Pages

Pages

21 June 2014

မတူညီမှု

ပြီးဆုံးခဲ့ အတိတ်ကိုပြန်တွေး
အချိန်တွေ ပြန်ပေးပါလို့
နောင်တ တွေနဲ့
မတောင်းဆိုချင်ဘူး ။


အတိတ်ဆိုတာ
ငါ့ဘ၀ရဲ့ မှတ်တမ်း
ငါ့ဘ၀ရဲ့ သမိုင်းကို
ထိန်းသိမ်းထားတဲ့ ပြတိုက်လေ။

ရောက်မလာသေးတဲ့
အနာဂတ်ရဲ့ နာရီများစွာထဲက
ငါဘာလုပ်ပစ်မယ်လို့လဲ
စိတ်ကူးတွေယဉ်
အချိန်တွေ ကုန်အောင်လဲ
ငါ မရူးမိုက်ချင်ဘူး ။

အနာဂတ်ရဲ့ အချိန်တွေက
ငါ့ ရဲ့ ဒိုင်ယာရီ မှတ်တမ်းကို
စက္ကန့်တိုင်း ရေးဆွဲနေလိမ့်မယ်။

လက်ရှိရပ်တည်နေတဲ့
ပစ္စုပ္ပာန်ကိုပဲ
အကျိုးရှိအောင်သုံးရင်း
အတိတ်နဲ့ အနာဂတ်အတွက်
မှတ်တမ်းကောင်းတွေ
ထားရစ်ချင်တယ်။

တစ်ခု ရှိတာက
ရောက်မလာသေးတဲ့ အနာဂတ်ကို
ရန်လုပ် အတင်းပြောပြီး
ဝေဖန်တဲ့လူ မရှိပေမယ့်
ကုန်လွန်ခဲ့ အတိတ်ကိုတော့
ရာဇ၀င်မှာ သမိုင်းအဖြစ်
ပြောရစ်ကြလိမ့်မယ်။

ဒါ အတိတ်နဲ့ အနာဂတ်ရဲ့
မတူညီတဲ့ အရာပါပဲ။

လွမ်းဆုလေး

No comments:

Post a Comment