Pages

Pages

9 February 2014

ဘယ်လိုပြောပြရမှာလဲ

သူ့ကိုချစ်တဲ့ အချစ်တွေ မေတ္တာတွေကို
ရင်ထဲတစ်နေရာမှာ သိမ်းစု
သူ့ရင်ခွင်ရိပ် နားခိုကာ
တယုတယ ပြောပြချင်ပေမယ့်
အနေရယ်ဝေးခဲ့တာကြောင့်
မျိုသိပ်ထားလိုက်မိပါတယ်..

သူ့ကိုလွမ်းဆွတ်တဲ့အကြောင်းတွေကို
နှလုံးသားမှာ သိမ်းထားတဲ့အကြောင်း
သူ့ပုခုံးထက်မှီကာ ပြောပြချင်ပေမယ့်
ရေမြေတွေခြားနေတာကြောင့်
သိမ်းဆည်းထားလိုက်ပါတယ် ...

သူ့ကိုဘာလို့ချစ်တဲ့အကြောင်း
သူ့မျက်နှာငေးကာ ပြောပြချင်ပေမယ့်
မဖြစ်နိုင်သေးတာမို့
ရင်ထဲမှာပဲ သိမ်းထားလိုက်ပါတယ် ..

တစ်နေ့ကျရင်
သူ့ရင်ခွင်ထက်မှာ
သူ့ပခုံးထက်ခေါင်းလေးမှီ
သူ့ အကြင်နာတွေအောက်မှာ
သူ့ကို မြတ်နိုးမိတဲ့အကြောင်း
ပြောပြခွင့် ရနိုင်မယ်လို့
ယုံကြည်နေတယ် ... 
 
 

No comments:

Post a Comment