Pages

Pages

21 June 2014

မောင့်အတွက်ဆိုရင် ..

ရင်ထဲနွမ်းကြေ
လန်းမနေသော်လည်း
မောင်နားခိုဖို့
အရိပ်လေးတော့ ဖြစ်ပါရစေ။

နှလုံးကန္တာရဆီက
ပူလောင်မှုကို ဥပက္ခာထား
မောင်သွားမယ့်ခရီးမှာ
လမ်းကလေးတော့ ဖြစ်ပါရစေ။

ဟန်မဆောင်နိုင်
ညှိုးနွမ်းနေလဲ
မောင်အားမငယ်စေဖို့
အပြုံးတစ်ခုတော့ ပေးနိုင်ပါရစေ။

ဘ၀တစ်ခုလုံး
ဒုန်းဒုန်းကျလဲ
အစထဲက သုညပဲမို့
တန်ဖိုးရှိသူ မောင့်နောက်ဆီမှာ
သုညတစ်လုံး ထပ်တိုးပေးရင်း
အဆုံးနိဂုံး ချုပ်ပါရစေ။

  လွမ်းဆုလေး



Photo: ရင်ထဲနွမ်းကြေ 
လန်းမနေသော်လည်း
မောင်နားခိုဖို့ 
အရိပ်လေးတော့ ဖြစ်ပါရစေ။

နှလုံးကန္တာရဆီက 
ပူလောင်မှုကို ဥပက္ခာထား
မောင်သွားမယ့်ခရီးမှာ 
လမ်းကလေးတော့ ဖြစ်ပါရစေ။

ဟန်မဆောင်နိုင် 
ညှိုးနွမ်းနေလဲ 
မောင်အားမငယ်စေဖို့
အပြုံးတစ်ခုတော့ ပေးနိုင်ပါရစေ။

ဘ၀တစ်ခုလုံး 
ဒုန်းဒုန်းကျလဲ
အစထဲက သုညပဲမို့
တန်ဖိုးရှိသူ မောင့်နောက်ဆီမှာ 
သုညတစ်လုံး ထပ်တိုးပေးရင်း 
အဆုံးနိဂုံး ချုပ်ပါရစေ။ 

  လွမ်းဆုလေး 

Admin - Lwan Su Lay
facebook - https://www.facebook.com/saunghnin.chitthu
website - http://lwansulay.blogspot.com/ 
(အလွမ်းများရဲ့ဆောင်ပုဒ်)
http://lwansaung.blogspot.com/ 
(လွမ်းဆုလေး)

No comments:

Post a Comment