Pages

Pages

3 July 2014

Android တွင် Bump, iBeacon တို့နှင့် ဆင်တူသည့် နည်းပညာ ထည့်သွင်းမည်


Google က Bump App ၏ စွမ်းဆောင်ချက် ကို Android တွင် ထည့်သွင်းမည် ဖြစ်ပြီး Nearyစွမ်းဆောင် 
ချက် ဟု အမည်ပေး ထားပါသည်။ Android Police ၏ အဆိုအရ Nearby ကို မကြာမှီတွင် Google Play 
Service အနေဖြင့် Android Device များတွင် ထည့်သွင်းပေးမည် ဟု သိရပါသည်။ 

Nearby သည် Android Device များကြားတွင် သတင်းအချက် အလက်များ အလွယ်တကူ Share လုပ်နိုင်
မည်ဖြစ်သည်။ ထို့အပြင် စတိုးဆိုင် များတွင် ဈေးဝယ်သည့် အခါ တွင်လည်း Discount အစီအစဉ်များ နှင့် 
ကူပွန်များကို ဖုန်းမှ လက်ခံရရှိမည် ဖြစ်သည်။

အနီးအနားတွင် ရှိသော Android Device များကြားတွင် သတင်းအချက် အလက်များ လွယ်ကူစွာ ပေးပို့ရ
ယူနိုင်သည့် စွမ်းဆောင်ချက်မှာ Bump App နှင့် ဆင်တူပါသည်။ 

Bump App ကို Google က ၂၀၁၃ ခုနှစ် စက်တင်ဘာလ တွင် ၀ယ်ယူခဲ့ခြင်း ဖြစ်ပါသည်။ 

Bump ၏ CEO ဖြစ်သူ David Lieb က သူတို့ အဖွဲ့သည် Google ၏ စီမံကိန်း များတွင် ပူးပေါင်းမည် ဟု 
ယခုနှစ် ဇန်န၀ါရီလ တွင် ပြောကြား ခဲ့ပါသည်။

Bump သည် Android Phone နှစ်လုံးကို ထိတွေ့ရုံဖြင့် Contact Information, Photos, Videos, Apps, 
Files များကို လွယ်ကူစွာ Share လုပ်နိုင်ခြင်း ဖြစ်ပါသည်။ 

ဖုန်းနှစ်လုံး တွင် Bump App ကို ဖွင့်ထားရမည် ဖြစ်ပြီး ညင်သာစွာ ထိတွေ့ပေးသည်နှင့် Bump က ဖိုင်
များကို ပေးပို့မည် ဖြစ်သည်။

Google ၏ Nearby စွမ်းဆောင်ချက်သည် Apple ၏ iBeacon နည်းပညာ နှင့် ဆင်တူပါသည်။ သဘော
တရားမှာ စတိုးဆိုင် အနီး အနားတွင် ရောက်ရှိ သည်နှင့် ဖုန်းသည် စတိုး ဆိုင်တွင် တပ်ဆင်ထားသည့် 
Beacon Device နှင့် WiFi or Bluetooth တို့ဖြင့် ချိတ်ဆက်မည် ဖြစ်သည်။ 

ထို့နောက်တွင် လျှော့ဈေးများ ကူပွန်များကို ရောက်ရှိနေသည့် တည်နေရာအလိုက် ပြသပေးမည် ဖြစ်သည်။

Google က Nearby စွမ်းဆောင်ချက်ကို ဇူလိုင်လ တွင် နှစ်စဉ် ကျင်းပလေ့ ရှိသည့် Google I/O 
Conference တွင် ကြေညာမည် ဟု မျှော်လင့်ရပါသည်။

Admin -lwan saung
 
website - http://lwansulay.blogspot.com/  


 (လွမ်းဆုလေး) 
website  http://lwansaung.blogspot.com/

No comments:

Post a Comment