Pages

Pages

5 August 2014

ပန်းရိုင်းတစ်ပွင့်၏ နိဒါန်း


မရွှင်သာဒီအသဲ
ဘယ်သူမှလဲ သိမည်မထင်ပါ။

စိတ်သောကတိုက်စားရာ ကမ်းပါးဆီက
တစ်မြေ့မြ့ကုန်ဆုံး 
ကျောက်ဆောင်ကြီး တစ်ခုလုံးတောင်
မြေခ ခဲ့ပေါ့ ။

ငါ့နှလုံးသား ကျောက်တောင်ကြီးမှာ
ခြ စားရာ ပရပွနဲ့
စကာပေါက်လို အပေါက်ငယ်များ
ခြေချ စရာမရှိအောင်  ဖြစ်နေခဲ့

ပြေးလေ နီးလေ
ရုန်းလေ နစ်လေ
ဖြေလေ ရစ်လေနဲ့
ကံတရားရဲ့ ၀င်္ကပါတောမှာ
အလဲလဲ အကွဲကွဲ
သွေးတွေလဲ ရဲခဲ့ပြီ။

နာကျ င်သော်လဲ မညည်းရဲ
အားကုန်နေလဲ မပြောရဲ
ပင်ပန်းနေလဲ မနားရဲ
အရုပ်ကြိုး ပြတ် ဖြစ်နေလဲ 
မအိပ်ရဲခဲ့ပါ။

ဖြေစရာ စကားလုံးတောင် မရှိ
ပြောစရာ စကားတွေလဲ မရှိ
အားပေးစရာ စကားတွေလဲ မရှိ
ကြေကွဲစရာ ဇာတ်လမ်းတစ်ချို့ နဲ့
လေငင်ရာ နေရာဘက်ကို
တရွေ့ရွေ့တိုး 
တိုးရင်းနဲ့ ခရီးဆက်ခဲ့မိသူ ငါ ...။

               လွမ်းဆုလေး

No comments:

Post a Comment