Pages

Pages

31 December 2013

မျက်ရည်ဆိုတာ

ငါ အရှုံးပေးမှန်းသိလို့ ခံစားရစေ 
စွဲချက်တစ်ခု မင်း ထားခဲ့တာ 
မွန်းကျပ်နေတဲ့ ဒီရင်အတွက် 
ငါ ဘယ်လို အင်အားနဲ့ ထိန်းချုပ်ရမှာလဲ ... 

တိုင်တစ်ခုမှာ စူးနစ်နေတဲ့ သံတစ်ချောင်းလို 
အသဲပေါက်သမျှ ချစ်ခဲ့ကြတာပါ 
ညနေဆည်းဆာ ငှက်ကလေးတွေ အိပ်တန်းဝင်တိုင်း
ငါတို့ လွမ်းခဲ့ရတာပါ 
ဒါတွေကို သတိရတိုင်း ငါ ရူးသွပ်ချင်ခဲ့တယ် ... 

အရမ်းချစ်လို့ မင်းအချစ်တွေကြားမှာ 
နစ်မွန်းခဲ့တဲ့ငါပါ...
နင်ပြောသမျှ ငါ လိုက်ယိမ်းကလို့ 
သိပ်ချစ်ခဲ့တဲ့ ငါ့အချစ်တွေက 
တစ်ခါတစ်ရံ သ၀န်တိုတတ်တာ ဆန်းရဲ့လား ဟာ.... 

နာကျင်မှုတွေကို လူသိအောင် မကြေညာပြတတ်လို့
နင် သင်္ခန်းစာတွေ တစ်ခုပြီးတစ်ခု ပေးနေခဲ့တာလား

ချစ်ရက်နဲ့ လက်ပြရမယ့်အဖြစ်မျိုး 
ငါ မလိုချင်ခဲ့တာ တကယ်ပါ...

တကယ်တော့ ချစ်သူရယ် ... 
မင်းမမြင်ခဲ့တဲ့ မင်းနောက်ကွယ်က 
ငိုကြွေးနေတဲ့ ငါ့နှလုံးသားက တိုးတိုးလေး ပြောပြနေခဲ့တယ် 

မျက်ရည်ဆိုတာ အသံမထွက်တဲ့ ကြေကွဲခြင်း တစ်ခုပါ လို့ ..... ။ 
လွမ်းဆုလေး

No comments:

Post a Comment