Pages

Pages

30 May 2014

ဖြေးညှင်းစွာ လှမ်းလာခဲ့ပါ


ချစ်သူရေ....
အဝေးကိုငေး
မင်းအကြောင်းတွေကို
ဆွေးဆွေးလေး ရေးမိတယ်။

မတွေ့ရတဲ့နေ့ရက်တိုင်းမှာ
ရင်မှာ နွမ်းလျ
အားကုန်ခန်းသူပမာ
တမ်းတလို့ လွမ်းမိတယ်။

ဘယ်ဆီဌာနေ
ဘယ်နေရာမသိ
အချစ်ကြောင့်သာ
ကြည်ဖြူခဲ့မိ
မင်းရဲ့ နောက်ကြောင်းမသိ
မမေးမိခင်..

ငါ့ဘ၀ ငါ့ကမ္ဘာ
ငါ့အနာဂတ်မှာ
ဝင်ရောက်စိုးမိုး
မင်းတစ်ယောက်တည်းသာမို့ ...

ငါ့ရဲ့မြို့ ငါ့ရဲ့ထံသို့
ရောက်ခဲ့သည်ရှိသော်
မင်း၏နေရာ
ငါ့ရင်ခွင်ထက်က
နှလုံးသား ပလ္လင်ထက်သို့
ဖြေးညှင်းစွာ လှမ်းလာခဲ့ပါ ။

လွမ်းဆုလေး

( ချစ်သူကို လွမ်းလို့ ရေးထားမိတဲ့ ကဗျာလေးပါ ။)

Admin :lwansulay
Facebook :https://www.facebook.com/saunghnin.chitthu
အလွမ်းများရဲ့ဆောင်ပုဒ်
Website : http://lwansulay.blogspot.com/

No comments:

Post a Comment