Pages

Pages

30 May 2014

ခွင့်

ပျော်စရာကဗျာတစ်ခုကို ဖန်တီး
အတွေးလှလှတွေနဲ့ ငါရေးဖွဲ့တိုင်း
အလွမ်းတွေသာ နေရာယူခဲ့တာမို့
အလွမ်းကဗျာတွေသာ ဖြစ်ခဲ့တယ်။

အပြစ်မရှိသူ ရင်ကိုခွဲ
အသက်ကိုတောင် အလေးနက်မထား
နင် မို့လို့ လုပ်ရက်တယ်။

နင် မရှိတဲ့နေရာ နင်မရှိတဲ့ကမ္ဘာ
နင် နဲ့ဝေးပြီးမနေနိုင်ခဲ့တဲ့ ငါ့အတွက်
ဒီဘ၀မှ ဆုံစည်းဖို့ မဖြစ်နိုင်တော့ဘူး
ငါ နားလည်ပေမယ့် ငါတို့ကြားမှာ
ဝေးကွာခြင်းစည်းတစ်ခု ခြားခဲ့ပြီ။

ငါ့ကို ထွက်သွားခွင့်မပေးနိုင်ပေမယ့်
ငါ ထွက်သွားရတော့မယ်..
မသေချာတဲ့ အဆုံးသတ်တစ်ခုမှာ
ငါ့ အိပ်မက်တွေပျက်စီး
ရင်ကွဲမီးတွေနဲ့ မျက်ရည်ပင်လယ်ဖြစ်ခဲ့တယ်။

နင်ပျော်ဖို့အတွက်ဆို
အရာရာပေးဆပ်ရဲပေမယ့်
အနေဝေးတဲ့ ငါတို့အဖြစ်တွေကြောင့်
ရင်ကွဲတမ်းချင်းတစ်ခုနဲ့
ငါ ထွက်သွားဖို့ ခွင့်တောင်းလိုက်ပါတယ်.. ။

လွမ်းဆုလေး

No comments:

Post a Comment