Pages

Pages

31 May 2014

အိပ်မက်တစ်ခုသာ ဖြစ်လိုက်ပါတော့

ယုံကြည်ချင်ပေမယ့်
ယုံကြည်၍မရသော
လွမ်းဆွေးမှုတို့
ငါ့ရင်ခွင်ကို တိုက်စား
အလွမ်းကမ်းလဲ
ပြိုလုပြီ။

မေ့ပစ်ချင်ပေမယ့်
မေ့ပစ်လို့မရသော
အမှတ်ရစရာ
နွေးထွေးမှုတို့
ငါ့နှလုံးသားကိုပြုစား
အရာရာဟာ
မှောင်လုပြီ။

အတိတ်ကို
ဆွဲလက်စ ပန်းချီတစ်ခု
ဖြစ်စေချင်ပါရဲ့ ..
ပန်းချီထက်က
ဆေးအရောင်အားလုံး
ငါ ပြောင်းလိုက်မယ်..

ငါ သိသမျှ အိပ်မက်သာ
ဖြစ်စေချင်ပါရဲ့ ..
နိုးတစ်ဝက် ငါထခဲ့ရင်
အရာရာက ပျောက်ကွယ်သွားမယ် ..

ဒါပေမယ့်.....
ငါရပ်နေမိတာ အိပ်မက်မဟုတ်လေတော့
ငါ မြင်နေကြားနေသမျှ အရာရာတိုင်းကို
အိပ်မက်တစ်ခု ဖြစ်စေချင်ရုံကလွဲရင် .... 

No comments:

Post a Comment