ကင်ဆာဆဲလ် ၉၈% ရာခိုင်နှုန်းကျော် သေစေတဲ့ ကြက်ဟင်းခါးသီး


ကြက်ဟင်းခါးသီးပင်လေးဟာ အာရှတိုက်မှာဆိုရင် သာမန်အပင်လေး တစ်ပင်လောက်ပါပဲ။ ဂျပန်နိုင်ငံ ဝစ်ကီနာဝါက နှစ်ပေါင်းကြာရှည်အသက်ရှင်တဲ့ လူဦးရေတွေကြား အတော်လေး လူသိများပါတယ်။
ရေပါဝင်မှု ပမာဏ (၅%) ရာခိုင်နှုန်းသာရှိတဲ့ ကြက်ဟင်းခါးသီးရည်က အစာကြေမှုအတွက် အနှောက်အယှက်ပေးတဲ့ ကင်ဆာဆဲလ်တွေရဲ့ လမ်းကြောင်းလေးခုကို ဖျက်ဆီးပေးပါတယ်။ ကြက်ဟင်းခါးသီးက ကင်ဆာဆဲလ်လမ်းကြောင်းနှစ်ခုရဲ့ ဆောင်ရွက်ချက်ကို ၉၀% ရာခိုင်နှုန်းလျော့ချပေးပြီး တခြားလမ်းကြောင်းနှစ်ခုကိုလည်း မယုံကြည်နိုင်လောက်အောင် ၉၈%ရာခိုင်နှုန်းအထိ ဖျက်ဆီးပေးပါတယ်။

ဒီကုသနည်းက ထိန်းချုပ်ရခက်တဲ့ ကင်ဆာဆဲလ်တွေကို ဖြေရှင်းပေးတဲ့ သဘာဝနည်းလမ်းပဲဖြစ်ပါတယ်။ ပိုပြီးကောင်းမွန်တဲ့ အချက်က ကြက်ဟင်းခါးသီးက ကင်ဆာဆဲလ်တွေရဲ့ ကလိုးကို့စ် အစာချေဖျက်မှုစနစ်ကို ရပ်တန့်စေတဲ့လမ်းကြောင်းတွေကိုလည်း ပြန်လည်အလုပ်လုပ်စေပါတယ်။ နောက်တနည်းပြောရမယ်ဆိုရင် ဆဲလ်တွေအတွက် ဆက်လက်အသက်ရှင်နိုင်ဖို့ လိုအပ်တဲ့ သိကြားဓာတ်ရရှိမှုကို ရပ်တန့်ပေးလိုက်ပါတယ်။ ဒီအကျိုးသက်ရောက်မှု အတိုင်းအတာဟာ အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ ကင်ဆာရောဂါ ကုသတဲ့ တခြားဓာတုဆေးများထက် များစွာထိရောက်မှုရှိပါတယ်။
http://www.searchmyanmar.com/link/frame/cid/40636

Trend Myanmar

ခံတွင်းနံ့ဆိုးတွေ ပျောက်ကင်းစေဖို့ နည်းလမ်း (၆) ခု


ခံတွင်းနံ့ဆိုးခြင်းဟာ လူအများနဲ့ ဆက်ဆံရတဲ့အခါမှာ ကိုယ့်ဘေးနားက လူတွေကို အနှောင့်အယှက် အပေးဆုံး အချက်ပါပဲ။ ခံတွင်းနံ့ဆိုး မထွက်အောင် ဘယ်လိုဂရုစိုက်သင့်သလဲ ဆိုတဲ့ အချက်လေးတွေ ဖော်ပြပေးလိုက်ပါတယ်။

သင့်သွားကို အဓိကထားဂရုစိုက်ပါ

ပထမဆုံးနဲ့ အလွယ်ကူဆုံးနည်းက ပါးစပ်ကို အထူးဂရုစိုက်ပေးပို့ပါ။ သွားပိုးပေါက်တွေ၊ သွားပျက်စီးခြင်း နဲ့ သွားဖုံးပေါ်က ရောဂါပိုးမွှားတွေဟာ မသိမသာ အနံ့အသက်ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ သွားတွေနဲ့ သွားဖုံးကြားက ဘက်တီးရီးယားပိုးတွေကို ဖယ်ရှားဖို့ တစ်နေ့ နှစ်ကြိမ် သွားတိုက်ပေးဖို့နဲ့ အနည်းဆုံး တစ်ရက် တစ်ခါလောက် သွားသန့်ရှင်းရေးလုပ်ပြီး အညစ်အကြေးတွေကို ဖယ်ရှားပေးသင့် ပါတယ်။ နောက်ပြီး သွားဆရာဝန်ဆီ တစ်နှစ် နှစ်ကြိမ် စစ်ဆေးပြီး သန့်ရှင်းရေးလုပ်ပေးဖို့လည်း အထူး သတိပြုသင့်ပါတယ်။

သင့်လျှာကို သန့်ရှင်းအောင်ထားပါ

လျှာရဲ့အရင်းနေရာဟာ အန္တရာယ်ဖြစ်စေတဲ့ ဘက်တီးရီးယားပိုးမွားများ ပေါက်ပွားရာနေရာနဲ့ အနံ့အသက် ဆိုးတွေ ထွက်စေတဲ့နေရာ တစ်နေရာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အများစုက သွားတိုက်တဲ့အခါ အရေးပါတဲ့ အဲဒီနေရာကို လစ်လျူရှု တတ်ကြတယ်။

အချိုဓာတ်ကို ရှောင်ပါ

အရွက်စိမ်းနဲ့ ဂျမ်(ပီကေ)စားပေးခြင်းဖြင့် အနံ့အသက်ဆိုးကို ပျောက်ကင်းစေနိုင်ပါတယ်။ ဒါပေမဲ့ သင့် သိကြား အချိုဓာတ်ပါတဲ့ အမျိုးအစားတွေအသုံးပြုမယ်ဆိုရင် ပြဿနာကို တိုးပွားစေသလိုဖြစ်နေပါလိမ့်မယ်။ သင့်ပါစပ်းထဲက ဘက်တီးရီးယားတွေက ဆိုးရွားတဲ့ အနံ့အသက်တွေကို ဖြစ်ပေါ်စေပါလိမ့်မယ်။

အာခေါင်ကို စိုစွတ်နေအောင်ထားပါ

တံတွေးမှာ ဘက်တီးရီးယားပိုးတွေကို သေစေတဲ့ အဓိကမရှိမဖြစ် အင်ဇိုင်းတွေပါဝင်တာကြောင့် အာခေါင် ကပ်နေတယ်ရင် အနံ့အသက်တွေ ထွက်တတ်ပါတယ်။ ရေကို ပုံမှန်သောက်ပေးခြင်းဖြင့် တံတွေး ဂလင်းတွေကို လှုံ့ဆော်ပေးပြီး အာခေါင်ကို စိုစွတ်နေအောင်ထိန်းပေးပါတယ်။

အနားယူလက်ဖက်ရည်သောက်ဖို့အချိန်ပေးပါ
 
ရေနွေးကြမ်းသောက်ခြင်းသည် လည်း အနံ့ဆိုးတွေကို ပျောက်ကင်းစေဖို့အထောက်အကူဖြစ်စေပါတယ်။ လက်ဖက်ခြောက်တွေမှာပါတဲ့ chemical ဓာတ်တွေဟာ ဘက်တီးရီးယားတွေကြောင့်ထွက်တဲ့အနံ့ဆိုးတွေအပါအ၀င် ၎င်းဘက်တီးရီးယားပိုးမွားတွေရဲ့ ကြီးထွားမှုကို အဟန့်အတားဖြစ်စေပါတယ်။

ဟင်းခတ်အမွှေးအကြိုင်အသုံးပြုခြင်း

အိန္ဒိယအစားအစာတွေမှာ တွေ့နိုင်တဲ့ ဟင်းခတ်အမွှေးအကြိုင်မှာ ဘက်တီးရီးယားပိုးကို ခုခံနိုင်တဲ့ အာနိသင်ပါရှိတယ်လို့ သိရှိရပြီး ပါစပ်းအနံ့အသက်ကင်းစင်အောင် နှစ်ပေါင်းများစွာ အသုံးပြုခဲ့တယ်လို့ သိရှိရပါတယ်။ ဖာလာပင်ဟာ ဘီးတီးရီးယားပိုးမွားတွေကို သေစေပြီး ပြင်းထန်တဲ့ အနံ့သက်ဆိုးတွေကို သက်သာပျောက်ကင်းစေတဲ့ စီနိုလီ တစ်မျိုးပါဝင်ပါတယ်။

http://www.lyhealthcare.com/archives/2072
Source: womenshealthmag
Trend Myanmar


အံ့သြဖွယ် လွယ်ကူလှတဲ့ ကင်ဆာရောဂါကာကွယ်ခြင်းဆိုင်ရာ ကုထုံးများ


စကားလုံးခြောက်လုံးရှိတဲ့ “cancer” ဆိုတဲ့အသံဟာ ကြားရသူအားလုံးရဲ့ ရိုးတွင်းချဉ်ဆီထိအောင် စိမ့်သွားမယ်ဆိုတာ သေချာပါတယ်။ လူတွေဟာ တိတိကျကျသတ်မှတ်ထားတဲ့ ကုသနည်းမရှိတဲ့ ဒီရောဂါ ကို ကြောက်လန့်ကြတာ သေချာပါတယ်။ ကင်ဆာဆဲတွေဟာ ထိန်းချုပ်မရတဲ့ အခြေအနေ တစ်ခု ကို ရောက်ရှိသွားပြီဆိုရင်တော့ tumor (ကျူမာ) လို့ခေါ်တဲ့ အစိုင်အခဲတွေအဖြစ်ကို အသွင်ပြောင်း သွားပါတယ်။ အဲဒီ ကျူမာတွေ တဖြည်းဖြည်း ကြီးထွားလာပြီဆိုရင်တော့ ခန္ဓာကိုယ်ရဲ့ အစာခြေမှုစနစ် ၊ အာရုံကြောနဲ့ သွေးလှည့်ပတ်မှုစနစ်တွေကို ထိခိုက်နိုင်ပါတယ်။

ဒီလို အရေးကြီးတဲ့ရောဂါမျိုးကို ကုသခြင်းထက် ကြိုတင်ကာကွယ်ခြင်းက ပိုပြီးအကျိုးသက်ရောက် ပါတယ်။ ဒီလိုကာကွယ်ဖို့ဆိုတာလည်း အရမ်းကြီး ခက်ခက်ခဲခဲ မဟုတ်ဘဲ ကျွန်ုပ်တို့ရဲ့ နေ့စဉ်လူနေမှု ဘ၀ပုံစံကို အနည်းငယ်ပြောင်းလဲပစ်ရုံပါပဲ။ ဘယ်လိုအချက်လေးတွေ ပြောင်းလဲပစ်ရင် ကင်ဆာကို ကာကွယ်နိုင် မလဲဆိုတာ လေ့လာကြည့်ရအောင်။

(၁) ရေ (၈)ဖန်ခွက် စည်းမျဉ်း

ရေအများကြီးသောက်ခြင်းနဲ့ အခြားဖျော်ရည် များများသောက်ပေးခြင်းက ဆီးအိမ်ကင်ဆာ ၊ သည်းခြေအိတ်ကင်ဆာတွေကို ကာကွယ်ပေးပါတယ်။ အရေများများသောက်ပေးခြင်းကြောင့် ဆီးအိမ်မှာ ရှိတဲ့ ဆီးတွေ လွယ်ကူစွာသွားနိုင်အောင် ကူညီပေးပါတယ်။ တစ်နေ့ကို ရေ ၂.၄ လီတာ ထက် နည်းအောင် သောက်တဲ့သူဟာ ဆီးကျင် ၊ ဆီးအောင့် စတဲ့ ဆီးနဲ့ဆိုင်တဲ့ ရောဂါတွေ ဖြစ်ပွားနိုင်ချေရှိပါတယ်။ ဒါကြောင့် တစ်နေ့ကို အနည်းဆုံး ရေ (၈)ဖန်ခွက်ထက်မနည်း သောက်သုံးခြင်းဖြင့် ကျန်းမာပျော်ရွှင်ပြီး ကင်ဆာကင်းစင်တဲ့ ဘ၀ကို ပိုင်ဆိုင်နိုင်မှာပါ။

(၂) အစားအစာတွေကို ကြက်သွန်ဖြူထည့်ပေါင်းဖို့

ကြက်သွန်ဖြူတွေဟာ သင့်အစားအစာကို အရသာရှိဖို့နဲ့ အနံ့မွှေးကြိုင်ဖို့တစ်ခုတည်းတင် မဟုတ်ပါဘူး။ ကင်ဆာဖြစ်ပွားမှုနှုန်းကိုလည်း လျော့ချပေးနိုင်ပါတယ်။ ဘက်တီးရီးယား ကာကွယ်မှုနှုန်း (ဒါမှမဟုတ်) ကင်ဆာဖြစ်စေတဲ့ အရာတွေကို ပိတ်ဆို့တားဆီးပေးနိုင်တဲ့ အစွမ်းထက် ကာကွယ်နိုင်မှုတွေ ကြက်သွန်ဖြူမှာ အပြည့်အ၀ ပါဝင်တယ်။ DNA ပြန်လည်ပြင်ဆင်မှုနှုန်း တိုးမြှင့်ပေးခြင်း ၊ ဆဲလ် တဟုန်တိုး တိုးပွားလာ မှုတွေ လျော့ချပေးခြင်း ၊ ဆဲလ်သေဆုံးမှု လျော့နည်းစေခြင်းတွေကို ကြက်သွန်ဖြူက လုပ်ဆောင် ပေး ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ ဆိုရင် ကြက်သွန်ဖြူဟာ အစာအိမ် ကင်ဆာဖြစ်ပွားမှုနှုန်းကို တတ်နိုင်သမျှ ကာကွယ်ပေးပါတယ်။

(၃) ဆဲလ်ဖုန်းအသုံးပြုမှုကို ကန့်သတ်ထားပါ။

ဆဲလ်ဖုန်း အသုံးပြုရာမှာ စပီကာတွေ ၊ အီးယားဖုန်းတွေနဲ့ အသုံးပြုတာဟာ လက်ကကိုင်ပြီး နားမှာ ကပ်ပြောတာထက် ပိုကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆဲလ်ဖုန်းက ထုတ်လွှင့်တဲ့ ရေဒီ ယိုကြိမ်နှုန်းမြင့် စွမ်းအင်တွေကို ဦးနှောက်နဲ့ဝေးဝေး ထားနိုင်လို့ပါပဲ။ ဒါကြောင့် ဖုန်းပြောရင် ခပ်မြန်မြန်ပြောသင့်ပြီး စာရိုက် ပြောလို့ရရင် စာနဲ့ပဲ ပေးပို့ဆက်သွယ်ပါ။ တကယ်လို့ သင့်ဦးခေါင်းဟာ နေ့စဉ်ဖြစ်နေကျ ခေါင်းကိုက် ၊ ခေါင်းမူး စတာတွေ အဖြစ်များလာပြီဆိုရင် သင့်ရဲ့ ဖုန်းပြောနှုန်းကို သတိထားပြီး လျော့ချသင့်ပါပြီ။ ဒီလိုမှ မလုပ်ရင်တော့ ဦးနှောက်ကင်ဆာဖြစ်ပွားဖို့ အလားအလာ နေ့စဉ်နဲ့အမျှ တိုးနေမှာပါ။ ဒါကြောင့် အချိန်ဆွဲမနေဘဲ သင့်ရဲ့ ဆဲလ်ဖုန်းအသုံးပြုမှုကို အခုပဲလျော့ချလိုက်ပါ။

