Pages

Pages

3 July 2014

ပုဝါပါးလေး ခြားမိတယ်


ချစ်ခွင့်သ၀ဏ်လွှာ
သူတင်သော်လည်း
ချက်ချင်းပျော့မရ
ထိန်းမာနကြောင့်

သူလဲချစ်ခင်
ပျိုလဲချစ်ခင်
စိတ်ချင်းနွယ်ယှက်
သိနေကြလဲ
နှုတ်မှဖွင့်ဟ
ဝန်မခံရဲပါ။

ပျိုတို့ဇာတ်လမ်း
ဘယ်ချိန်ကျမှ
ထပ်တူကျမလဲ
တွေးရင်းရင်မော
မရေရာတဲ့
အချိန်တစ်ချို့ကို
မေးမိပါရဲ့။

သူ့အတွက်ဆိုလျှင်
ပျိုရင်ခွင်က
တံခါးဖွင့်ထား
ကြိုဆိုတမှု
ပြုပါသော်ငြား

တားမြစ်သိက္ခာ
က္ကနြေ္ဒတို့ကြောင့်
သူနဲ့ပျိုကြား
ပုဝါပါးလေး
ခြားမိတယ်။

ပျိုနှစ်သက်သူ
လုလင်မောင်ရဲ့
ပုဝါကိုဖွင့်
ချစ်ခွင့်ဆင်မယ့်နေ့ကို
ရင်တထိတ်ထိတ်စောင့်
ကုန်ဆုံးနေ စက္ကန့်တိုင်းမှာ
မျှော်လင့်နေရသူပါကွယ်။

လွမ်းဆုလေး
 
 

No comments:

Post a Comment