Pages

Pages

31 May 2014

ဘ၀ကံကြမ္မာ

ကံကြမ္မာရယ် ရက်စက်လေတော့
ရင်ကိုခွဲမယ့် စကားလုံးများ
အသက်ရှင်ရက်သေအောင်ကို
ပြင်းထန်လှပါလား ....

ငါ မငိုပါဘူးလို့ အားတင်းပေမယ့်
အားမတန်တော့ မာန်ကိုလျှော့ကာ
တစ်ယောက်ထဲ ကြိတ်ငိုခဲ့ ညများ
ဘယ်သူများ သိနိုင်မှာလဲ ...

တွန်းလဲသူ ပျော်ပေမယ့်
လဲကျခဲ့သူ င့ါမှာတော့
သွေး အလိမ်းလိမ်းနဲ့ နှလုံးသား
ရင်ကွဲတာထက်တောင် ဆိုးနေသေးတယ်..

မျက်ရည်ပင်လယ်တစ်ခုနဲ့
ကြိုးပြတ်ခဲ့ လှေတစ်စင်းလို
မျှောချင်ရာမျှော ငါနေပစ်ချင်ပေမယ့်
မဖြစ်သင့်ဘူးလို့ ပြောနေတဲ့ အသိတရားကြောင့်
အတွေးတွေ ရှုပ်ယှက်ခတ်
ရူးလောက်အောင် ပင်ပန်းတယ်...

No comments:

Post a Comment