Pages

Pages

4 December 2013

ငါ စောင့်နေမိတယ်

ဒီဇင်ဘာလေးရက်
ဒီတစ်သက် မမေ့နိုင်တဲ့နေ့စွဲ
မနက်ဖြန်ရဲ့ မနက်သုံးနာရီ
ငါ့ သွေးခုန်နှုန်းတွေ ရပ်တန့်နေမယ့်အချိန်ပေါ့။

ငါ အရမ်းကြောက်တဲ့ ဒီနေ့စွဲကို
တီဗွီဖန်သားပြင်က ကိုယ်မကြိုက်တဲ့အခန်း
ကွန်ထိုးနဲ့ ကျော်ပစ်လို့ရရင်ကောင်းမှာ..

ရင်မဆိုင်နိုင်တဲ့ ဒီနေ့ရက်က
ငါ့ရင်မှာ အပြင်းထန်ဆုံး မှိုင်းတစ်လုံး
စနက်တံဖြုတ်ပြီး ပစ်ချထားသလိုပဲ
ဘယ်ချိန်ပေါက်ကွဲလာမယ်မသိဘူး။

ငါကြောက်တဲ့ မနက်သုံးနာရီကို
ဘယ်လို အင်အားနဲ့ စခန်းသွားရမလဲ
ငါ မတွေးတတ်တော့လို့
တရှပ်ရှပ်မြည်နေတဲ့ ဒီနာရီလက်သံတွေကိုပဲ
မျက်တောင်တဖျတ်ဖျတ်ခတ်ရင်းနဲ့
ငါ စောင့်နေမိတယ်ဟာ ...။

No comments:

Post a Comment