(၄) အပြင်သွားမယ့် အ၀တ်အစားအရောင်ကို ရွေးချယ်ပါ။

သေချာတဲ့ အရောင်ကတော့ အပြာနဲ့ အနီရောင်ပါပဲ။ နွေရာသီမှာ အဖြူနဲ့ အ၀ါတွေ ၀တ်ဆင် တာထက် နေရာင်ခြည်ကို ပိုပြီးကာကွယ်ပေးနိုင်တာက အပြာနဲ့အနီပါတဲ့။ ဒီအရောင်နှစ်ရောင် က နေရောင်မှာ ပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်ကို ပိုပြီးကာကွယ်နိုင်လို့ အရေပြားကင်ဆာဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။ ပြီးတော့ ဦးထုပ်ဆောင်းဖို့လည်း မမေ့ပါနဲ့။ မျက်လုံး ၊ နားရွက် ၊ နှာခေါင်း ၊ နဖူး နဲ့ ဦးရေပြားတွေကို နေရောင်ခြည်ကနေ ကာကွယ်ဖို့အတွက် ဦးထုပ်ကလည်း အလွန်အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ကင်ဆာ ကျူမာတွေက ခန္ဓာကိုယ်နေရာ အနှံ့မှာ ဖြစ်နိုင်ချေရှိပြီး နေရောင်ခြည် ကျရောက်တဲ့နေရာတွေမှာ ပိုအဖြစ်များပါတယ်။

(၅) Barbecue တွေကို ဆော့များများနဲ့စားပါ။

တူးနေအောင် ဖုတ်ထားတဲ့ အသားတွေ ၊ မီးသွေးနဲ့ကင်ထားတဲ့ အသားတွေဟာ ကင်ဆာဖြစ်စေတဲ့ ဓါတု ပစ္စည်း အစုအဝေးကြီးပါပဲ။ ဒီအရာတွေက DNA နဲ့ ကျွန်ုပ်တို့ရဲ့ မျိုးရိုးဗီဇဖြစ်စဉ် တွေကို တိုက်ရိုက် ထိခိုက်စေပါတယ်။ ဒါတွေကို ခရမ်းချဉ်သီး ၊ ပင်စိမ်းရွက် စတာတွေ နဲ့ပြုလုပ်ထားတဲ့ သဘာဝ ငရုတ်ဆီ ခပ်များများဖုံးအုပ် စားသုံးပေးရင်တော့ ကင်ဆာရောဂါ ဖြစ်ပွားမှုနှုန်းကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါမှ မဟုတ်ရင်လည်း အသားတွေကို oven နဲ့ အနည်းငယ်ချက်ပြုတ်ပြီးမှ ဘာဘီကျုပုံစံ မီးသွေးနဲ့ ပြန်ကင် စားတာဟာလည်း ကင်ဆာဖြစ်ပွားမှုနှုန်းကို လျော့ချပေးပါတယ်။

ဒီလိုသေးငယ်တဲ့ အချက်လေးတွေကို သတိပြု နှလုံးသွင်းထားပြီး နေ့စဉ်လူနေမှု ပုံစံကို အနည်းငယ် ပြုပြင်ပေးလိုက်ရင် ကင်ဆာဆိုတဲ့ ရောဂါဘေးဆိုးကြီးကနေ သင်ကာကွယ် ထားပြီး သား ဖြစ်မှာပါ။ ဒါမှလည်း ကျန်းမာပျော်ရွှင်တဲ့ ဘ၀ကို ပိုင်ဆိုင်နိုင်မှာဖြစ်ပြီး “ကာကွယ်ခြင်းက ကုသခြင်း ထက် အမြဲတမ်းပိုကောင်းပါတယ်”။

Ref:mensxp.com

ကင်းပုံရွက် နှင့် ကန်စွန်းရိုးနီ၏ အစွမ်းများ

ဆီးချိုရှိသူများ ကြော်စားသင့်တဲ့ ကင်းပုံရွက်
ကင်းပုံရွက်ဟာ ဆေးဘက်ဝင် အသီးအနှံ့ တစ်မျိုးဖြစ်ပါတယ်။ အထူးသဖြင့်ဆီးချိုရောဂါ အတွက် ကောင်းမွန် တယ်လို့ သိရပါတယ်။

အရွက်စိမ်းကို ကြော်စားခြင်း အားဖြင့် ဆီချိုရောဂါကို သက်သာပျောက် ကင်း စေ မှာ ဖြစ်ပါ တယ်။ နောက် တစ်ခုကတော့ ကင်းပုံရွက်ကို အရည်ညစ်လိုက်ပါ။ထိုအရည်ကို ရေယုန်နာပေါ်သို့ ခဏခဏ တို့ပေးခြင်း အားဖြင့် ရေယုန်နာကို ပျောက်ကင်းစေမှာ ဖြစ်ပါတယ်။

ကျန်းမာရေးနှင့် အလှအပ သတင်းများ
 
ဆီးမထွက်ခြင်းနှင့် ဓမ္မတာလွန်ခြင်းကို ၁၅ မိနစ်နဲ့ ပျောက်အောင်ကုသနိုင်
လယ်ကန်စွန်းလို့ တစ်ချို့ခ်ါဝေါ်ကြတဲ့ ကန်စွန်းရိုးနီ၏ အစွမ်းများဖြင့်ဆီးအိမ်တွင် မှ ဆီးမထွက်ခြင်းနှင့် ဓမ္မတာလွန်ခြင်း ရောဂါများကို ၁၅ မိနစ်အတွင်း ထိထိရောက်ရောက် ကုသပေးနိုင် ပါတယ်။

ကန်စွန်းရိုးနီ၏ အရွက်ကို မန်ကျဉ်းရွက် ဘူးရွက်စတာတို့နှင့် ဆတူကြိတ်လိုက်ပါ။ထိုကြိတ်ပြီး သားများကို ဆန်မှုန့်ညက်ညက်နှင့် ဖျော်ပြီး ဆီးခုံပေါ်သို့ တင်လိုက်ပါကဆီးအိမ်တွင်းမှ ဆီးမထွက်သူများ ၁၅ မိနစ် အတွင်း ဆီးကျဆင်း လာပါလိမ့်မယ်။

ဓမ္မတာလွန်နေသူများလည်း ရပ်တန့်ကာ ရောဂါသက်သာစေပါလိမ့်မယ်။

Credit to ဆေးဖက်ဝင်အပင်များ

ရင်သားကင်ဆာ လွယ်ကူစွာ ကာကွယ်ပါ



ရင်သားကင်ဆာဟာ အမျိုးသမီးတွေ အတွက်အရမ်းကို ကြောက်စရာ ကောင်းတဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ ကင်ဆာရောဂါ တိုင်းဟာ ဆိုးဝါး လှသလို ရင်သား ကင်ဆာ ဆိုတာ ကလည်း

ထိုနည်းတူပါပဲ။ စောစီးစွာ သိရှိပြီး မပျံ့နှံ့သေးဘူး ဆိုရင် ခွဲစိတ် ကုသလို့ ရတယ် ဆိုပေမယ့် ခံစားရသူ အမျိုးသမီးမှာ ရင်သား တစ်ဖက် ကံဆိုးရင် နှစ်ဖက်လုံး ထုတ်လိုက် ရတဲ့အတွက် စိတ်ဓာတ်ပိုင်း ဆိုင်ရာ အရမ်း ထိခိုက်မှု ဖြစ်စေသလို ခွဲစိတ်မှု နောက်ကနေ လိုက်သွင်းရတဲ့ ကင်ဆာ ဆေးတွေရဲ့ ဘေးထွက် ဆိုးကျိုး တွေကလည်း ကြောက်ခမန်း လိလိပါပဲ။

ဒါတွေကြောင့် အမျိုးသမီးတွေ အတွက် ရင်သား ကင်ဆာကို ကြိုတင် ကာကွယ် နိုင်တဲ့ သိပ္ပံ နည်းကျ နေထိုင် စားသောက်ပုံ နည်းလမ်း (Lifestyle) များကို ဖော်ပြပေး လိုက်ပါတယ်။

(၁) သွက်လက်လှုပ်ရှား တက်ကြွစွာ နေထိုင်ပါ

နော်ဝေနိုင်ငံက ကျန်းမာရေး ပညာရှင်များရဲ့ မကြာသေး မီကမှ ပြုလုပ်ခဲ့တဲ့ ရင်သား ကင်ဆာနဲ့ ကိုယ်လက် လှုပ်ရှားမှု ဆိုင်ရာ သုတေသန တစ်ခုရဲ့ ရလဒ်အရ သွက်လက်တက်ကြွ ဖျတ်လတ်စွာ နေပြီး အပတ်စဉ် ကိုယ်လက်လှုပ်ရှားမှု မှန်မှန် ပြုလုပ်သူ အမျိုးသမီးများဟာ သာမန် အမျိုးသမီးများ အောက်ရင်သား ကင်ဆာ ဖြစ်နိုင်စွမ်း ၇၂% လျော့နည်း ပါသတဲ့။

(၂) သဘာဝ အီစထရိုဂျင် ကြွယ်ဝသော အစားအသောက်များ ပုံမှန် စားပေးပါ

အီစထရိုဂျင် (Oestrogen) လို့ခေါ်တဲ့ မဟော်မုန်းဟာ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ပြည့်ဝ မျှတတဲ့ ပမာဏ ပုံမှန်ရှိနေမယ် ဆိုရင် ရင်သားကင်ဆာ ဖြစ်နိုင်ရန် အခွင့်အလမ်း ၄ ဆ လျော့နည်း တယ်လို့ လေ့လာတွေ့ရှိရပါတယ်။

ဒါပေမယ့် အီစထရိုဂျင် ဆေးပြားတွေမှာ ပါဝင်တဲ့ အီစထရိုဂျင်က တိရိစ္ဆာန်တွေက ထုတ်လုပ် ထားတာ ဖြစ်ပြီး အီစထရိုဂျင် မော်လီကျူးရဲ့ ပုံစံက active form (အသင့်သုံးပုံ စံ) ဖြစ်နေ လို့ သောက်သုံးလိုက်ရင် သွေးထဲမှာ အီစထရိုဂျင် ဟော်မုန်း ပမာဏ မြင့်မားခြင်းကို ဖြစ်စေကာ သားအိမ် ကင်ဆာကို ဖြစ်စေတဲ့ အန္တရာယ် အနည်းငယ် ရှိပါတယ်။ အပင်တွေက ရတဲ့ အီစထရိုဂျင် (phytoestrogen) တွေကျတော့ precursor form (ကနဦးပုံစံ) ဖြစ်နေလို့ လိုအပ်တဲ့ အချိန်ကျမှ လိုအပ်သလောက်ပဲ active form ပြောင်းလိုက်လို့ ရတဲ့အတွက် အထက်မှာ ပြောခဲ့တဲ့ အန္တရာယ်မျိုး မရှိပါဘူး။ သဘာဝ အီစထရိုဂျင် ကြွယ်ဝတဲ့ အစားအသောက် တွေကတော့ ဂျုံ၊ အုတ်၊ ဘာလီ စသော နှံစားသီးနှံများ၊ ပဲကြီး၊ အခွံမာသီး အဆန်များ၊ နေကြာစေ့ ဖရုံစေ့ စသော အစေ့မျိုးစုံ၊ ပဲပင်ပေါက်၊ ပဲပြား၊ တို့ဟူး စသည်တို့နဲ့ အသီးအရွက်များ ဖြစ်ပါတယ်။ တရုတ်လို ဒေါင်းကွေးလို့ ခေါ်တဲ့ အပင်တစ်မျိုးဟာ ကောင်းမွန်တဲ့ သဘာဝ အီစထရိုဂျင် ကြွယ်ဝလွန်းလို့ ဒီအပင်ကနေ အီစထရိုဂျင် ဆေးပြားများ ထုတ်ရောင်း နေပါတယ်။ သွေးဆုံးပြီး အမျိုးသမီးများ အတွက် အထူး သင့်တော်ပါတယ်။

အရွယ်ရောက်ပြီး အမျိုးသမီးများ အနေနဲ့လည်း ရာသီမလာခင် ရက်အနည်းငယ် ကြိုပြီး ရာသီလာစဉ် တွေမှာပါ မှီဝဲပေးမယ် ဆိုရင် လစဉ်ခံစားရတဲ့ နာကျင်ကိုက်ခဲမှုတွေ စိတ်ပိုင်း ဆိုင်ရာ ဝေဒနာ တွေကို အထူးသက်သာ စေပါတယ်။

(၃) နို့ထွက်ပစ္စည်းများနဲ့ အသားများလည်း စားပေးပါ

အသီးအရွက် တွေချည်းပဲ စားတဲ့ အမျိုးသမီး တွေဟာလည်း ရင်သား ကင်ဆာ အန္တရာယ်ကနေ သိသာစွာ ကင်းလွတ်မှု မရှိတာ တွေ့ရပါတယ်။ အသား အရမ်းစားရင် ကင်ဆာ ရောဂါတွေ ဖြစ်စေနိုင်တယ် ဆိုပေမယ့် တိရိစ္ဆာန် အဆီတွေထဲမှာ ရင်သားကင်ဆာ ဖြစ်ပေါ် ခြင်းကို အားမပေးတဲ့ ဒြပ်ပေါင်းတွေ အများကြီး ပါပါတယ်။

ဒါကြောင့် အမျိုးသမီးများ အနေနဲ့ အသီးအရွက်ချည်းပဲ မစားဘဲ သမမျှတစွာ စားသုံး သင့်ပါတယ်။ ဒါကြောင့် ဒိန်ချဉ်၊ ချိစ်၊ နို့၊ ထောပတ်၊ သံလွင်ဆီ စတာတွေထဲက တစ်မျိုးမျိုးကို နေ့စဉ် ပါဝင်အောင် စားသုံးပေးမယ်၊ သင့်တော်တဲ့ အချိန်တိုင်းမှာ အသားဟင်းတစ်ခွက် စားသုံးပေးမယ် ဆိုရင် ရင်သားကင်ဆာ မဖြစ်အောင် ကာကွယ်ရာ ရောက်ပါလိမ့်မယ်။

