Pages

Pages

24 August 2014

ခြင်မလာစေတဲ့ သဘာဝဆေးနည်း


( လေးညှင်းသံပုရာ)

သံပုရာသီးကို ခါးလယ်ကပိုင်းပါ... (တစ်ခြမ်းခြမ်းရင် အနံ့သိပ်မထွက်ပါ... ခါးလယ်ကပိုင်းတော့ အစေ့တွေ လည်း ထွက်သွားပါတယ်၊ လေးညှင်းပွင့် စိုက်ရတာလည်း အဆင်ပြေပါတယ်၊ ခြောက်သွားရင်လည်း ညှစ်လို့  အဆင်ပြေပါတယ်)
 
လေးညှင်းပွင့်တွေကို သံပုရာသီးအသားထဲ မြုပ်ဝင်အောင် ထိုးစိုက်ပါ... များများ စိုက်နိုင်လေ ကောင်းလေ ပါပဲ...

အရင်ကတော့ အခန်းထောင့်တွေ ကုလားထိုင်အောက်တွေမှာ ဖြန့်ထားပါတယ်... အခုတော့ ဗန်းထဲထည့်ပြီး အခန်းအလယ်ခေါင် (သို့) လေဝင်လေထွက် ကောင်းတဲ့နေရာမှာ ထားလိုက်ရင် ရပါပြီ...

၂ရက် ၃ရက်ဆို အပေါ်ကြောတင်းပြီး ခြောက်သလို ဖြစ်သွားပါတယ်... ဒါဆို သံပုရာခြမ်းလေး ကို အောက် ကကိုင်ပြီး အရည်စို့လာအောင် ညှစ်ပေးပါ... နောက်ထပ် ၂ရက် ၃ရက် ထားလို့ရပါသေးတယ်...

အခုဆို နိုင်ငံခြားသားတွေတောင် အကြိုက်တွေ့နေတဲ့ ခြင်မလာနည်းလေးပါ... အသုံးတဲ့သူများ အတွက် ဖေါ်ကောင်လုပ်လိုက်ကြောင်းပါခင်ဗျား..

Credit to Khin Maung Htwe

No comments:

Post a Comment