Pages

Pages

9 February 2014

လွမ်းခရီးတော့ မဆက်ပါရစေနဲ့

ချစ်သူရယ် ...
တို့တွေ ဝေးကြတဲ့အခါ
နှလုံးသားချင်း နီးနေပါတဲ့
ချစ်သူတိုင်း ပြောကြတဲ့ စကားတွေလေ ။

အနေဝေးတဲ့ ချစ်သူတိုင်း
ဝေးကြတဲ့အချစ် စွဲရစ်နေလို့
တာရှည်ခံဖို့ ဖြစ်နိုင်ပါ့မလားကွယ် ။

စိတ်ကူးယဉ် အချစ်တစ်ခုဆိုတာ
ကြာရင် မှုန်ဝါးသွားမယ့်
ပြဒါးသုတ် မှန်တစ်ချပ်လိုပဲတဲ့။

အနေဝေးသွားတဲ့ အချိန်တွေက
အချစ်ကို ပျက်ပြယ်စေနိုင်တယ် လို့
ဆိုကြတယ် ...

ဘာပဲဖြစ်ဖြစ် ချစ်သူရယ်
အလွမ်းပင်လယ်မှာ အလွမ်းလှေတွေနဲ့
အလွမ်းလှော်တက်ကိုင်ရင်း
လွမ်းနေ့တွေနဲ့ လွမ်းခရီးတော့
မဆက်ပါရစေနဲ့ ကွယ် ။
လွမ်းဆုလေး



No comments:

Post a Comment