(၄) ပဲနို့နဲ့ တို့ဖူးများ အလွန်အကျွံ စားသုံးခြင်းကို ရှောင်ကြဉ်ပါ

ဒီလမ်းညွှန်ချက်ဟာ ထူးဆန်းသလို ဖြစ်နေပါတယ်။ ဒီနှစ်မျိုးဟာ သဘာဝ အီစထရိုဂျင် ကြွယ်ဝတဲ့ ပစ္စည်းတွေ ဖြစ်လို့ ရင်သားကင်ဆာကို တစ်ဖက်က ကာကွယ်ပေးနေသလို တစ်ဖက်ကလည်း isoflavone လို့ခေါ်တဲ့ ဒြပ်ပေါင်း တစ်မျိုး ဒီအစား အသောက် တွေထဲမှာ ပါဝင်နေတဲ့ အတွက် ရင်သား ကင်ဆာဆဲလ်တွေ ပျံ့ပွားခြင်းကို အားပေးရာ ရောက်စေ လို့ပါတဲ့။

ရင်သားကင်ဆာ အပါအ၀င် အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ ကင်ဆာ အများစုကို လုံးဝ တားဆီး နိုင်စွမ်း ရှိတဲ့ အသီးတစ်မျိုး ကတော့ မန်ကျည်းသီး ဖြစ်ကြောင်း တွေ့ရှိ ထားရပါတယ်။ ရောဂါ ရှိပြီးသား လူတွေမှာတောင် ကင်ဆာဆဲလ်တွေ ပျံ့ပွားနှုန်းနှေး စေတာကို တွေ့ရှိရလို့ မန်ကျည်းဖျော်ရည် အေးအေးလေး တစ်ခွက်ဟာ အမျိုးသမီးများ အဆင်ပြေတိုင်း သောက်သုံး ပေးသင့်တဲ့ သဘာဝဓာတ်စာ တစ်မျိုးလို့ ဆိုနိုင်ပါတယ်။

(၅) ဗိုက်တာမင် အီး နဲ့ ဗိုက်တာမင် စီ အားဖြည့်ဆေးများ ပုံမှန် မှီဝဲခြင်းကို ရှောင်ကြဉ်ပါ

ဗိုက်တာမင်အီးဟာ အမျိုးသမီးများရဲ့ အသားအရေ စိုပြေလှပခြင်း အတွက် မရှိမဖြစ် လိုအပ်သလို ဗိုက်တာမင်စီ ချို့တဲ့ရင် ခုခံအားစနစ် အားလျော့ နိုင်ပါတယ်။ ယနေ့ ခေတ်မှာ ဒီဆေးတွေကို ဒီရည်ရွယ် ချက်တွေ အတွက် သီးသန့် ကြော်ငြာအား ကောင်းကောင်းနဲ့ ထုတ်ရောင်း နေကြတာ ဖြစ်လို့ ပုံမှန် သောက်သုံး နေကြ သူတွေတောင် ရှိပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် ဗိုက်တာမင်အီးနဲ့ စီအားဖြည့်ဆေးတွေ ပုံမှန် စွဲသောက်ရင် ရင်သားကင်ဆာ ဖြစ်နိုင်စွမ်း ကို မြင့်မား လာစေကြောင်း တွေ့ရှိထားရလို့ ဆင်ခြင်ဖွယ်တစ်ခု တင်ပြပေး လိုက်ပါတယ်။

အသားအရေ လှပြီး ကိုယ်ခံအား ကောင်းချင်ရင် သဘာဝ သစ်သီးတွေကို အားကိုးတာ အကောင်းဆုံး နည်းလမ်းပါပဲ။

(၆) အလင်းရောင်နဲ့ အိပ်စက်ခြင်းကို ရှောင်ကြဉ်ပါ

မီးတွေ ပိတ်ပြီး အိပ်တာ ကျန်းမာရေးအတွက် အထူး သင့်တော်ပါတယ်။ မကြာသေးမီက လေ့လာချက် များအရ ညဖက်မှာ အလင်းရောင်တွေအောက် အိပ်စက်လေ့ရှိတဲ့ အမျိုးသမီး တွေဟာ ရင်သား ကင်ဆာ ဖြစ်လာနိုင်ဖို့ အခြားသူများထက် ၃၆% ပိုနီးစပ်တယ်လို့ တွေ့ရှိထား ရပါတယ်။

(၇) ပင်လယ်ရေမှော် နဲ့ ကျောက်ပွင့်များ စားသုံးပေးပါ


ဒီအစားအသောက် တွေဟာ မကြာခဏ စားသုံးပေးရင် ရင်သား ကင်ဆာကို ထိရောက်စွာ ကာကွယ် နိုင်ကြောင်း အတည်ပြု တွေ့ရှိထားရပါတယ်။ အထက်ပါ အချက်များကို လိုက်နာ ကျင့်သုံးမယ် ဆိုရင် အမျိုးသမီး တွေအတွက် အရမ်းကြောက်စရာ ကောင်းတဲ့ ရင်သား ကင်ဆာကို ကာကွယ်ပြီး သား ဖြစ်မှာပါ။

အထူးသဖြင့် မိမိရဲ့ မိခင်၊ အဒေါ်၊ အဘွား စသူတွေမှာ ရင်သားကင်ဆာနဲ့ သားအိမ်ကင်ဆာ ရှိခဲ့ဖူးသူများ ဆိုရင် အထူးလိုက်နာသင့်ပါတယ်။

နောက်ပြီးတော့ ရင်သားကင်ဆာ အပါအ၀င် ကင်ဆာရောဂါ မှန်သမျှဟာ ဖြစ်ရန်အကြောင်း မျိုးစုံ ရှိသော ရောဂါ (Multifactorial Diseases) များ ဖြစ်ကြတဲ့အတွက် ရောဂါအစပျိုးချိန်မှာ လက်ဦးမှု ရယူနိုင်ဖို့လဲ အရေးကြီးပါတယ်။

ဒါကြောင့် အမျိုးသမီးများ အနေနဲ့ အ၀တ်အစားလဲတိုင်း၊ ရေချိုးတိုင်း ချိုင်းနား အထိ အပါအ၀င် ရင်သားရဲ့ နေရာအနှံ့ကို ပုံမှန် စမ်းသပ် ပေးသင့်ပါတယ်။

အလုံးအကျိတ် တစ်ခုခု တွေ့ရင်လည်း လုံးဝ ထိတ်လန့် သွားတာမျိုး မဖြစ်ပါနဲ့။ နေ့စဉ် မှန်မှန် စမ်းသပ်လာတဲ့ ကြားက ပေါ်လာတဲ့ အလုံးအကျိတ်တစ်ခုဟာ ကင်ဆာ ဖြစ်နေစေ ဦးတော့၊ သေချာပေါက် ကုလို့ ပျောက်ပါတယ်လို့ ကျန်းမာရေး ပညာရှင်များက အာမခံထား ကြပါတယ်။
MWD

https://www.facebook.com/364484143692148/photos/a.364489287024967.1073741828.3

ခြင်မလာစေတဲ့ သဘာဝဆေးနည်း


( လေးညှင်းသံပုရာ)

သံပုရာသီးကို ခါးလယ်ကပိုင်းပါ... (တစ်ခြမ်းခြမ်းရင် အနံ့သိပ်မထွက်ပါ... ခါးလယ်ကပိုင်းတော့ အစေ့တွေ လည်း ထွက်သွားပါတယ်၊ လေးညှင်းပွင့် စိုက်ရတာလည်း အဆင်ပြေပါတယ်၊ ခြောက်သွားရင်လည်း ညှစ်လို့  အဆင်ပြေပါတယ်)
 
လေးညှင်းပွင့်တွေကို သံပုရာသီးအသားထဲ မြုပ်ဝင်အောင် ထိုးစိုက်ပါ... များများ စိုက်နိုင်လေ ကောင်းလေ ပါပဲ...

အရင်ကတော့ အခန်းထောင့်တွေ ကုလားထိုင်အောက်တွေမှာ ဖြန့်ထားပါတယ်... အခုတော့ ဗန်းထဲထည့်ပြီး အခန်းအလယ်ခေါင် (သို့) လေဝင်လေထွက် ကောင်းတဲ့နေရာမှာ ထားလိုက်ရင် ရပါပြီ...

၂ရက် ၃ရက်ဆို အပေါ်ကြောတင်းပြီး ခြောက်သလို ဖြစ်သွားပါတယ်... ဒါဆို သံပုရာခြမ်းလေး ကို အောက် ကကိုင်ပြီး အရည်စို့လာအောင် ညှစ်ပေးပါ... နောက်ထပ် ၂ရက် ၃ရက် ထားလို့ရပါသေးတယ်...

အခုဆို နိုင်ငံခြားသားတွေတောင် အကြိုက်တွေ့နေတဲ့ ခြင်မလာနည်းလေးပါ... အသုံးတဲ့သူများ အတွက် ဖေါ်ကောင်လုပ်လိုက်ကြောင်းပါခင်ဗျား..

Credit to Khin Maung Htwe

အာလူးစိမ်းရည်ဓာတ်စာ



အရွယ်အစားတူ အာလူးစိမ်း ၃ လုံးကိုရေစင်အောင်ဆေးပါ။ (အခွံမနွှာပါနှင့်)
အာလူးကို Blender နဲ့ကြိတ် (သို့) သခွားခြစ်နဲ့ဖြစ်ဖြစ်ခြစ်ပါ


... သန့်ရှင်းသောပိတ်စိမ်းပါးလေး နှင့် အရည်ညှစ်ယူပါ။ (အုန်းနို့ညှစ်သလို) အဲဒီအရည်ကို အရသာကောင်းချင်ပါက ပျားရည်အနဲငယ်ထဲ့သောက်ပါ။
မနက်တိုင်း တစ်ခွက်နှုန်း သောက်ပေးနိုင်ပါတယ်။

အဲဒီအရည်ကို တခွက်ကနေ နှစ်ခွက်အထိနေ့စဉ်သောက်နိုင်မယ်ဆိုရင်တော့ အသည်းရောဂါ၊ ဆီးချိုရောဂါ၊ အစာအိမ်ရောဂါ၊ ကျောက်ကပ်ရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ခါးနာ၊ ပခုံးနာ၊ ကျီးပေါင်းရောဂါ တွေပျောက်ကင်းနိုင်တယ်လို့ ဆိုပါတယ်။

လူအများအတွက် ကျန်းမာရေးဓာတ်စာအဖြစ် ထုတ်ဖော်ဆော်သြခဲ့သူကတော့ ဂျပန်ဗုဓ္ဒဘာသာဘုန်းတော်ကြီး အရှင်တိုမီဇာဝ ဖြစ်ပါတယ်။

ကိုယ်တိုင်လွယ်ကူစွာဖော်စပ်နိုင်တာကြောင့်
အကျိုးများစေနိုင်မယ်ထင်လို့ ဝေမျှလိုက်ပါတယ်။

Good Health

ဆီးချိုသမားတွေ စားသင့်တဲ့အသီး ၁၀ မျိုး


ဆီးချိုဝေဒနာရှင်တွေအတွက် ကျန်းမာတဲ့နေ့စဉ်ဘ၀ပိုင်ဆိုင်ဖို့ စား သောက်မှုပုံစံ၊ လေ့ကျင့်ခန်း၊ အိပ်စက်မှု၊ စိတ်ဖိစီးခြင်း နည်းပါးမှု စတာ တွေ လိုအပ်တဲ့အပြင် သွေးတွင်းဂလူးကို့စ်အဆင့်ကို အကောင်းဆုံးထိန်း ထားနိုင်ဖို့ကလည်း အထူးလိုအပ်လှပါတယ်။ သစ်သီးတွေဟာ ချိုတဲ့ သဘာဝရှိတာကြောင့် ဆီးချိုရောဂါ ရှင်တွေ အသီးရှောင်ရမယ်လို့ မှတ်ယူထားကြပေမယ့် တချို့သော သစ်သီးတွေ က သွေးတွင်းသကြား ဓာတ်ကို ထိန်းထားပေးတဲ့ စွမ်းအင်ရှိတာကြောင့် အကျိုးဖြစ်စေတဲ့ အသီးတွေအကြောင်း မျှဝေချင်ပါတယ်။

ပန်းသီး

ကြွပ်ကြွပ်လေးနဲ့ အရည်ရွှမ်းချိုမြတဲ့ ပန်းသီးမှာ ပျော်ဝင်နိုင်စွမ်းရှိ တဲ့ အမျှင်ဓာတ်၊ ဗီတာမင်စီနဲ့ ဓာတ်တိုး ဆန့်ကျင်ဂုဏ်သတ္တိတွေ ပါဝင် ပါတယ်။

ချယ်ရီသီး

ဗီတာမင်စီ၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ အမျှင်ဓာတ်နဲ့ ဓာတ်တိုး ဆန့်ကျင် ဂုဏ်သတ္တိရှိပါတယ်။

အနက်ရောင်သပြေသီး

သွေးတွင်း သကြားဓာတ်နဲ့ပတ်သက်ပြီး အကောင်းဆုံး ထိန်းညှိပေး နိုင်တာကြောင့် ဆီးချိုရောဂါကုသရာမှာ အသုံးများပါတယ်။

မာလကာသီး

ဗီတာမင်စီ၊ ပိုတက်ဆီယမ်နဲ့ အမျှင်ဓာတ်ကြွယ်ဝပြီး မာလကာသီး မှာပါတဲ့ အာဟာရဓာတ်တွေက ပုံမှန်သွေးတွင်း သကြားပမာဏရှိအောင် ထိန်းထားပေးနိုင်ပါတယ်။

ဂရိပ်ဖရု(ရှောက်ခါးသီးကြီး)

အမေရိကန်ဆီးချိုအဖွဲ့အစည်းရဲ့ စူပါသီးနှံပဲ ဖြစ်ပါတယ်။ ခန္ဓာ ကိုယ်အတွက် လိုအပ်တဲ့ ကိုယ်အလေးချိန် ရရှိအောင် ကူညီပေးပြီး ဆီးချိုမဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့အပြင် ဆီးချိုဖြစ်ရင်လည်း လျော့ပါး သက် သာစေနိုင်ပါတယ်။

ထောပတ်သီး

သွေးတွင်းသကြားပမာဏကို ထိန်းထားပေးပြီး ဆီးချိုဝေဒနာရှင် တွေ နှလုံးရောဂါနဲ့ လေဖြတ်တာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင် ပါတယ်။

စတော်ဘယ်ရီ

မလိုအပ်တဲ့ အဆီတွေကို ဖယ်ရှားပေးပြီး သွေးဖိအားပုံမှန်ဖြစ် အောင် သွေးတွင်းသကြားပုံမှန်ဖြစ်အောင် လုပ်ဆောင်ပေးပါတယ်။

လိမ္မော်သီး

ကိုယ်အလေးချိန် လျော့ကျစေပြီး ဆီးချိုရောဂါ ဖြစ်ပွားမှုအန္တရာယ် ကို ကာကွယ်ပေးနိုင် ပါတယ်။ သွေးတွင်း သကြားပမာဏ ပုံမှန်ဖြစ်အောင် ထိန်းထားပေးနိုင်ပါတယ်။

