Pages

Pages

9 February 2014

မင်းမရှိရင်

ထွက်သွားပါ.. ရပါတယ်... ဆိုတဲ့ စကားလုံးနောက်မှာ
မသွားပါနဲ့ဆိုတဲ့ တားမြစ်ခြင်းတွေ ကြီးစိုးနေတယ်..

လမ်းခွဲမယ်ဆိုတဲံ စကားလုံးနောက်မှာ
ရှိနေပေးပါဆိုတဲ့ တားဆီးမှုတို့ ရှိနေတယ်...

အရမ်းမုန်းတယ်ဆိုတဲ့ စကားလုံးနောက်မှာ
အရမ်းချစ်တယ်ချစ်သူရယ်လို့ ပြောနေမိတယ်..

မတွေ့ချင်ဘူးလို့ အော်ဟစ်နေတဲ့ နောက်ကွယ်မှာ
ထွက်မသွားပါနဲ့လို့ တားဆီးခြင်းတွေ ရှိနေတယ်..

မင်းမရှိလို့ ဘာမှမဖြစ်သွားဘူးဆိုတဲ့နောက်မှာ
အရာရာဟာ သေဆုံးနေပြီးသား ဖြစ်နေခဲ့တယ် ..

လွမ်းဆုလေး


No comments:

Post a Comment