Pages

Pages

4 December 2013

ရှုံးနေခဲ့ပြီးသား


 
ပြိုင်ပွဲတစ်ခုတဲ့လား
ဒိုင်လူကြီးလဲမရှိ ၀ီစကီအသံလဲ မကြား
တာလွှတ်သူလဲမပါ အားပေးသူမရှိတဲ့
ဒီပြိုင်ပွဲမှာ အရှုံးကြီးနဲ့ ငါရှုံးခဲ့တာလား။

မာယာများတယ်ဆိုတဲ့ဒီလောကကြီးကိုမှ
အံတင်းကာဝင်ပြိုင်မိခဲ့တော့
မာန်လျှော့ကာ ငါရပ်နေမိပါရဲ့

ပြေးလမ်းရဲ့တစ်ဖက်မှာ ငါ့ကိုအားပေးမယ့်သူ
နှစ်သိမ့်မယ်သူမရှိသလို
လမ်းခုလတ်မှာ ငါလဲကျရင်လဲ
ထူမဲ့သူမရှိပါဘူး ။

တကယ်တော့ ....
ဒီပြိုင်ပွဲမစခင်ထဲက
ငါက ရှုံးနေခဲ့ပြီးသားသူပါဟာ....

လွမ်းဆုလေး

No comments:

Post a Comment