သစ်တော်သီး

ဗီတာမင်အေ၊ ဘီဝမ်း၊ စီနဲ့ အီး၊ အမျှင်ဓာတ်တွေကြောင့် သွေး တွင်းသကြားဓာတ်ကို ထိန်းပေးပြီး ကိုလက်စထရောကျစေကာ ကိုယ်ခံ စွမ်းအားကောင်းစေပြီး အစာချေဖျက်မှု ကောင်းစေပါတယ်။

ကီဝီသီး

ကျန်းမာရေးအတွက် ဘက်စုံအကျိုးပြုပြီး ဗီတာမင်အစုံလည်း ပါ တာကြောင့် ဆီးချိုသမားတွေ လက်စွဲ စားပေး သင့်ပါတယ်။

Ref: top10homeremedies

ကွမ်းစားတတ် သူများ သတိထားစေချင်

 
သူ့နာမည်က ကိုချိုကြီးပါ…
ကျွန်တော်သူ့ကို (--.၄.၀၆)မှာစတင်တွေ့ဘူးခဲ့တာပါ..သူဟာမြေလတ်ပိုင်းက အခမဲ့ဆေးခန်းလေး တစ်ခု မှာ လာရောက်ကုသမှုခံယူခဲ့တာပဲ ဖြစ်ပါတယ် ။ အဲဒီမှာသူနဲ့ စတင်တွေ့ခဲ့ရတာပါ…
သူ့ကိုတွေ့တော့ သူ့ရဲ့ထူးခြားမှုကို ပထမဆုံး သတိထားမိပါတယ်…၊သူဟာ အခြားလူနာများနဲ့ ခပ်ခွာခွာ ထိုင်ရင်း မျက်နှာကို တဘက်ရှည်လေးတစ်ထည်နဲ့ပါတ်ထားပါတယ် .. ခေါင်းမြီးခြုံမလေးတွေလို သူ့မျက်လုံး ကိုသာ မြင်နေရပါတယ်…ဒီလိုနဲ့သူပြသခွင့်ရတဲ့အလှည့်အရောက်မှာ ..
သူ ဆေးခန်းထဲကို ဖြည်းဖြည်းပဲ..၀င်ရောက်လာပါတယ်..၊ သူ့နံဘေးမှာ အခြားလူနာများလို ဖေးမမယ့် လူနာစောင့်ပါမလာပါဘူး ။ ဒါနဲ့ စပ်းသပ်ခုတင်ပေါ် သူထိုင်ပါတယ်…
ဆရာဝန်နဲ့အတူ စမ်းသပ်မယ့် ဆရာမလေးက သွေးပေါင်ချန်စက် ကလေးသူ့နဘေးချ ၊ ဆရာဝန်က သူ့ကို မေးပါတယ်…“ဘာဖြစ်တာပါလဲ” ….
သူ့ဆီက စကားပြန်မလာပါဘူး… နောက်ထပ်တစ်ကြီမ် ထပ်မေးရပြန်ပါတယ်… “ဘာဖြစ်ပါသလဲ” သူ ဆရာဝန်ကိုကြည့်ပါတယ်.. နောက်ဆရာမလေးကိုကြည့်ပါတယ်… ဆေးခန်းလေးဟာ တဒင်္ဂ တိပ်နေ ပါတယ်….
ဖြည်းညှင်းစွာဘဲ သူ့လက်တွေ စတင်လှုပ်ရှားပါတယ် …သူ့မျက်နှာကပါတ်ထားတဲ့. တဘက်ဝါလေးကို ခွာချလိုက်ပါတယ်…
သူနာပြုဆရာမလေး ရုပ်တရက် ခြေတစ်လှမ်းနောက်ဆုတ်သွားပါတယ်…ဆရာဟာ အံ့အားသင့်စွာနဲ့ ဘဲ ခေတ္တ ဆိပ်ငြိမ်နေပါတယ်…သူ့ထံက စကားပြောဖို့ ကြိုးစားပါတယ် တရှဲရှဲ အသံနဲ့ လက်ဟန်ခြေဟန် ဘဲပြနိုင်ပါတယ် သူ..စာရွက်နဲ့ဘောပင်တောင်းနေတာပါ။
သူ့ရဲ့ စကားပြော ရာ အထောက်အကူပြု့ / ဋ္ဌာန် ၊ ကရိုင်းတို့ဖြစ်တည်ရာ .နှုတ်ခမ်းတစ်ခုလုံးနဲ့ ပါးတစ်ခြမ်းလုံး ဟာ မရှိသလောက်ဖြစ်နေပါပြီ မျက်နှာရဲ့ တစ်ဝက်နီးပါးဟာအနာအတိနဲ့ ရုပ်တရက်မြင် ရသူတို့ လန့်ဖြန့်သွားလောက်သလို… အနာများရဲ့အနံ့အသက်ဟာလည်း ဆိုးဝါးလှပါတယ်…
လွန်ခဲ့တဲ့တစ်နှစ်ကျော်က ကွမ်းစားရင်း စဖြစ်ခဲ့တာပါဆိုတဲ့ သူရေးပြတာလေး ဖတ်ရလို့သိ၇ပါတယ် ၊ သူ့အကြောင်းကို စာနဲ့ရေးပြခဲ့ပါတယ် ..သူ့အသက်က. ၄၀ ကျော်လောက်ပါ… သူ..ကွမ်းကို ခုံမင်စွာ စားခဲ့ပါတယ် တဲ့ …ဘယ်လောက်ထိကြိုက်ခဲ့ပါသလဲဆိုရင် ညအိပ်ရင်း ကွမ်းငုံအိပ်တဲ့ထိပါတဲ့ … ကွမ်းစားဆေး များကိုလဲ ခုံမင်ပါတယ်..ဆိုင်ကပုံမှန်ယာပေးတာထက် ပိုထည့်ခိုင်းမိပါတယ်တဲ့ …
ဒီလိုနဲ့တနေ့တော့ သူ့ပါးစောင်မှာ အနာသေးသေး ဖြစ်လာပါတယ်… သူအမှတ်တမဲ့ဘဲထားလိုက်ရာက …အနာက ပိုဆိုးလာပါတယ် …၊ ဆေးခန်းကို သွားပြဖြစ်ပါသေးတယ် စားဆေးလေး သောက်လိုက် လို့ သက်သာသလိုရှိတော့ နောက်ထပ် ဆေးခန်းကို မရောက်ပြန်ဘူး ။
ဒီတစ်ခါထပ်ဖြစ်တော့ ပါးအပြင်ထိ အနာကဖောက်ထွက်လာပါတော့တယ် သူလက်လှမ်းမှီ ရာဆေးခန်း များပြရင်း ရန်ကုန်ကိုသွားကုဖြစ်ပါတယ် ၊ သမားတော်ဆီရောက်လို့ သံသယရှိ တဲ့အတွက် သူ့အသားဆဲလ် ကိုယူပြီး ဓါတ်ခွဲခန်းမှာ စစ်ဆေးကြည့်တော့ ကင်ဆာပါတဲ့…။
သူစိုးရီမ်စိတ်နဲ့ တတ်စွမ်းသမျှ ပျောက်ကင်းနိုင်ဖို့ကြိုးစားပါတယ် … သူပိုင်ဆိုင်မှုဟာ သူ့ရောဂါကို.
ပျောက်ကင်းနိုင်တဲ့ထိ မလုံလောက်တော့ပါဘူး… သူ စိတ်လျှော့လိုက်ပါတယ်….သူ့ရပ်ရွာမှာဘဲ သူခေါင်း ချချင်ပါတယ် ..သူမြို့သူပြန်ပါတယ်…
ဒီလိုနဲ့ ဝေဒနာနဲ့ စိတ်ဒုက္ခကြားမှာ သူ့ရောဂါဟာပိုဆိုးလာပါတယ်…စိတ်ညစ်ညစ်နဲ့နေလာခဲ့ရင်း…
သတင်းတစ်ခု သူကြားပါတယ်…သူနေတဲ့ မြိုလေးမှာ အခမဲ့ဆေးခန်းလေးတစ်ခု ဖွင့်ပါတယ်တဲ့..
သူ့ရဲ့မိတ်ဆွေကောင်းလေးဆီက သီတင်းလေးပါ ။ မိတ်ဆွေလေးက ဆိုက်ကားဆရာလေးပါ…
ဆိုက်ကားခမယူဘဲ နံက်ပိုင်းကုသခွင့်အတွက် တန်းစီရတဲ့ ခုံတန်းလေးမှာ သူ့ကိုပို့ပေးခဲ့ပါတယ် ၊
နောက် ဆိုက်ကားဆရာလေးက သူ့ကိုပြန်လာကြိုပေးပါတယ် ..။
ဒီလိုနဲ့ သူ အခမဲ့ဆေးခန်းလေးမှာ ဆေးကုသ ခံယူခဲ့ပါတယ်…၊ သူသိပါတယ်…သူဟာ မပျောက်ကင်းနိုင်ဘဲ ကင်ဆာဆဲလ်များရဲ့ နှိပ်စက်မှုဒဏ်နဲ့ တစ်နေ့ထက်တစ်နေ့မရဏမင်းရဲ့ ခံတွင်းဝကို တစ်လှမ်းချင်း တိုးနေရသူပါဆိုတာ…။ အခမဲ့ဆေးခန်းလေးရဲ့ တာဝန်ခံဆရာဝန်ကလဲ သူ့အခြေအနေကိုသိသလို ဆရာမ များနဲ့ဆေးခန်းလေးရဲ့တာဝန်ရှိသူတွေလည်း သိကြမှာပါဘဲ။
သူ အားနာစွာနဲ့ အီမ်မှာ နှစ်ရက်လောက်ငိုကြွေးနေမိပါတယ်…၊မမျှော်လင့်ဘဲ အခမဲ့ဆေးခန်းလေးမှာ
ဆေးကုသမှုခံယူနေတဲ့ တစ်ရပ်ထဲနေ လူနာတစ်ယောက် သူ့အိမ်ရောက်လာ ပါတယ် ဆေးခန်းကို သူရောက်မလာလို့ စကားကြုံပါးလိုက်တာပါ။…ခရီးစရိတ်လေးပါပေးလွှတ်လိုက်ပါတယ်တဲ့။ သူမျက်ရည် ကျမိပါတယ်… ၊ဒီတစ်ခါတော့..သူ့မျက်ရည်ဟာ…သူ့အပေါ်ဂရုတစ်စိုက်ရှိလှပြီး စာနာမှုအပြည့်နဲ့ ကမ်းလင့်လာတဲ့ မေတ္တာလက်များအတွက်… ကြည်နူးမှုအပြည့်နဲ့ ကျရတဲ့ “ပီတိ”မျက်ရည်စက်များ ပါဘဲ….။
သူ့ရင်ထဲမှာကျေနပ်မှု အပြည့်နဲ့ပါ။ သူကိုယ်တိုင်လည်း သိပြီးဖြစ်သလိုဆရာများ နဲ့ ဆေးခန်းတာဝန်ရှိသူ များလဲ သိပြီးဖြစ်ပါလိမ့်မယ်။သူဟာ သေလူပါ ။ ဒါပေမယ့် သူကျေနပ်ပါတယ် …၀မ်းသာ တယ်…ပီတိဖြစ်တယ်…သူသေရရင်တောင်… လူသားတစ်ယောက်ရသင့်တဲ့အပြည့် အ၀ စောင့်ရှောက် ကုသမှုကို ခံယူရတဲ့အတွက် …သူ.. ကျေနပ်ပါတယ်…စိတ်ချမ်းသာပါတယ်…
သူဟာ. အခမဲ့ဆေးခန်းလေးမှာ ( ၆ ) လလောက် လာရောက်ကုသမှုခံယူသွားပါတယ်( .၁၂ . ၀၇) မှာသူဆုံးပါးသွားပါတယ်..။ဆေးကုသမှုခံယူနေစဉ်မှာဘဲ…သူ့ဆန္န သူ့ရဲ့ခွင့်ပြုချက်နဲ့ သူ့ကိုဓါတ်ပုံရိုက်ခဲ့ ပါတယ်..၊သူ့လိုကွမ်းချစ်သူများကိုဆင်ခြင်နိုင်ဖို့ မှတ်တမ်းနဲ့ဓါတ်ပုံအတွက် ကြည်ဖြူစွာခွင့်ပြုချက်ပေးခဲ့ပြီး သူ့ဘ၀နဲ့ရင်းခဲ့ရတဲ့ သင်္ခန်းစာတစ်ခုကို အများသိရှိနိုင်စေဖို့ ခုလိုတင်ပြပေးရခြင်းပါ…။
Credit - Piti Charity Dispensary
Soe Lwin @ စိုးလွင်

သခွားသီးအရည် သံပရာရည် တစ်ဇွန်းနှင့် ရေအေးရောစပ်ကာ မျက်နှာနှင့် ခန္ဓာကိုယ် အနှံ့လိမ်းပေးပါက ဆီးနှင့် အသားပူခြင်း ရောဂါများ ပျောက်ကင်းနိုင်


အသားအရေပူသူများ၊ ဆီးရောဂါနှင့် အမျိုးသမီးများ ဓမ္မတာ သွေးပုပ်ကျန်သည့် အမျိုးသမီး ရောဂါများကို ခံစားနေရပါက မိမိအိမ်တွင်း၌ပင် ကုသပျောက်ကင်းစေနိုင်သည့် သဘာဝသစ်သီး များနှင့် ဆေးကုသနည်း တစ်ရပ်ကို ရေးသား ဖော်ပြလိုက်ရပါသည်။

သခွားသီးတစ်လုံးကို အစေ့ထုတ်၍ အရည်ရသလောက် ညှစ်ယူထားပြီး သံပရာရည် တစ် ဇွန်းနှင့် ရေအေးအေးတွင် ရောစပ်ကာ သမအောင်မွှေပြီးလျှင် မျက်နှာနှင့်ခြေ၊ လက်၊ ခန္ဓာကိုယ်မကျန် လိမ်းကျံပေးခြင်းအားဖြင့် အသားအရေ ချောမွတ်စိုပြည်လာပြီး  ပူနေသည့် အသားကို အေးမြ လာစေ မည် ဖြစ်သည်။ နေ့စဉ်ညအိမ်ရာဝင်တိုင်း အမြဲပြုလုပ် ပေးပါက မျက်စိကြည်လင်ခြင်းအပြင် ဆီးရောဂါနှင့်  ဓမ္မတာ သွေးပုပ်ကျန် အမျိုးသမီးများ အတွက် ရောဂါများကို ပျောက်ကင်းစေနိုင်သည်ဟု ဆေးသုတေသန မှတ်တမ်းများအရ သိရသည်။

