Pages

Pages

30 May 2014

ငါနားလည်ထားတဲ့ အချစ်ဆိုတာ


ချစ်သူ..
အများနဲ့ တစ်ယောက်အတွက်
မင်းရွေးချယ်ရခက်နေမယ်ဆိုရင်
အများကိုရွေးချယ်ပါ..

ငါတစ်ယောက်စိတ်ချမ်းသာဖို့
မင်းဘက်က လူအများ စိတ်ဆင်းရဲမှာကို
ထိုင်ကြည့်နေရလောက်အောင်
ငါ့ အသဲတွေ မမာပါဘူး ..

လူအများစိတ်ချမ်းသာဖို့
ငါ စိတ်ဆင်းရဲရမယ်ဆိုလဲ
အဲဒီ နာကျင်မှုက မများဘူးလို့ထင်တယ်...

ငါ မင်းကိုချစ်ခဲ့တဲ့အချစ်က
မင်းပျော်တာကိုပဲ ဖြစ်စေချင်တာပါ
မင်းနဲ့ ငါ နှစ်ယောက်စိတ်ချမ်းသာဖို့
လူအများကို စိတ်မဆင်းရဲစေချင်ဘူး ..

ငါနားလည်ထားတဲ့ အချစ်ဆိုတာ
ကိုယ့်ရင်ထဲက ချစ်နေသရွေ့
ငါတို့က အမြဲချစ်သူတွေ ဆိုတာပါပဲ...

လွမ်းဆုလေး 

No comments:

Post a Comment