Pages

Pages

24 August 2014

ဆူးမဲ့နှင်းဆီ



နှင်းဆီပန်းဟာ 
ဆူးတွေဝန်းရံခထားတဲ့ 
မာနခပ်ကြီးကြီး ပန်းတစ်ပွင့်တဲ့။

အမှန်တော့ မဟုတ်ရပါဘူးကွယ်
မလိုတမာသူတွေ အတင်းဝင်ခူး
ရန်ပြုခြင်းကင်းအောင်လို့ 
ဆူးတံတိုင်းလေး ကာထားမိရုံပါ။

နှင်းဆီပန်းဟာ 
ရနံ့လဲမွှေး 
အလှမှာလဲ ဘုရင်တစ်ပါးမို့
တော်ရုံလူ မမှန်းရဲဘူးတဲ့။

တကယ်တော့ မဟုတ်ရပါဘူးကွယ်
ပန်းသတင်းလေညှင်းဆောင်တာမို့
လူအများ စိတ်အေးချမ်းလေအောင် 
ရနံ့သင်းလေး ပေးမိရုံပါ။

နှင်းဆီပန်း ဟာ 
ပင်ယံထက်မှာ ရဲရဲဝင့် 
မာန်စွင့်ကာ ပွင့်နေတာမို့ 
ခူးခြွေဖို့ မလှမ်းဝင့်ပါဘူးတဲ့။

လက်တွေ့မှာတော့ မဟုတ်ရပါဘူးကွယ်
ပန်းတစ်ပွင့်နဲ့ ထိုက်တန်သည့်တန်ဖိုး
တန်ကြေးနဲ့ တူညီသူက 
လှမ်း ၀င့်ပါတယ်။

နှင်းဆီပန်း ကို မချစ်တတ်သူများ 
အတင်းဝင်ခူး ဆူးလေးများ စူးမိရင် 
အပွင့်ကိုလှမ်း ညှာတံဖမ်းလို့ 
ပွင့်လွှာကို တစ်လွှာချင်းခွာ
ပန်းဘ၀ အလှပျက်အောင် 
ဖျက်ဆီးကြတယ်။ 

ကျွန်မ ဘ၀ ကျွန်မ အလှဟာ 
မာန်ဝင့်တဲ့နှင်းဆီ တစ်ပွင့်အသွင် 
ဖြစ်ခဲ့ပေမယ့် 
မောင့်ရဲ့ဘ၀ မောင့်ရဲ့ ကမ္ဘာမှာတော့ 
ကျွန်မဟာ... 

ဆူးမဲ့နှင်းဆီ တစ်ပွင့်ပါပဲ။

လွမ်းဆုလေး

No comments:

Post a Comment