''အခုနောက်ပိုင်း ရောဂါတစ်ခုခုဖြစ်ရင်ပဲ ဖြစ်ဖြစ်၊ ဝေဒနာတစ်ခုခုဖြစ်ရင်ပဲ ဖြစ်ဖြစ် ဆေးခန်းကိုသွားပြီး မပြချင်ကြဘူး။ အိမ်ထဲမှာပဲ ဆေးမြီးတိုတွေနဲ့ ကျိတ်ကုကြတယ်။ ဒါကကောင်းတော့ မကောင်းဘူး၊ အနာ နဲ့ဆေးမတည့်ရင် ရောဂါတွေ ပိုဆိုးလာမယ်။ ဒါပေမဲ့ သဘာဝသစ်သီးတွေနဲ့ ကုသရင်တော့ ဘေးထွက် ဆိုးကျိုး မရှိနိုင်ပါဘူး''ဟု တိုင်းရင်း ဆေးသမားတော်ကြီး ဒေါ်သီသီထွန်းက ပြောသည်။
အရေပြားဆိုင်ရာ ချောမွတ်လာစေရန်နှင့် ဝင်းဝါသော အသားအရောင်၊ အေးမြသော ကိုယ်ရေ ကိုယ်သား တို့ကို ရရှိစေရန်အတွက် မက်မွန်သီးတစ်လုံး၊ နှစ်လုံးကို ရေနွေးဖြောပြီး အစေ့ထုတ်ကြိတ်၍ အရည်ညှစ် ယူထားကာ သံပရာရည်၊ ခရမ်းချဉ်သီးရည်နှင့် လက်ဖက်စိုရည် တစ်ဇွန်းစီ ရောမွှေရမည်ဖြစ်သည်။ ယင်းနောက် မိမိခန္ဓာကိုယ်ကို သုတ်လိမ်းပေးမည် ဆိုပါက အဆီပြန်ခြင်း ကင်းဝေးသွားပြီး အေးမြသည့် အသားအရေကို ပိုင်ဆိုင်ရရှိလာမည် ဖြစ်သည်။

ထို့အပြင် ပါးရေတွန့်ခြင်းနှင့် အရေပြား ဆိုင်ရာ ပြယုဂ် တစ်ခု ဖြစ်သော နဖူးရေ တွန့်ခြင်းတို့မှာလည်း လိမ်ညာ၍မရသည့် အရေပြားလျော့ရဲသည့် လက္ခာဏာ တစ် ရပ်ဖြစ်ပြီး ထိုအရေးအကြောင်းများနှင့် အသားရေ တွန့်ခြင်းတို့ကို ပြေပျောက်စေမည့် နည်းလမ်း မှာ ဂေါ်ဖီ ထုပ် အလယ်ရွက်ဖြစ်သော အရည်ရွှမ်း မည့် အရွက်သုံးရွက်ခန့်ကို သန့်စင်အောင် ဆေးကြော၍ ပျားရည် လက်ဖက်ရည် တစ်ဇွန်းနှင့် ရေထည့်ကာ သမအောင်မွှေ၍ အရည်ရအောင် ညှစ်ယူလိုက်ပြီး ရရှိသော အရည်ကို မျက်နှာ၊ လက်မောင်း၊ လည် ပင်းနှင့် ခြေလက်တို့ကို လိမ်းကျံပေးခြင်းဖြင့် အရေပြားတွန့်ခြင်းကို သက်သာစေနိုင် မည် ဖြစ် သည်။       

Ref: မြ၀တီကျန်းမာရေးသတင်း
        

ဗိုက်ခေါက်ထူ/ ဗိုက်ပူလို့ အလှပျက် နေသူများ အတွက်



မိန်းခလေးဘဲ ဖြစ်ဖြစ် ယောင်္ကျားလေး ဘဲဖြစ်ဖြစ်... အလှအပကို မြတ်နိုး တတ်ကြတာ... သဘာဝပါ... ဒါ့ကြောင့် ဗိုက်ခေါက်ထူ/ ဗိုက်ပူပြီး အဆီများ နေသူတွေ အတွက်... လက်တွေ့... ၇ ရက်အတွင်း...
သိသိသာသာ ဗိုက်ချပ်ပြီး အဆီကျ စေတဲ့ ဆေးနည်းလေးကို မျှဝေ လိုက်ပါတယ်... ဆေးနည်းက အလွန်လွယ်ပြီး အကုန်အကျလည်း အလွန် သက်သာပါတယ်...  အိမ်မှာ ရှိတတ်တဲ့ ပစ္စည်းလေး တွေကို ရောစပ်ပြီး အသုံးပြုရမှာပါ..
ပါဝင်တဲ့ ပစ္စည်းတွေ ကတော့... သံပုရာသီး၊ အုံးဆီ၊ ဆေးပူ(ဒဏ်ကြေလိမ်းဆေး) တို့ကို တစ်ခါ လိမ်းရုံ... ရောစပ်ပြီး လိမ်းပေးရမှာပါ...
ဖေါ်စပ်နည်း
သံပုရာသီး တစ်လုံးရဲ့ ၅ ပုံ တစ်ပုံလောက်ကို လှီးပြီး... အကြမ်း ပုဂံလုံး ထဲကို အရည်ညှစ်ပါ... အကြမ်း ပုဂံလုံး ထဲသို့ အုံးဆီ သုံးလေးစက်လောက် ထည့်ပေးပါ... ထို့နောက် .... ဂဠုန်ရာဇာ/ မိဂသီ/ ရှမ်းရိုးမ/ လင်ဇီး (လိမ်းဆေးထည့်) တစ်မျိုးမျိုးကို တစ်ခါ လိမ်းစာ အနေတော် ထည့်ပြီး... မွှေပေးပါ...
အသုံးပြုနည်း
ညအိပ်ယာ ၀င်ခါနီးတိုင်း...ဆေးကို ရင်ခေါင်းမှ ၀မ်းဗိုက်သို့ အထက်မှ အောက်သို့ ဆွဲချပြီး အသားထဲ စိမ့်ဝင်အောင် ပွတ်လိမ်းပေးပါ... ခါးတွင် အဆီရှိပါက ခါးမှ ချက်သို့ ပွတ်လိမ်း ပေးနိုင်ပါတယ်... တစ်ပါတ်အတွင်း သိသာစွာ... ဗိုက်ချပ်လာသည်ကို... လက်တွေ့... တွေ့မြင် ခံစားရမှာပါ...
မှတ်ချက်- ညစာကို ပုံမှန်ထက်... လျှော့စားပေးရင်... ပိုပြီး သိသိ သာသာ ဗိုက်ချပ် စေပါတယ်... တစ်ပါတ် အတွင်း သိသိသာသာ အဆီနှင့် အခေါက်များ လျှော့ကျ သွားမှာ ဖြစ်ပါတယ်။

ကျောက်ကပ်နှင့် သွေးတိုးရောဂါ



ကျောက်ကပ်မှာ ရောဂါတစ်ခုခုရှိရင် ဒါမှမဟုတ် ကျောက်ကပ်ထဲ သွေးအရောက်နည်းရင် သွေးဖိအား တက် လာတတ်တယ်။ ကျောက်ကပ် ထိခိုက်မှုသိသာလေ သွေးဖိအားတက်မှု သိသာလေဖြစ် တယ်။ ကျောက်ကပ် ရောဂါသည်တိုင်းမှာ သွေးတိုးရောဂါ ယှဉ်တွဲပြီးရှိနေ တတ် တယ်။ သွေးတိုး ဆိုတာ က သွေးဖိအားတိုင်း ကိရိယာနဲ့တိုင်းတဲ့အခါ အပေါ်သွေးဖိအား ၁၄ဝ မီလီမီ တာ၊ အောက်သွေး ဖိအား ၉ဝ မီလီမီတာ ပြဒါးကျော် မှ ခေါ်ဆိုခြင်းဖြစ်တယ်။ သာမန် လူတစ်ဦး အနေနဲ့ အပေါ်အောက် ၁၂ဝ/၈ဝ မီလီမီတာ ပြဒါးခန့်သာ ရှိတယ်။

အသက်ကြီးလာရင် သွေးတိုးနဲ့ ကျောက်ကပ်ရောဂါ ပိုဖြစ်တတ်တယ်။ သွေးတိုးရောဂါ ခံစားရသူ ၁ဝဝ မှာ ၉ဝ ခန့်ဟာ ဘာကြောင့်ဖြစ်မှန်း မသိပါ။ ဒါပေမဲ့ ၁ဝ ရာခိုင်နှုန်း က ကျောက်ကပ်ရော ဂါကြောင့် ဖြစ် ပြီး ကျောက်ကပ်ရဲ့အထက် အကျိတ်ရောင် ရောဂါကြောင့် ဒါမှမဟုတ် ဦးနှောက်နဲ့ကျောရိုး နာ့ဗ်ကြောရော ဂါ အချို့ကြောင့်လည်း ဖြစ်နိုင်တယ်။

 သွေးတိုးလူနာ အများစုဟာ ကျောက်ကပ်ကြောင့်ဖြစ်တဲ့ သွေးတိုးက မများလှဘူးလို့ ဆိုတယ်။ ဒါပေမဲ့ ကျောက်ကပ်ရောင် ရောဂါသည် တိုင်း သွေးတိုးကြပါတယ်။ ကျောက်ကပ်က ရီနင်ကို ထုတ်ပေးတဲ့ အတွက် အခြားဟော်မုန်းဓာတ် ပစ္စည်းများနဲ့ ပေါင်းပြီး သွေးဖိအား တက်စေတယ်။ ရီနင်ဟာ ကျောက် ကပ်ရောဂါရ တိုင်း ကျောက်ကပ်ကို သွေးရောက်နည်းတဲ့ အခါမှာ ပိုထွက်လာတတ်တယ်။
အချို့ပညာရှင်များက ကျောက်ကပ်၊ နှလုံးဖြတ်တောက် လဲလှယ်ပြီးပေမယ့်လည်း သွေးတိုး ပြန်တယ် ဆိုတယ်။ ကိုယ်အင်္ဂါက ထုတ်တဲ့သွေးဖိအား တက်စေတဲ့ ဓာတ်များကို  ပုံမှန်အားဖြင့် ကျောက်ကပ်က ဖျက် ဆီးပေး၊ ထိန်းပေးရာက ကျောက်ကပ်နှစ်ခု မကောင်းတဲ့အခါ အထိန်းမဲ့လို့ သွေးတိုးရခြင်းဖြစ် တယ်။ ကျောက်ကပ်ကြောင့် သွေးတိုးရ တဲ့ ရောဂါအမျိုးမျိုးကတော့

(၁) ကျောက်ကပ်ရောင်ရောဂါ အမျိုးမျိုး၊
(၂) ဆီးခံကတော့ ကျောက်ကပ်ရောင် ရမ်းခြင်း၊
(၃) ကျောက်ကပ်သွေး အရောက်နည်းခြင်း၊
 (၄) ရေအိတ်များ ကျောက် ကပ်ရောဂါ၊
(၅) ကျောက်ကပ်၌ အသားပိုထွက်၊ အကျိတ်ထွက်၊ သွေးကြောပြတ်ခြင်း၊
(၆) ကျောက်ကပ် သွေးလွှတ်ကြော ကျဉ်းခြင်း၊
(၇) ဗီတာမင်ဒီ များလွန်းခြင်း၊
(၈) သိုင်းရွိုက် ဘေးအကျိတ် လွန်ကဲခြင်း၊
(၉) သွေးလွှတ်ကြော ပတ်လည်ရောင်ရမ်းခြင်း၊
(၁ဝ) တစ်ကိုယ်လုံး အနီကွက်ပေါ်ခြင်း၊
(၁၁) သွေးခဲမှုနည်းသော ရောဂါ၊
(၁၂) အေမိုင်လွိုက်ဒိုးဆစ် ခေါ် ကျောက်ကပ်တွင် ကျောက်တည်ခြင်း၊
(၁၃) ဆီးလမ်းကြောင်းပိတ် ရောဂါတွေဖြစ်တယ်။
ကျောက်ကပ် တစ်လုံးတည်း ရောဂါရပြီး ပြင်းထန်ပါက ကျောက်ကပ်ပြည်တည်ရောင်နာ ဖြစ်ကာ သွေးဖိအားအတက်မြန်ပြီး သွေးတိုး ပြင်းထန်တယ်။ အပေါ်သွေး ၁၅ဝ-၂ဝဝ ကျော်၊ အောက်သွေး ၁၅ဝ-၁၆ဝ မီလီမီတာကျော်အထိ တက်နို င်ပြီး ခေါင်းအလွန် ကိုက်ခြင်း၊ မျက်စိမှုန်ဝါး၊ နှလုံးခုန်အားကျပြီး သတိမေ့ကာ ချက်ချင်းသေဆုံးနိုင်တယ်။ အဲဒါကို   သွေးဖိအား အတက်ကြမ်းပြီး သွေးတိုးရောဂါဆိုး သို့မဟုတ် သေစေနိုင်တဲ့ သွေးတိုးလို့ ခေါ်တယ်။

ကုသပုံ ကတော့ သွေးတိုးရောဂါ ကုသပုံနဲ့ အတူတူပဲဖြစ် တယ်။ ကျောက် ကပ်ကြောင့် ရတဲ့ သွေးတိုးရောဂါ မှာ ရောဂါပျောက်ရန် ကုသဖို့လို တယ်။ ကျောက် ကပ်ရောဂါ ပျောက်ပါ က သွေးတိုးပျောက် သွားတယ်။ ကျောက်ကပ်ရောဂါ မပျောက် ရင် သွေးတိုးမပျောက် ပါ။ သွေးတိုးရော ဂါရှိရင် ကျောက် ကပ်ရောဂါဟုတ်၊ မဟုတ် အာထရာဆောင်းရိုက်ခြင်း၊ ယူရီးယားခရစ်ထီ နင် ဖောက် စစ်ခြင်း၊ သွေးကြောထဲ ဆေးထည့် ရိုက်ခြင်းများလုပ်ပြီး စစ်ဆေးနိုင်တယ်။

Ref :  မြ၀တီ ကျန်းမာရေးသတင်း

သွေးတိုးနှုန်းကို ကျဆင်းစေသည့် နွားနို့


ဂျပန် ဆေးပညာရှင် များ၏ ယူဆချက် အရ နွားနို့သည် သွေးတိုးရောဂါ ကို ကာကွယ် ပေးနိုင်သည့် သတ္တိရှိ သည်ဟု ယူဆကြသည်။

အကြောင်းရင်းမှာ နွားနို့တွင် ပါဝင်သော ပရိုတင်း ဓာတ်များသည် သွေးကြောများ၏ ပျော့ပျောင်းမှုကို ထိန်း သိမ်းပေးပြီး သွေး ကြော မာကျစ်မှု မရှိအောင် တားဆီးပေးခြင်း၊ ဆိုဒီယမ်(ဆားဓာတ်) လွန်ကဲမှုကို ချေ ဖျက်ပေးသည့် အာနိသင် ရှိကြောင်း သိရသည်။

