Pages

Pages

26 January 2014

ငါပိုင်တဲ့နှလုံးသားတစ်ခြမ်းမှာတော့

ငိုနေတဲ့ နှလုံးသားက
ငါ့ရင်ထဲတစ်နေရာမှာမို့များ
မမြင်ခဲ့လေရော့သလား ....

နာကျင်စွာအော်ဟစ်နေတဲ့
ရင်ခွင် အခန်းငယ်ထဲက
ခံစားမှုတွေကို မကြားရလို့များ
လျစ်လျူရှုခဲ့လေသလား.....

မွန်းကျပ်စွာ ဆို့နင့်နေတဲ့
ကြေကွဲမှုတွေကို ထုတ်မပြခဲ့လို့
စိတ်ချင်းညီစွာ မတိုက်ကြည့်ခဲ့လေသလား ...

ငါ့ဘ၀ ငါ့ပုံရိပ် ငါ့အသက်တွေက
မင်း အနားမှာထပ်တူရှိနေခဲ့ပေမယ့်
ငါ နာကျင်ချိန်တိုင်း မင်းမသိခဲ့ဘူး ....
ငါ ငိုကြွေးချိန်တိုင်း မင်း မကြားခဲ့ဘူး ...
ငါ တမ်းတချိန်တိုင်း မင်း မရှိခဲ့ဘူး နော် .....

ငါတို့နှစ်ယောက် တစ်စိတ်ထဲနဲ့
နှစ်ယောက်ပေါင်းမှ အသဲတစ်ခုဖြစ်ခဲ့တာပါ
မင်းတစ်ဝက် ငါ တစ်ဝက်ပိုင်တဲ့
ဒီအသဲပေါ်မှာ မင်း ကိုယ်တိုင်မဟုတ်ပဲ
ပုံရိပ်တစ်ခုသာ ထားခဲ့လေသလား ချစ်သူရယ် .....

မင်း နဲ့ ငါ က
နှလုံးသားတစ်ခုကို တစ်ခြမ်းစီ ပိုင်ပြီး
ဆက်ထားကြတဲ့ ချစ်သူတွေပါ
မင်း ဘက်က ဘယ်လိုပဲဖြစ်ဖြစ်

ငါ....

ငါပိုင်တဲ့နှလုံးသားတစ်ခြမ်းမှာတော့
ငါ့အလွမ်း ငါ့အချစ်တွေနဲ့ အတူ
ငါ့အသက်တွေပါ ပုံချထားပါတယ် ....
လွမ်းဆုလေး


No comments:

Post a Comment