Pages

Pages

26 January 2014

မျက်နှာ

ငါ့အပြုံးတွေနောက်မှာ
ကြေကွဲနေတဲ့ နှုတ်ခမ်းတစ်စုံရှိနေခဲ့တယ် ....

ငါ့ မျက်ဝန်းတွေနောက်မှာ
တားကျိုးလုလု မျက်ရည်မြစ်ကြီးတစ်ခုရှိတယ် ...

ငါ့ လှပတဲ့မျက်နှာနောက်မှာ
ငိုကြွေးနေတဲ့ မျက်နှာတစ်ခုရှိတယ် ...

ငါ့ ပျော်ရွှင်စရာ စကားတွေနောက်မှာ
နာကျင်နေတဲ့ စကားလုံးတွေရှိတယ် ...

အားပေးနှစ်သိမ့်နေတဲ့ နွေးထွေးမှုနောက်မှာ
ပျက်စီးနေတဲ့ နှလုံးသားတစ်စုံရှိတယ် ...

နင် .....
ငါ့မျက်နှာထက်က အပြုံးတွေကို
စာဖတ်ပြီး မကြည့်တတ်ခဲ့လို့
ဒီမျက်နှာနောက်က ၀မ်းနည်းနေမှုကို
သိမှ မသိခဲ့ပဲ....

ငါ ...
ဖြစ်နိုင်ရင် နင် မြင်အောင်
ငါ့မျက်နှာတွေကို အလွှာလိုက်ခွာချ
ပြပစ်လိုက်ချင်တယ် .....

လွမ်းဆုလေး


No comments:

Post a Comment