Pages

Pages

31 May 2014

မောင်

မောင်...

ကျွန်မရင်ထဲ မြတ်နိုးမဝ
ခေါ်မိတဲ့ စကားတစ်ခွန်း
အထပ်ထပ်ခေါ်လဲ
မဟောင်းခဲ့တဲ့ ဒီအမည်က
နှလုံးသားကိုစွဲ
ဖျောက်ဖျက်ဖို့လဲ မဖြစ်နိုင်ပါ။

အချစ်ကြီးသူ ကျွန်မအတွက်
မောင့်စကားတစ်ခွန်းက
သေဒဏ်အလား
ပြင်းရှတာကိုတော့
မသိခဲ့ဘူး မဟုတ်လား ။

နာတာကို ဖုံးကွယ်
မောင် မျက်နှာ ပြုံးစေဖို့
ဟန်ဆောင်မှုနဲ့ ငိုကြွေးခဲ့သူ
ကျွန်မအဖြစ်ကိုတော့ ...
မောင် ဘယ်တော့မှ
နားလည်မှာ မဟုတ်ဘူးလေ။

အချစ်ဆိုတာ မရခင်ကသာ
စမ်းရေပမာ အေးမြပေမယ့်
ခူးဆွတ်မိတာနဲ့ ဖွဲမီးပမာ
တငွေ့ငွေ့လောင်ကျွမ်းခံရမှာ သိသိကြီးနဲ့
ဇွတ်တိုးခဲ့သူ ကျွန်မအတွက်

မောင် ပေးတဲ့ အမုန်းဟာလဲ
အားဆေး တစ်ခွက်ပါပဲမောင်။

လွမ်းဆုလေး

No comments:

Post a Comment