Pages

Pages

30 May 2014

ခွင့်မပန်ပဲ မသွားပါနဲ့


တစ်ညလုံးမင်းကို စောင့်ကြည့်ခဲ့ရလို့
အခုတော့ ငါ့မျက်လုံးတွေ
အိပ်ချင်စိတ်နဲ့ လေးလံနေခဲ့ပေါ့ .
မှေးမှိတ် အိပ်ပျော်သွားတဲ့အခိုက်မှာ
မင်းကို လက်လွှတ်ဆုံးရှုံးရမှာ
စိုးကြောက်မိနေရဲ့..

မင်းကို ထိတွေ့ ဆုပ်ကိုင်ထားဖို့
ကိုယ့်လက်တွေနဲ့
ထထိုင်စမ်းသက်ခဲ့မိပေါ့ ..

အဲတာတွေဟာ အိပ်မက်တစ်ခုပဲလားလို့
ကိုယ့်ဘာသာလဲ ပြန်မေးမိရဲ့
မင်းရဲ့ ခြေအစုံကို
ငါ့နှလုံးသားနဲ့ ရစ်ပတ်ပြီး
ရင်ထဲမှာ ခိုင်မြဲစွာ
သိမ်းထားပါရစေကွယ်..

ခွင့်မပန်ပဲနဲ့ မသွားပါနဲ့လား ချစ်သူရယ် ..
Admin :lwansulay
Facebook :https://www.facebook.com/saunghnin.chitthu
အလွမ်းများရဲ့ဆောင်ပုဒ်
Website : http://lwansulay.blogspot.com/

No comments:

Post a Comment