Pages

Pages

24 August 2014

ချစ်သူ သိပါစေကွယ်

 
ကိုယ့်ရင်မှာ မနေချင်လို့
ထွက်သွားပေမယ့်
အပြစ်မမြင်ရက်ပါဘူးချစ်သူ ...
အပြင်လောကကြီးမှာ
ချစ်သူလည်း ပျံသန်းချင်အုံးမှာပေါ့။
ကွေ့ကောက်သာယာတဲ့
လူတွေကြားမှာ
အတုအယောင်တွေကို
သတိထားပါ ချစ်သူရယ်...
ချစ်သူ စွန့်ခွာခဲ့ပေမယ့်
အပြစ်မမြင်တဲ့  ကိုယ့်ရင်ခွင်က
အပန်းဖြေနားခိုဖို့
သစ်ပင်တစ်ပင်လို
ရှိနေအုံးမှာပါ။
တစ်နေ့ ...
ချစ်သူအတွက် လိုအပ်လာတဲ့
တစ်နေ့မှာ ကိုယ့် ဆီလှမ်းခဲ့ပါ..
ကိုယ့်ရင်ခွင်က ချစ်သူအတွက်
အမြဲတံခါးဖွင့် ထားပါတယ်။

No comments:

Post a Comment