Pages

Pages

9 February 2014

ပြန်လိုချင်မိတယ်

ခံစားမှုကို ဟာသလုပ်
တစ်ချိန်က ရီစရာလုပ်ခဲ့တဲ့ငါ
မင်းနဲ့ကျမှ မျက်ရည်တွေစီး
ရင်တွေလဲ နာတတ်လာတယ် ..

အချစ်ဆိုတာ ချိုနဲ့လားလို့
မေးခွန်းတွေ မနားတမ်းထုတ်တတ်တဲ့ငါ
မင်းနဲ့တွေ့မှ မရှုမလှခံစားနေရတယ် ..

အလွမ်း ဆိုတာ ဘာရောင်လဲလို့
မဆီမဆိုင် မေးတတ်တဲ့ငါ
မင်းနဲ့ဆုံမှ ရူးတတ်လာတယ် ..

တစ်ခါတစ်ခါတော့လဲ
ငါ ပြန်လိုချင်မိတယ်
တစ်ချိန်က မာနလေးကို ...

လွမ်းဆုလေး
 
 

No comments:

Post a Comment