Pages

Pages

5 August 2014

HUAWEI EMMC လဲခြင်း

 
credit to-foneclub

Huawei C8812 ပြုတ်ကျခြင်း၊ ရေ၀င်ခြင်းမရှိဘဲ အလိုအလျောက် Power သေပြီး Power Supply နှင့်ချိတ်၍ Power ခလုတ်နှိပ်လိုက်လျှင် 40mA တွင် ရပ်နေလျှင် EMMC IC ကြောင့်ဖြစ်သည်။ EMMC လဲရမည်သိလျက်နှင့် မည်သို့လဲရမည်ကို မသိသေးသူများအတွက် ဤ Post အား တင်ပေးလိုက်ပါသည်။က

Step-1 ၀ါဂွမ်းကို BGA ကော်ချွတ်ဆေးစွတ်၍ EMMC ကို ထိထိမိမိ ဖုံးအုပ်ထားပါ။ ပြီးလျှင် Circuit အား Zip အိတ်ဖြင့် မိနစ်(၂၀)ခန့် လေလုံအောင်ပိတ်ထားပါ။

Step-2 EMMC ဘေးကပ်လျက်တွင် CPU ရှိသည်။ EMMC ဖြုတ်နေချိန်တွင် CPU ခဲလွတ်သွားနိုင်သည်။ ထို့ကြောင့် ၀ါဂွမ်းကို ရေစွတ်၍ CPU ပေါ်တွင် ဖုံးအုပ်ထားပါ။ (သံပြားနှင့်ဖုံးအုပ်ထားလျှင် စိတ်မချရ၍ ၀ါဂွမ်းကို ရေစွတ်သုံးရခြင်းဖြစ်သည်။)

Step-3 အပူချိန်ကို 370 (လေမှုတ်Gun တစ်လုံးနှင့်တစ်လုံး အပူချိန်မတူပါ၊ ခဲပျော်မှတ်ရောက်သည်အထိ ချိန်ညှိပါ၊) လေကို 5,6 လောက်ထားပါ။

Step-4 EMMC ပတ်ဝန်းကျင်က Componentများ ခဲပျော်၊မပျော် ဇာဂနာနှင့် စမ်းကြည့်ပါ။ ခဲပျော်လျှင် EMMCကို စတင်ခွာလို့ရပါပြီ။ ခွာသောအချိန်တွင် ပုံပါ No.23ဓါးဖြင့် IC နှင့် Circuit ကြားသို့ ထိုးထည့်ပြီး ဖြည်းညှင်းစွာ ကလန့်ပါ။ ကလန့်သောအချိန်တွင် စိတ်ရှည်ရပါမည်။ တစ်နေရာတည်းကို မကလန့်ပါနှင့်။ အထက်၊အောက် မျှ၍ ကလန့်ပေးပါ။

Step-5 EMMC ခွာပြီးလျှင် Circuit ပေါ်ရှိ ငုတ်များပြုတ်နေတတ်သည်။ထိုငုတ်များသည် အလုပ်လုပ်သော ငုတ်များ ဟုတ်၊မဟုတ် မှန်ဘီလူးဖြင့် အကြမ်းဖျင်း စစ်ဆေးနိုင်ပါသည်။ အလုပ်လုပ်သောငုတ်များ မဟုတ်လျှင် EMMC IC အသစ်တစ်လုံး လဲလှယ်ပေးပါ။

အားလုံးအောင်မြင်ကြပါစေ။ ကျေးဇူးတင်ပါသည်။






နည်းပညာများစာပေးဖတ်တတ်သူများကတော့ www.lwansulay.com ကိုသွားနိုင်လေ့လာနိုင်ပါတယ်
ဇာတ်များကိုအသစ်တင်တိုင်းကြည့်ချင်တယ်ဆိုရင် page လေးကိုသွားရောက်ပြီး Like ထားလိုက်ပါ
အသစ်တင်တိုင်း အော်တို့ ရောက်စေမှာပါ..အားလုံးအဆင်ပြေပါတယ်။။

No comments:

Post a Comment