Pages

Pages

31 December 2013

မင်း ပျော်ရွှင်နိုင်ပါစေ

ငါ့အချစ်တွေကို ခါချငါ့ထက်ချစ်တဲ့သူနဲ့ 
နင်တွေ့နိုင်ပါတယ်။

ငါ့နွေးထွေးမှုကို ပစ်ချ 
အခြားတစ်ယောက်ရဲ့ရင်ငွေ့နဲ့ 
နင် နွေးနိုင်ပါတယ် ။

ငါ့ လွမ်းဆွေးမှုကို ဘေးဖယ် 
အခြားသောသူရဲ့ အလွမ်းတွေနဲ့ 
နင် ပျော်မြုးနိုင်ပါတယ် ချစ်သူရယ် .... 

ဒါပေမယ့် .....
အဲဒီရင်ခွင်က ငါ မဟုတ်ဘူး 
အဲအချစ်က ငါ့ အချစ်လို မဖြစ်နိုင်ဘူး 
အဲဒီက နွေးထွေးမှုက ငါ့ထက်မသာနိုင်ဘူး 
သူရဲ့ လွမ်းဆွေးမှုက ငါ့ကို မမီနိုင်ပါဘူး ။ 

ငါ့ထက်ပိုချစ်နိုင်သူ 
ဒီလောကမှာ ရှိချင်ရှိမှာပါ 
ဒါပေမယ့် အဲလူဟာ ငါ မဟုတ်ဘူး ဆိုတာတော့ 
နင်သတိရပေးပါ။ 

ငါ့ရင်ကို ခြေစုံကန် နင်ထွက်ချင်သလိုထွက်နိုင်ပေမယ့်
နင့်ကိုချစ်တဲ့ ငါက နာကျင်အောင်လုပ်မှာ မဟုတ်ပါဘူး 
နင် ပျော်ချင်တာကိုမြင်ချင်သူပါ။ 

ငါ မဟုတ်တဲ့ အခြားတစ်ယောက်ရင်ခွင်ထဲမှာ သာ 
..............................

မင်း ပျော်ရွှင်နိုင်ပါစေ ချစ်သူရယ် ... 
လွမ်းဆုလေး
fb ကိုသွားချင်ရင် ဒီမှာ သွားလိုက်နော်

No comments:

Post a Comment