ဂျပန် ဆေးပညာရှင်များက ကျန်းမာသည့် အရွယ် ရောက်ပြီးသူ ၁၃၁ ဦးကို စမ်းသပ် စောင့်ကြည့် အကဲ ခတ်ခဲ့ကြပြီး အစမ်းသပ်ခံ ပုဂ္ဂိုလ်များ အားလုံးသည် နေအိမ်၌ပင် နေကြရသည်။ နေ့စဉ် နွားနို့ (သုံးပုလင်း= ၆ဝဝ စီစီ)ကို သောက်ကြရပြီး ၁ဝ လကြာသည့် နောက်တွင် မူလက အပေါ်သွေးတိုးနှုန်း ၁၁ဝ ရှိခဲ့ကြ သည့် သူများသည် သွေးတိုးနှုန်း အနည်းငယ် လျော့ကျ သွားသည်ဟု အဆိုပါ သိပ္ပံ ပညာရှင်များ က ပြောကြား ခဲ့သည်။

အဆိုပါ စမ်းသပ် တွေ့ရှိချက်များ အရ နွားနို့သည် သွေးတိုး ရောဂါများကို သွေး တိုးနှုန်း ချပေးနိုင်ပြီး သွေး တိုးနှုန်းသည် အစားအသောက်နှင့်လည်း မလွဲမသွေ ပတ်သက် ဆက်နွှယ်မှု ရှိသည်ဆိုသည့် အချက်ကိုပါ သိရှိနိုင်သည်။
Credit : Myawady

http://www.lyhealthcare.com/topics/သွေးတိုးရောဂါ

သင့်ကျန်းမာရေး (ကဖင်းဓာတ်ရဲ့ဘေးထွက်ဆိုးကျိုးများ)

 
ကော်ဖီ၊ လက်ဖက်ရည်၊ လက်ဖက်သုပ်တို့ဟာ မြန်မာလူမျိုးတို့ အကြိုက်ဖြစ်ပါတယ်။ ကော်ဖီ၊ လက်ဖက်ရည်တို့မှာ ကဖင်းဓာတ် ပါရှိတယ်။ လူကို လန်းဆန်း စေတယ်။ ငိုက်မျဉ်းမှု လျော့စေတယ်။ ထို့အ တွက်ကြောင့် လက်ဖက်ရည်၊ ကော်ဖီကို လူတွေ မသောက်ရ မနေနိုင်အောင် စွဲနေတတ်ကြတယ်။
သုတေသနပြုမှု တစ်ခုအရ ကော်ဖီနဲ့လက်ဖက်ရည်ကို မသောက်ရမနေနိုင်အောင် စွဲလမ်းကာ အလွန်အ ကျွံ သောက်သုံးပါက ခြေလက် အင်္ဂါ မစုံတဲ့ ကလေး မွေးဖွား လာတတ်တယ်။ နှလုံးရောဂါ၊ ကင်ဆာရောဂါ တို့နဲ့ဆက်စပ်နေတယ်။မသောက်ရမနေနိုင်အောင်  စွဲလမ်းခြင်းက ဖင်းဓာတ်ကို သောက်သုံးနေသူ များ၊ ကော်ဖီကိုနေ့စဉ်မသောက်မနေရစွဲလမ်းသူများရှိတယ်။ ကော်ဖီကိုလုံးဝမသောက်ဘဲဖြတ်ရင် မအိပ်နိုင် ဘဲဖြစ်သွားတယ်။ စိတ်ဓာတ်ကျဆင်းသလို၊ ဒေါသဖြစ်သလို ခံစားရပြီးခေါင်းအုံနေတတ်တယ်။ အချို့ တစ်နေ့လေးခွက်မှ ခြောက်ခွက်အထိသောက်ရမှအိပ်ပျော် စားဝင်တာ တွေ့ဖူးတယ်။ 
 မစွဲလမ်းသင့်သော အစားအသောက်မျိုးဖြစ်တဲ့ အတွက် ဖြည်းဖြည်းချင်းလျှော့ ချ၍ နောက်ဆုံး ဖြတ် လိုက်တာ ကောင်းပါတယ်။ ကျန်းမာရေးထိခိုက်ခြင်း တစ်နေ့ကို ကော်ဖီ ၂ ဒသမ ၅ ခွက်ထက် ပို၍ သောက်သုံးသူ အချို့မှာ ထုံနာ၊ ကျဉ်နာ၊ အသက်ရှူမဝတဲ့ လက္ခဏာမျိုး ခံစားရတတ်တယ်။ လက်ဖက်ရည်တစ်နေ့ ၁ဝ ခွက်သောက်သုံးသူ ၁ဝ ရာခိုင်နှုန်းမှာ နားထဲအသံများကြားနေ ရခြင်း၊ ခြေလက် များတုန်ခြင်း၊ မျက်စိထဲ အလင်းရောင် တဖျတ်ဖျတ်မြင်ရခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ အသက်ရှူမဝခြင်း၊ ကြွက်သားများ တောင့်တင်းပြီး အားကုန်နေခြင်း စသည့်လက္ခဏာများ ဖြစ်ပွားတတ်တယ်။ ကဖင်းဓာတ် ၁ဝ ဂရမ် (ကော်ဖီခွက် ၁ဝဝ)ကို တစ်ထိုင်တည်းသောက်ပါက အသက်ဆုံးရှုံးနိုင်တယ်။ ကဖင်းဓာတ်ကြောင့် သားသမီး ခြေလက်အင်္ဂါ မပြည့်မစုံ မွေးတတ်ခြင်း သားသမီး မွေးတဲ့အခါ ခြေလက်အင်္ဂါမစုံလင် တတ်သဖြင့် ၁၉၈ဝ ပြည့်နှစ်က အမေရိကန်ကျန်းမာရေးဌာနမှ ကော်ဖီအလွန်အကျွံသောက်သုံးတဲ့ ကိုယ်ဝန်ဆောင်များ ကို လျှော့သောက်ဖို့ သတိပေးစာဖြန့်ဝေထုတ်ပြန်ခဲ့ဖူးတယ်။
၁၉၈၂ ခုနှစ်အတွင်းက ဟားဗတ်တက္ကသိုလ်သုတေသီတစ်စုက ကိုယ်ဝန်ဆောင် ၁၂၂ဝ၅ ယောက် ကို လေ့လာကြည့်ရာ ကဖင်းဓာတ်က ကလေးငယ်ကို ဒုက္ခပေးတတ်တဲ့ အထောက်အထားမတွေ့သဖြင့် ကလေးကိုဒုက္ခမပေးဘူးလို့ဆိုပြန်တယ်။ကဖင်းဓာတ်ကနှလုံးကိုထိခိုက်ခြင်း၁၉၇၂ ခုနှစ်မှ ၁၉၇၃ ခုနှစ် အထိ ဘော့စတွန်တက္ကသိုလ်ပညာရှင် တစ်စုက ကော်ဖီအသောက်များ ရင် နှလုံးသွေးကြော ပိတ်ရောဂါဖြစ် လွယ်တယ်။
 ကော်ဖီသောက်ခြင်း တစ်ခုကြောင့်မဟုတ်ဘဲ စိတ်ဖိစီးမှုကြောင့်နှလုံးရောဂါရကြခြင်းဖြစ်တယ်။ နဂိုနှလုံးရောဂါအခံရှိသူများ ကော်ဖီ၊ လက်ဖက်ရည်များများမသောက်သင့်ပါ။ ဆရာဝန်ညွှန်ကြား မှ သောက် သင့်ကြောင်း ပြောကြားခဲ့ပါတယ်။ ကဖင်းဓာတ်ဟာ ကင်ဆာရောဂါကို ဖြစ်စေတတ်ပါတယ်။
 သို့သော် ကော်ဖီ၊ လက်ဖက်ရည်တစ်ခုတည်းကြောင့်မဟုတ်ဘဲ ဆေးလိပ်သောက်မှု၊ စိတ်ဖိစီးမှုတို့နဲ့ ယှဉ်တွဲနေတတ်တယ်။တန်ဆေးလွန်ဘေးမြန်မာနိုင်ငံမှာ လက်ဖက်စားတဲ့ဓလေ့ ရှိတဲ့အတွက် အချဉ်ဖောက် ထားတဲ့ လက်ဖက်စားသုံးမှုက အိပ်မပျော်ဖြစ်စေတယ်။ အခြားဆက်စပ်နေတဲ့ ရောဂါများ၊ ဥပမာ- အမျိုးသမီးများ ရာသီချုပ်ခြင်း၊ မပြီးဆုံးဘဲ တန့်သွားခြင်း၊ ဓမ္မတာမမှန်ခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ အိပ်မပျော်ခြင်းများ ဖြစ်နိုင်လို့ လက်ဖက်အစား ချင်း သို့မဟုတ် မိုးကျ လက်ဖက်ရွက်သုပ် စားသင့်ပါတယ်။ မည်သည့် အစားအစာမဆို ''တန်ဆေးလွန်ဘေး'' ဖြစ်နိုင်ကြောင်း သတိချပ်သင့်ပါတယ်။ ။
ဒေါက်တာလွင်သန့် (ဆေး-၂)
Ref : မြ၀တီ ကျန်းမာရေးသတင်း

ရိုးသလိုနဲ့ ဆန်းပြားတတ်တဲ့ ခြေစွယ်ငုပ်နာပေါ့လို့မရပါ

 
ခြေစွယ်ငုပ်နာဆိုတာလူတိုင်းလိုလိုနဲ့ မစိမ်းတဲ့ဝေဒနာပါ။ ဒါပေမဲ့ ဒီဝေဒနာဟာ ရိုးမလိုနဲ့ ဆန်းတတ်ပါတယ်။ သမားရိုးကျပဲဆိုပြီးပေါ့ဆထားလို့မရတဲ့ ကျန်းမာရေးပြဿနာတစ်ရပ်ပါ။ ခြေစွယ်ငုပ်နာ(Ingrown Nail) က ခြေ သည်း၊ လက်သည်းတွေဟာခြေမ၊ လက်မထောင့်ထိပ်စွန်းပိုင်းအသားနုထဲက မူမမှန်ကြီးထွား တိုးဝင်ရာ ကနေ ဖြစ်လာတဲ့ဝေဒနာတစ်ရပ်ပါ။ ခြေစွယ်ငုပ်နာ ဆိုပေမဲ့ ဒီဝေဒနာ ဟာ ခြေရော လက်ရော ဖြစ် တတ်ပါတယ်။ အထူးသဖြင့် ခြေမ၊ လက်မတွေမှာအဖြစ်များပြီးအမျိုးသားတွေမှာ ပိုအဖြစ်များ တတ်ပါတယ်။ အသက်အရွယ်အားဖြင့် လူငယ်နဲ့ လူလတ်ပိုင်းအရွယ် (၁၅ နှစ်နဲ့ ၄၀ ကြား) မှာပိုဖြစ်ပါတယ်။ သူ့ကို ဆေး ပညာအခေါ်အဝေါ်အရ Onychogryphosisor Unguis incarnatusလို့ ခေါ်ဝေါ်ပြီးသူ့ကိုအချိန်မီမကုသရင် အသားထဲ တိုးဝင်လာတဲ့ ခြေသည်း၊ လက်သည်းကြောင့် ရောဂါပိုးဝင်ပြီးအနာ ပြည်တည်၊ အနာရင်းပြီးခွဲ စိတ်ကုသရတဲ့အထိ ပြဿနာကြီးတတ်တာမို့ ပေါ့သေးသေးမှတ်လို့ မရပါ။ခြေစွယ်ငုပ်နာ ဖြစ်ရတာက

 
ခြေစွယ်ငုပ်နာဖြစ်ရတဲ့ အဓိကအကြောင်းအရင်းကအလုံပိတ်ဖိနပ် ကျပ်ကျပ် (ဥပမာ-ရှူးဖိနပ်၊ ထိပ်ပိတ်ဖိနပ်) စီးတာ၊ ခြေသည်းညှပ်ပုံမှားယွင်းတာ (အရမ်းတိုလွန်းအောင် ညှပ်တာ၊ ခြေသည်း ပုံဖော် လွန်း တာ)၊ ခြေထောက် အားသုံး အားကစား(သို့) ကာယလှုပ်ရှားမှုတို့နဲ့ ခြေသည်း၊ လက်သည်း မှိုရောဂါပိုး ၀င်တာတွေကြောင့် ခြေစွယ်ငုပ်နာဖြစ်ရခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် ခြေထောက် ချွေးထွက် များတာ (ခြေဆီအထွက်များတာ) နဲ့ ခြေတောက် ဖောရောင်လွန်းတာ၊ ဆီးချိုသွေးချိုရောဂါတွေကြောင့် လည်းခြေစွယ်ငုပ်နာဖြစ်ဖို့ အခွင့်အလမ်းပိုများပါတယ်။

 
ခြေစွယ်ငုပ်နာဖြစ်ရင်

 
ခြေစွယ်ငုပ်နာ ဖြစ်တဲ့အခါ အဖြစ်အများဆုံးလက္ခဏာရပ်ကတော့ ခြေစွယ်ငုပ် နာဖြစ် တဲ့ ခြေမထောင့်စွန်း မှာနာကျင်တာ၊ နီရဲရောင်ရမ်းတာတွေက ထင်သာမြင်သာဖြစ်တဲ့ လက္ခဏာတွေပါ။ ပထမအဆင့် ခြေစွယ် ငုပ်နာ မှာခြေမထောင့်စွန်းမှာအနည်းငယ် နီရဲရောင်ရမ်းပြီးနာကျင်မှု ရှိပါတယ်။ ဒါပေမဲ့ ပြည်တည်တာမ ဟုတ်သလို အဖျားဝင်တာမျိုးလည်းမရှိပါဘူး။

ဒါပေမဲ့ ခြေစစွယ်ငုပ်နာဟာတဖြည်းဖြည်းကြာလာရင် ခြေစွယ်ငုပ်နာမှာ ပြည်တည်ပြီးနာကျင်မှုပိုလာနိုင်ပါ တယ်။ အခန့်မသင့်လို့ ပိုးမွှားတွေဝင်သွားရင်တော့ အနာကပိုဆိုးပြီးအနာရင်းကာခြေမတစ်ခု လုံးရောင် ကိုင်းပြီး အဖျားပါဝင်တတ် ပါတယ်။ အကယ်၍ ဆီးချိုသွေးချိုလိုရောဂါအခံရှိခဲ့ရင်တော့ ပိုဆိုးရွားတဲ့ အခြေအနေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆီးချိုသွေးချိုရောဂါကြောင့် သွေးလည်ပတ် စနစ်နဲ့ အာရုံခံစနစ်တွေ ချို့ယွင်းနေတာကြောင့် အနာပိုဆိုးမှ သိသလိုအနာလည်း ကျက်ခဲ တာကြောင့် ဖြစ် ပါတယ်။

ဘယ်လိုကုသလို့ရလဲ

ခြေစွယ်ငုပ်နာကုသနည်းမှာအနာအခြေအနေအလိုက် ကုသနည်းတွေကလည်း အမျိုးမျိုးရှိပါတယ်။

ကိုယ်ပိုင်စောင့်ရှောက်မှု(အိမ်တွင်းစောင့်ရှောက်မှု)

