Pages

Pages

31 May 2014

မရိုးသားမှု

မင်းနဲ့ငါက အဝေးကြီးဝေးတဲ့သူတွေထက်
အတိုင်းမဆမရှိတဲ့ ဝေးခြင်းနဲ့ ဝေးနေကြရတယ်။

ငါ့ကို လိမ်ညာခဲ့တာလားလို့ ငါ မမေးရက်ပေမယ့်
မုသားဖြူဖြူလေးနဲ့ ငါ့နှလုံးသားကို ဆွဲနုတ်ခဲ့တာတော့
မင်းနဲ့ငါသာ သိကြတဲ့အရာလေ။

မင်း အချစ်တွေကို ဟန်ဆောင်ဖုံးကွယ်ထားတာပါလို့
ငါ မပြောလိုပါဘူး ....
ဒါပေမယ့် မင်း မရိုးသားခဲ့ဘူး ....

လွမ်းဆုလေး

No comments:

Post a Comment