Pages

Pages

21 June 2014

သင်နှင့်ကျမှ ရှုံးခဲ့သူ.....



မာနသခင် အသဲစားဘုရင်လို့  ဂုဏ်တင်လို့ထား
ငါ့နှလုံးသားက  မာကျောနေခဲ့   ပြုပြင်မရ
သိမ်းမရနှင့် ထိန်းချုပ်ကင်းမဲ့ ကားတစ်စင်းပမာ
ဝင်ချင်ရာဝင် တိုက်ချင်ရာတိုက်

တဒုန်းဒုန်း တ၀ုန်းဝုန်းနှင့် သောင်းကျန်းနေဆဲ
မာန်ဝင့်ဆဲဝယ် သင်၏မှတ်တိုင် အချစ်ဂိတ်၌
ထိုးရပ်လို့သွား  င့ါနှလုံးသားက နူးညံ့သွားခဲ့
ယုန်ငယ်ပမာ အစွယ်မာန်ကျိုး အားငယ်တတ်ခဲ့
ကမ်းလှမ်းချင်မိ သင့်လက်တစ်စုံအား

မျှော်လင့်မိစဉ် သင်ကျောခိုင်းသွား နောက်ပါးဆီမှ
ရင်တွင်းသိုသိပ် အံကိုကြိတ်ကာ အသံတိတ်ငိုမိသည်
သင်နှင့်ကျမှ ရှုံးခဲ့ပြီဟု ... ။

လွမ်းဆုလေး 

No comments:

Post a Comment