Pages

Pages

31 May 2014

ရိုးသားခြင်း

ရိုးသားခြင်း လက်တစ်စုံနဲ့
မင်းဆီကို လှမ်း
ငါ့အနာဂတ်တွေအတွက် တောင်းခဲ့တာပါ။

ငါမမြင်တဲ့ မင်းနောက်ကျောဆီက
အမုန်းတရား အာဃာတတွေ
တစ်ဟုန်းဟုန်းလောင်ကျွမ်း
ငါ့ကိုယ်တောင် ပြာကျစေလို့
မင်းရဲ့သွေးဆာမှုအောက်
လည်စင်းစေခဲ့တယ်။

တစ်ခုပဲ တောင်းဆိုချင်ပါရဲ့
ငါချစ်တဲ့ မင်းဆီက
ဟန်ဆောင် သနားကြင်နာမှုလေးနဲ့
အနမ်းလေးတစ်ခု ရခဲ့မယ်ဆိုရင်
မင်းရဲ့ ၀ှက်ဖဲဖြစ်တဲ့ သေဒဏ်ဆိုတာကို
ငါ ပန်းနဲ့ပစ်လိုက်သလိုမျိုး
ပြုံးပြုံးကြီးနဲ့ ခံယူလိုက်မှာပါဟာ..။

လွမ်းဆုလေး

 

No comments:

Post a Comment