ဒါကတော့ အနာကိုအိမ်တွင်းဆောင့်ရှောက်မှုအဆင့်ပါ။ အနာကိုပိုမဆိုးအောင် နဲ့ ရောဂါပိုးမွှားတွေ မ၀င်ရောက်နိုင်အောင် ခြေစွယ်ငုပ်နာစဖြစ်ချိန်မှာ လုပ်ဆောင်ရမယ့် စောင့်ရှောက်မှုပါ။ ပထမဆုံး ဆားသန့်ထည့်ထား တဲ့ ရေနွေးနွေးထဲမှာခြေထောက်ကိုတစ်နေ့ ၃-၄ ကြိမ် စိမ်ပေးပါ။ ခြေဆေး ပြီးရင် ခြေထောက်ကိုခြောက်သွေ့အောင် အ၀တ်သန့်သန့်နဲ့ သုတ်ပေးပါ။ ပြီးရင် ခြေစွယ် ငုပ်တဲ့ ခြေချောင်း က ခြေသည်းတစ်ဝိုက်ကို အနာသန့်စင်ဆေးရည်နဲ့ သန့်ရှင်းပေးပါ။ တို့နောက် လက်သည်းညှပ်ကို အရက်ပြန်နဲ့ သန့်စင်ပေးကာရှည်ထွက်ပြီး အရေပြားထဲနစ်ဝင်ခါစ ခြေစွယ်ကို အနည်းငယ် ကော်ထုတ်ပြီး ညှပ်ပေးပါ။ သွေးထွက်ရင် ပိုးသတ်သန့်စင် ထားတဲ့ဂွမ်းစနဲ့ သုတ်ပါ။ သွေးတိတ်စေရန် ဂွမ်းစနဲ့ ခေတ္တ ဖိထားပါ။

ပြီးရင် အနာသန့်စင်ဆေးရည် (Antiseptic Solution) သို့မဟုတ် အနာသန့်စင်ဆေး ခရင်မ် (Antiseptic cream) တစ်မျိုးမျိုးကိုခြေမထောင့်စွန်းခြေစွယ်ငုပ်တဲ့နေရာ မှာလိမ်းပေးပါ။ အိမ်တွင်းမှဆိုရင် ခြေမကိုဂွမ်းနဲ့ ဖွဖွအုပ်ထားပေးပြီး အပြင်ထွက်မှသာဖုန်နဲ့ ပိုးမွှားတွေမ၀င်အောင် ပတ်တီးစနဲ့ ဖုံးအုပ်ပေးပါ။ အလွန်တင်းကျပ်စွာစည်းနှောင်ထားပါကအနာသို့ သွေးစီးဆင်းလည်ပတ်မှု မကောင်းဘဲ အနာကျက်နှေး တတ်ပါတယ်။ အနာသန့်စင်ပြီးသွားရင်တော့ အနာကိုက်ခဲမှုမရှိအောင် အကိုက် အခဲပျောက် ရောင် ရမ်းကျဆေးတစ်မျိုးမျိုး (ဥပမာ- lbuprofen,paracetamol) သောက်သုံးပေးနိုင်ပါတယ်။ အကိုက် အခဲပျောက် ရောင်ရမ်းကျဆေးကိုသောက်တဲ့အခါ ဘေးထွက်ဆိုးကျိုးခံစားမှု လျော့နည်းအောင် အစာ စားပြီးမှ သောက်ပါ။

 
ဆေးရုံ၊ ဆေးခန်းတွင် ခွဲစိတ်ကုသမှု

အကယ်၍ သင့်ရဲ့ခြေစွယ်ငုပ်ရာကသင်ကိုယ်တိုင် ဖြေရှင်းမနိုင်လောက်အောင် ဆိုးရွားပြင်း ထန်လာ ရင်တော့ ဆေးရုံ၊ ဆေးခန်းသွားပြီး ဆရာဝန်နဲ့ ပြသ သင့်ပါတယ်။ ဒီလိုအခြေ အနေမှာခြေသည်းတစ်ခုလုံးကို ခွဲစိတ်ကာခွာထုတ်သင့် ခွာထုတ်ရပါမယ်။ ဒီအဆင့်မှာခွဲစိတ်ဖယ်ရှားပြီးနောက် အကိုက် အခဲပျောက်ဆေး အပြင် ပဋိဇီဝ ပိုးသတ်ဆေး(Antibiotics)ကိုပါ မှီဝဲရမှာပါ။ မေးခိုင်ကာကွယ်ဆေး ကိုပါ ထိုးတားဖို့ လိုအပ်ပါတယ်။ အကယ်၍ သင့်မှာဆီးချိုးသွေးချိုးရောဂါ၊ ခုခံအား ကျဆင်းရောဂါ (AIDS)နဲ့ ကင်ဆာ ကုထုံးခံယူနေသူဆိုရင် အနာကျက်နှေးပြီး အနာပိုးဝင်ဖို့ အခွင့်အလမ်းပိုများတာမို့ အနာကိုအထူးကြပ်မတ် ကုသစောင်ရှောက်မှုခံယူဖို့ လိုပါတယ်။

 
ခြေစွယ်ငုပ်နာမဖြစ်အောင်

၁။ ခြေသည်းကိုတိတိရိရိတစ်ဖြောင့်တည်းပုံသွင်းညှပ်ပါ။ ခြေသည်းကို အ၀ိုက် (အ၀ိုင်း) ဖြစ်အောင် မညှပ်ပါနှင့်။ အကယ်၍ သင့်မှာသွေးလည်ပတ်မှု မကောင်းစေနိုင်တဲ့ ပြဿနာအရင်းခံဖြစ်တဲ့ ဆီးချိုသွေး ချိုရောဂါနဲ့ သွေးကြော ဆိုင်ရာ ပြဿနာများရှိပါကခြေသည်းပုံသွင်းကျွမ်းကျင်သူများနှင့် ခြေသည်းညှပ်ဖို့ လိုပါတယ်။

၂။ ခြေသည်းကိုအရမ်းတိုအောင် မညှပ်ပါနှင့်။ ခြေသည်းကိုအရမ်းတို လွန်းအောင် ညှပ်တဲ့အခါ ဖိနပ်(သို့) ခြေဖျားထိပ်မှ ဖိအားကြောင့် ခြေထိပ် အသားနုထဲသို့ ခြေသည်းနစ်ဝင်ကြီးထွားဖို့ အားပေး တာမို့ ခြေသည်းကို အသားနဲ့ ထိကပ်နေအောင် မညှပ်ဘဲအရှည်နည်းနည်းချန်ထားပေးသင့်ပါတယ်။

၃။ အရမ်းကျပ်လွန်းတဲ့ဖိနပ် မစီးပါနှင့်။ အရမ်းကျပ်လွန်းတဲ့ အလုံပိတ်ဖိနပ်တွေ ကခြေသည်းတွေအပေါ် ဖိအားသက်ရောက်စေပြီး အသားနုထဲ ခြေသည်းနစ်ဝင်အောင် ပံ့ပိုးပေးတာကြောင့် ဖိနပ်ရွေးချယ်တဲ့အခါ နည်းနည်းချောင်တဲ့ ဖိနပ်ကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။

၎။ ခြေထောက်ကိုသန့်ရှင်းခြောက်သွေ့အောင် ထားပါ။ ခြေထောက်မှာ ဖုန်မှုန့်တွေ ကပ်ငြိတဲ့ အခါ၊ ချွေးတွေ၊ ခြေဆီတွေနဲ့ စိုစွတ်နေတဲ့အခါတွေ မှာခြေစွယ်ငုပ်နာကိုပိုဆိုးရွားစေပြီးအနာရင်းစေဖို့ အခွင့် အလမ်းများပါတယ်။ ဒါကြောင့် သင်ဟာအပြင် မကြာခဏသွားရသူ၊ ခြေဆီအထွက်များသူ ဆိုရင် ခြေထောက်ကိုမကြာခဏာဆေးကြောသန့်စင်ပြီးခြောက်သွေ့အောင် ထားပေးပါ။ ချွေးစုပ် တဲ့ ခြေထောက်လိမ်းပေါင်ဒါတွေလည်းရှိတာမို့ ခြေဆီအထွက်နည်းအောင် ပြုလုပ်လို့ရပါတယ်။

မှတ်ချက်။ ၂၀၁၄ ခုနှစ်၊မတ်လထုတ် ဇီဝကမဂ္ဂဇင်းစာအုပ်မှ သွန်းသော်တာ (B.NSc) ရေးသား သည့် ဆောင်းပါးအားကောက်နုတ်ဖော်ပြပါသည်။

MOI

သွေးတိုးရောဂါနှင့် လေစာလေး သတိထားနိုင်အောင်ပါ


စာရေးသူ၏ ဆေးခန်းသို့ လျှာလေးပြီး စကားမပီသူ ခပ်ဝဝ အမျိုးသမီး လူနာတစ်ဦး ရောက်လာပါသည်။ သူသည် အသက် (၅၀) ကျော်ရှိပြီ။ သူဘာဖြစ်ခဲ့သည်ကို သူ့ဖာသာ မပြောနိုင်။ နံဘေးမှ ပါလာသူ မိသားစုဝင် တစ်ဦးက ပြောပြရပါသည်။ နံနက်စောစော (၃) နာရီခန့်က အပေါ့ထသွားရင်း ခေါင်းထဲမှမူးပြီး လဲကျ မလို ဖြစ်ခဲ့သည်။ ဆောင်းတွင်းဖြစ်၍ အေးနေသော အချိန်လည်း ဖြစ်သည်။ အိမ်သားများသိ၍ အချိန်မီ
အိပ်ယာပေါ်သို့ တွဲခေါ်ကြသည်။

လဲမကျပါ။ သို့သော် သူမ စကားပြောသောအခါ လျှာလိပ်ပြီး စကားမပီတော့ကြောင်း ပြောပါသည်။ နံနက် လင်းချိန်တွင် ဆေးခန်းတစ်ခုတွင် သွေးပေါင်ချိန် ကြည့်သောအခါ သွေးတိုးတက်နေကြောင်း ပြောပါသည်။ အပေါ်သွေး ၁၈၀ (မီလီမီတာ/ပြဒါး) အောက်သွေး ၁၂၀ (မီလီမီတာ/ပြဒါး) ရှိနေသဖြင့် သွေးတိုးကျဆေး ထိုးပေးလိုက်သည်ဟု ပြောပါသည်။



သွေးတိုးရောဂါသည် အငန်စားမှသာ တိုးသည်မဟုတ်။ အအေးပတ်လျှင်လည်း တိုးတတ်ပါ သည်။ ရေချိုး မှား၍၊ လေတိုက်ထဲတွင် အိပ်မိ၍၊ ပန်ကာလေ၊ အဲယားကွန်း အအေးလွန်ကဲခြင်းတို့ကြောင့် သွေးကြောများ အအေးပတ်၍ ကျုံ့ပြီး သွေးပေါင်တက်လာ တတ်ပါသည်။ လျှာလေး (လျှာလေဖြတ်) သွားသူ အမျိုးသမီးကြီး၏ ရာဇဝင်ကို မေးမြန်းကြည့်သောအခါ အသက် ၄၀ ကျော်မှစပြီး လူဝ လာပြီး သွေးတိုး ဝင်လာ သည်။ သွေး ကျဆေးကို စွဲမစားပါ။ ခေါင်းမူးသည့်အခါ စားသည်။ ပိုပြီးဝလာမှာ စိုးသဖြင့် အဆီများရှောင်သည်။ ဝက်သား၊ အမဲသား ခြေလေးချောင်း ရှောင်သည်။ အချိုရှောင်သည်။ သွေးချို၊ ဆီးချိုဝင်မည် စိုးသဖြင့် အစပ်နှင့် အခါးကို သာ များများစားသည်ဟု ဆိုပါသည်။

 

ဖြစ်မယ့်ညက ညစာ ဘာစားမိသလဲဟု မေးသောအခါ ပုံမှန်ထမင်းဟင်းပဲ စားသည်ဟု ပြောသည်။ ဘာဟင်းနှင့်စားလဲ မေးသောအခါ ကြက်သားဟင်း၊ အသီးအရွက်ကြော် အနည်းငယ် စားသည်ဟု ပြော သည်။ သင့်သောအစာများပင် ဖြစ်ပါသည်။ အခြားဘာများ စားမိသေးလဲ မေးမှ ကြက်ဟင်းခါး သီးကြော် လည်း ပါသည်ဟု ပြောပါသည်။ သွေးတိုးရှိသူ အတော်များများသည် အငန်ရှောင်ရမည်။ ဆားရှောင်ရမည်ကို သိကြပါသည်။ သို့သော် အရေးကြီးသော အခြားရှောင်ရန် ရှိသေးသည်ကို မသိကြပါ။ ထိုအရာမှာ လေ စာဖြစ်ပါသည်။ လေစာကြောင့် သွေးတိုးလျှင် အငန်စားမိ၍ သွေးတိုးသည်ထက်ပို၍ ဆိုးတတ်ပါသည်။ အာယုဗ္ဗေဒ ဆေးပညာ၏ အလိုအရ ခန္ဓာကိုယ်အတွင်း သွေးများ စီးဆင်းနေခြင်း မှာ လေတွန်း အားကြောင့် ဖြစ်သည်။ ဝါယောဓါတ်၏ တွန်းကန်မှုကြောင့် ဖြစ်သည်။ လေစာ (ဝါယောစာ) စားသောအခါ နဂိုသွေးတိုး အခံရှိသူများမှာ လေတွန်းအားကြောင့် ပို၍ သွေးတက်လာခြင်းဖြစ်ပြီး ဆောင့်တက်ခဲ့လျှင် ဦးနှောက်ထဲမှ သွေးကြောပေါက်သည်အထိ ဖြစ်နိုင်သည်။

ထိုအမျိုးသမီးကြီး၏ ညစာတွင် ပါဝင်သော ကြက်ဟင်းခါးသီးမှာ အခါးအရသာ ရှိသော လေစာဖြစ် သည်။ ခွေးတောက်ရွက်၊ တမာရွက်၊ ကြက်ဟင်းခါးသီး၊ ကြောင်လျှာသီး၊ ကင်းပုံသီး စသည်တို့မှာ ခါးသော အရသာရှိသော လေစာများ ဖြစ်သည်။ လေတိုးပွားပြီး တွန်းကန်စေသဖြင့် လေတိုး (သွေးတိုး) စေသော အစာများဖြစ်သည်ကို သတိပကြစေချင်သည်။ မူလ သွေးတိုးအခံ ရှိသူသည် သွေးကျဆေးလည်း ပုံမှန် မသောက်၊ ကြက်ဟင်းခါးသီးကဲ့သို့ လေစာစားမိသောအခါ သွေးပေါင်တက်လာသည်။ ညအိပ်နေစဉ်က ဘာမှမဖြစ်သေး။ အပေါ့အပါးသွားရန် အပြင်ထွက်သောအခါ အအေးပတ်ပြီး သွေးကြောများ ကျုံ့နေ သဖြင့် သွေးေ ပါင်ချိန် ပိုတက်လာသည်။ သွေးပေါင်တက်ခြင်းသည် နှလုံးမှသွေးကို ပို၍ညှစ် ပို့သောကြောင့် ဖြ စ်သည်။ ညှစ်အားကြောင့် ဦးနှောက်အတွင်း မှ သွေးကြောငယ်လေး များ ပေါက်ထွက် သွားခြင်း ဖြစ်သည်။ အချို့မှာလည်း ညှစ်အားကြောင့် သွေးကြောနံရံမှ အဆီခဲ၊ သွေးခဲတို့ ပတ်မျောပါသွားပြီး ဦးနှောက်အတွင်းပိုင်းတွင် သွားရောက် ပိတ်ဆို့လိုက်ခြင်းကြောင့် လေဖြတ်ရခြင်း ဖြစ်သည်။

