Pages

Pages

30 May 2014

ရင်ခွင်မဲ့ကမ်း


ငါ့ရင်ခွင် သောင်ကမ်းမှာ
လွမ်းစရာတွေ သိုဝှက်လို့
ကြေကွဲခဲ့တဲ့နေ့ရက်တွေ
များလှပါပြီ...

ဘ၀မှာ ..
ဘယ်အရာ ဘယ်အကြောင်းတွေ
ဘယ်လောက်ကောင်းကောင်း
ငါ မြတ်နိုးမှု မရှိခဲ့ပါဘူး ..

ငါ့ရင်ခွင်ကမ်းစပ်ရဲ့
တိတ်ဆိတ်တဲ့ကမ်းခြေမှာ
ဆို့နင့်နေတဲ့ အချစ်ကျောက်စာတိုင်က
အလွမ်းစာတွေ ဖတ်နေရတိုင်း

ငါ့ နှလုံးသား တစ်နေရာမှ
သမုဒယ နှလုံးသားလေး
နွမ်းကြေနေသလိုပါပဲ ချစ်သူရယ် ..

လွမ်းဆုလေး


No comments:

Post a Comment