖြူ မဖြစ်ခဲ့ပါဘူး
ဒီပါးပြင်ပေါ် မြစ်တစ်စင်းဖြစ်အောင်
သူ သာ ဖန်ဆင်းခဲ့တာပါ ....

သူ ပေးလာတဲ့အချစ်တွေကို
ကျွန်မ မငြိုငြင်ခဲ့ပါဘူး
သူ သာ ....
ကျွန်မ နှလုံးသားတစ်ခုလုံးကို
နင်းခြေပစ်ခဲ့တာပါ ...

လွမ်းဆုလေး


No comments:

Post a Comment