Pages

Pages

5 August 2014

မျက်ရည်တစ်စက်၏ တန်ဖိုး


ဝမ်းနည်းတဲ့ခါ သက်သာစေဖို့
မျက်ရည်စတွေက အဖော်ပြုတယ်။
ဝမ်းသာတဲ့ခါ ပျော်စေဖို့
မျက်ရည်စတွေက ဂုဏ်ပြုတယ်။

နာကျည်းတဲ့ခါ ရွှင်လန်းစေဖို့
မျက်ရည်စတွေက လမ်းပြတယ်။
ကြေကွဲတဲ့ခါ ပြုံးနိုင်ဖို့
မျက်ရည်စတွေကပဲ ရယ်ပြပြန်တယ်။

အရှုံးအတွက် ဖြစ်ဖြစ်
အမုန်းအတွက်ဖြစ်ဖြစ်
မျက်ရည်တွေက သူငယ်ချင်းကောင်းအဖြစ်
ရပ်တည်ပေးတယ်။

အချစ်အတွက် ဖြစ်ဖြစ်
မေတ္တာ အတွက်ဖြစ်ဖြစ်
မျက်ရည်စတွေက ကြည်နူးစေတယ်။

ဘာမှ မရှိတော့လို့ လမ်းပျောက်နေတဲ့
လူတစ်ယောက်အတွက်လဲ
တိုးတက်စေဖို့ မျက်ရည်စတွေက
ခွန်အားဖြစ်စေတယ်။

လွမ်းဆုလေး

No comments:

Post a Comment