Pages

Pages

24 August 2014

(၀ဋ် လည် မယ် )



ငါ့ရှေ့မှာ ဒူးထောက် 
ငါ့အချစ်တွေကို တောင်းခံ 
အချစ်တွေကို ရလေမှ
sorry ပါ စကားတစ်ခွန်းနဲ့ 
စွန့်ခွာပစ်တာလား .... 

ငါ့ အချစ်တွေက
နင်လိုရင် ဆက် 
မလိုရင် ဖြတ်ပစ်ရအောင် 
ငါ့နှလုံးသားက 
အင်တာနက်လိုင်းမှ မဟုတ်ခဲ့ပဲ ... 

လာချင်ရင်လာ 
မလာချင် ပစ် 
နင် ထားရာနေ 
နင် စေရာသွားဖို့ 
ငါ့ နှလုံးသားကို လမ်းခင်း
မင်း ရက်စက်ဖို့ 
စတေးခဲ့တာမှ မဟုတ်တာ ... 

အောင်နိုင်သူ တစ်ယောက်လို မင်းပြုံး 
အမုန်းမျက်လုံးများနဲ့ 
ငါ့ ကိုလှောင်ရယ်နေမယ့် အစား 
ငါ့ မျက်ဝန်းကို သေချာကြည့် 
မင်း ဘာသာပြန် ဖတ်ကြည့်စမ်းပါ .. 

မင်း အတွက် ငါပေးနိုင်တာ 
စကားသုံးခွန်းပဲ ရှိတယ် 
တစ်နေ့မှာ ...

" ၀ဋ် လည် မယ် " .... ။

လွမ်းဆုလေး

No comments:

Post a Comment