ကြက်ဟင်းခါးသီးကို ကြိုက်လွန်းလို့ ငယ်ငယ်လေးထဲက စားလာတာ၊ အခုမှဘာကြောင့် လာပြီး လေဖြတ်ရ သလဲဟု မေးစရာ ရှိပါသည်။ ငယ်ငယ်တုန်းက သွေးကြောများ၏ အနေအထားမှာ ယခုအသက် ၅၀ ကျော် အနေအထားနှင့် မတူပါ။ ပလပ်စတစ် ပိုက်များကို ကြည့်ပါ။ ဝယ်ယူသုံးစွဲခါစက အသစ်ဖြစ် ၍ ပျော့ပြောင်း သည်။ ရေတွန်းအားကို ခံနိုင်သည်။ သို့သော် နှစ်ကြာလာသောအခါ ထိုပလပ်စတစ်ပိုက်များသည် မာကြော လာသည်။ ကြွတ်ဆတ်လာသည်။ ရေယိုပြီးစိမ့်သည့် နေရာများ ရှိလာသည်။ ရေဖိအားပြင်းထန်လျှင် ပိုက်ကွဲသွားနိုင်သည်။ ဤသဘောပင်။ နှလုံးသွေးကြောနှင့် သွေးလှည့်အဖွဲ့၏ သဘောမှာ အသက်ကြီး လာလျှင် ဒဏ်မခံနိုင်တော့ပါ။ အအေးပတ်မှ မဟုတ်။ အပူလွန်ကဲလျှင်၊ ပင်ပန်းလျှင်၊ စိတ်တိုဒေါသထွက်လျှင် ရုတ်တရက် လဲကျသွားနိုင်သည်။ လေဖြတ်သွားနိုင်သည်။ လေဖြတ်သူ၊ လဲကျသူမှန်သမျှကို လေ့လာဆန်းစစ် ကြည့်သောအခါ ထိုသို့မဖြစ်မီ နာရီအနည်းငယ် အတွင်းက သူတို့သည် လေစာတစ်မျိုးမျိုးကို စားထား ခဲ့ကြကြောင်း တွေ့ရှိရပါသည်။


သွေးတိုး၍ လေဖြတ်ခြင်းများတွင် ခန္ဓာကိုယ်၏ ဘယ်ခြမ်း လေဖြတ်ခြင်း၊ ညာခြမ်း လေဖြတ်ခြင်း၊ ပါးရွဲ့လေဖြတ်ခြင်းများ ရှိသကဲ့သို့ ခန္ဓာကိုယ်မှာ အကောင်းပကတိ လှုပ်ရှားနိုင်သော်လည်း စကားမပီ၊ မပြောနိုင်တော့သည့် လျှာလေဖြတ်ခြင်းလည်း ရှိပါသည်။ ဖြစ်ခဲသော်လည်း အများအပြား တွေ့ရဖူးပါသည်။ ဘယ်သန်သူများ ဘယ်ခြမ်း လေဖြတ်လျှင် စကားမပီ၊ လျှာပါရွဲ့စောင်းပြီး လေဖြတ်လေ့ ရှိပါသည်။ မသန် သည့် အခြမ်းကို လေ့ကျင့်ခန်း လုပ်ပေးခြင်း၊ တိုင်းရင်းဆေး အကြောပြင် ပညာတို့နှင့် ပြုပြင် ကုသပေးခြင်း တို့နှင့် ပြန်၍ ကောင်းနိုင်သော်လည်း လျှာကိုအကြောပြင်၍ မရပါ။ လျှာပွတ်ဆေးကို အားကိုးရပါသည်။ အနောက်တိုင်းဆေးတွင် လျှာပွတ်ဆေးမရှိပါ။ တိုင်းရင်းဆေးက ဤနေရာတွင် အားသာချက်ရှိသည်။

နန်းတွင်းလျှာပွတ်ဆေးသည် မြန်မာဘုရင် လက်ထက်က နန်းသုံးဆေးဖြစ်ပြီး တိုင်းရင်းဆေး အမှတ် (၃၂) ဟု သတ်မှတ်ထားသည်။ ၎င်းဆေးတွင် အဆိပ်ပင်များဖြစ်သော ဆီမီးတောက်ဥ၊ ကိုယ်ရံကြီးဥ၊ ပဒိုင်းမြစ်၊ မျှားဆိပ်စသော အစွမ်းထက်သည့် ဆေးအမယ်များ ပါဝင်သည်။ အဆိပ်ပင်လော၊ ဆေးပင်လော အဆိပ် သည် ဆရာ့လက်ရောက်လျှင် ဆေးဖြစ်သည်ဟု ဆိုနိုင်လေသည်။ အခြားဆရာကိုင် လေဖြတ် လျှာပွတ်ဆေး များလည်း ရှိသည်။ လျှာရွဲ့ခြင်း၊ လျှာတိုခြင်း၊ စကားမပီခြင်း၊ သွားရည်မထိန်းနိုင်ခြင်းများကို ရှေးမြန်မာ တိုင်းရင်းဆေး ဆရာကြီးများက နိုင်နင်းပိုင်နိုင်စွာ ကုသနိုင်ခဲ့ကြပါသည်။

လေစာများ အကြောင်းကို ဆက်လက်တင်ပြရလျှင် . . .

“အခါးဟူသမျှ လေဓါတ်ကြွ၊

မူလပျက်စီးရာ ခွေးတောက်တမာ၊
ကြောင်လျှာကြက်ဟင်းခါး
ဝက်သားလက်ဖက်
မတွဲဖက်၊ တစ်ချက်မှတ်ကြပါ”
 
 
ဟူသော လင်္ကာနှင့်အညီ လေစာကို တစ်နေ့တည်း နှစ်မျိုးစားမိခြင်း၊ တစ်ကြိမ်တည်း နှစ်မျိုးရောစားမိခြင်းတို့ကြောင့် လေဖြတ်နိုင်သည်ကို တင်ပြလိုပါသည်။ ဝက်သားသည် လေစာဖြစ်သည်။ သွေးတိုးနိုင်သည်။ ဝက်သား စားသည့်နေ့တွင် ကြက်ဟင်းခါးသီး ချက်မစားရ။ ခွေးတောက်ရွက်ဟင်းချို မသောက် ရ။ ကြောင် လျှာသီးချက်မစားရ။ လက်ဖက် (အခါးမညှစ်ပဲ) မစားရ။ တမာရွက်မစားရပါ။ စားမိလျှင် တစ်နေ့ တည်း လေ စာနှစ်မျိုး ထပ်မိပြီး သွေးတိုး (လေတိုး) တက်ပြီး လေဖြတ်ခြင်း၊ဦးနှောက် သွေးကြောပြတ်ခြင်း ဖြစ်နိုင်ပါသည်။

ဆီးချိုရောဂါ ရှိသူများသည် အခါးစားမီလျှင် ဆီးချိုသက်သာမည် ထင်ပြီး တစ်နေ့တည်း အခါးနှစ်မျိုး စားမိ

လျှ င် သွေးတိုးပြီး လေဖြတ်နိုင်ပါသည်။ ဆီးချိုထိန်းဆေးများကို ကျွမ်းကျင်သည့် ဆရာဝန် ၏ ညွှန်ကြားချက် အတိုင်းသာ စားသင့်သည်။ အခါး စားလွန်းလျှင် လေစာဖြစ်ပြီး သွေးတိုးရောဂါပါ ထပ်တိုးလာနိုင်ပါသည်။ နရသုခိကျမ်းတွင် “ယားယံခြင်းကား လေကင်းမှတ်ရာ” ဟု မိန့်ဆိုချက်ရှိသဖြင့် ယားနာရောဂါ၊ အရေပြား ရောဂါရှိသူများလည်း လေစာ၊ အခါးဓါတ်များ မစားသင့်ပါ။ အရသာခါး လျှင် လျှော့စား၊ ရှောင်စား သင့်ပါသည်။ သွေးယားရောဂါ Alergic ရှိသူများလည်း လေစာစား လျှင် ရောဂါပြန် ထလေ့ရှိကြောင်း တွေ့ ရပါသည်။ ဖုန်၊ ကြက်မွှေး၊ ငှက်မွှေး၊ စူးရှသောအနံ့၊ ဓါတ်ဆီ၊ ဒီဇယ်အနံ့များကြောင့် Alergic ထသည်ကို သိကြသော်လည်း လေစာကြောင့် သွေးယားရောဂါ ထသည်ကို သိသူနည်းသဖြင့် တင်ပြရခြင်း ဖြစ်ပါသည်။
 

သွေးတိုးရောဂါ၊ ဆီးချိုရောဂါ ရှိသူအားလုံး လေစာကို သတိထားစားရန်၊ တတ်နိုင် သမျှ ရှောင်စား ရန်၊ လျှော့ စားရန်နှင့် အထူး သတိပြုရန်မှာ တစ်နေ့တည်း၊ တစ်ကြိမ်တည်းမှာ လေစာနှစ်မျိုးဆင့်၍ မစားမိကြရန် သတိပြုကြဖို့ အသိပေး ရေးသားလိုက်ရပါသည်။
http://www.searchmyanmar.com/link/frame/cid/36497/

https://www.facebook.com/lyhealthcare/photos/a.345112345631447.1073741828.344

ပန်းနာရင်ကျပ်ရောဂါ အတွက် ဆေးမြီးတိုများ



Asthma ဆိုသော ဝေါဟာရမှာ ရှေးဂရိဘာသာစကားဖြစ်ပြီး၊ Panting or Short drawn breath(ခေါ်)တိုတောင်းလျှင်မြန်စွာ အ သက်ရှုခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ပန်းနာရင်ကျပ်ရောဂါဆိုတာ ဓာတ်မတဲ့ရောဂါတစ်မျိုးဖြစ်ပြီး၊ ခန္ဓာကိုယ်ရဲ့ တုန့် ပြန်မှုက အသက်ရှုလမ်းကြောင်းမှာ ပြသနာအကြီးကြီးဖြစ်စေပါတော့တယ်။ ကလေး/လူကြီး၊ ကျား/မ မရွေးဖြစ်တတ်ကာ၊ အများအားဖြင့် မိဘမျိုးရိုးဗီဇကြောင့် ဖြစ်လေ့ရှိပါတယ်။ ညသန်းခေါင်(သို့ မဟုတ်)နံက်လင်းအားကြီး အချိန်တွေမှာ ရောဂါထလေ့ ရှိပြီး၊ ချွေးေ စး များထွက်ကာ တရွှီရွှီမြည်အသက်ရှူကျပ်ခြင်းကြောင့် အလွန်ပင်ပန်းလှသလို၊ ရောဂါ ခံစားနေရသူကိုကြည့်၍ ဘေးမှမြင်ရ/ကြားရ သူအဖို့ လည်း စိတ်မသက်သာလှပေ။



သတိပြုရှောင်ကြဉ်ရန်။

(၁) ရနံ့ စူးရှသော အစားအသောက်/ရေမွှေး/ပန့်း ရနံ တို့ က ဓာတ်မတည့်မှုဖြစ်ကာ ပန်းနာရင်ကျပ်ထလာစေလို့ သတိနဲ့ ဆင် ခြင်နေထိုင်ပါ။

(၂) အေးမြတဲ့လေကို ရှူရှိုက် ရတဲ့အခါ ရောဂါပိုစေနိုင်၍ အေးတဲ့ရာသီမှာ နှာခေါင်း နှင့် ပါးစပ်တို့ ကို ခေါင်းစည်း ပဝါနှင့် စည်းပတ်ထားပါ။

(၃) အမှိုက်ရွက်များမီးရှို့ ခြင်း(သို့ မဟုတ်)ထင်းနှင့်ချက်တဲ့ မီးဖိုဘေးမှာ မနေပါနှင့်။

(၄) စီးက ရက်အငွေ့က အသက်ရှူလမ်းကြောင်းများကို လှုံ့ ဆွပေးလို့ ဆေးလိပ်မသောက်ပါနှင့်(သို့ မဟုတ်)ဆေးလိပ်သောက်သူများနှင့် ဝေးဝေးနေပါ။

(၅) ထမင်းကို ပမာဏနည်းနည်းနှင့် အကြိမ်များများ ခွဲစားပါ။ အစာအိမ်အက်စစ် အပေါ်ဆန် တက်လာခြင်းက ရင်ပူနာဖြစ်ကာ ပန်းနာရင်ကျပ်ထခြင်းကို အစပျိုးပေးနိုင် ၍ အိပ်ရာမဝင်ခင် ထမင်းမစားပါနှင့်။

(၆) ပန်းနာရင်ကျပ်ရှိသူ၏ ၅% ခန့် မှာ အကိုက် အခဲပျောက်ဆေး(NSAIDS)များနှင့် ဓာတ်မတည့်ကြ၍ ထိုသူများအတွက် အက်စ်ပရင်မပါတဲ့ အကိုက်အခဲ ပျောက်ဆေးတစ်မျိုးဖြစ်သော Acetaminophen (Tyneno)ကိုသာ သုံးပါ။

အိမ်တွင်းကုထုံးများ။

(၁) ပျားရည်က ချွဲများကိုပျော်ကျစေပြီး၊ အသက်ရှုလမ်းကြောင်းကို ပွင့်စေလို့  ပျားရည် ရနံ့ ကိုရှုရှိုက်ပါ။ ရေနွေးပူပူ ၁-ခွက်ထဲမှာ ပျားရည် လ္ဘက်ရည်ဇွန်း ၁-ဇွန်းရောဖျော်၍ တနေ့  ၃-ကြိမ်ကျ စုစုပေါင်း၃-ခွက်သောက်ပါ။

(၂) သဖန်းသီးအခြောက်များ ကို ရေ နွေးစိမ်၍ တညသိပ်ထားပါ။ နံက်အိပ်ယာထ ထိုစိမ်ထားသောရေ ကိုေ သာက်ပေးခြင်းဖြင့် ချွဲသလိပ်များပျော်ဆင်းသွားစေ ပါ တယ်(ထိုနည်းအတိုင်း ၂-လ တိတိဆက်သောက်ပါ)

(၃) ပန်းနာရင်ကျပ်ထနေချိန် သံပုရာရည်သောက်ပေးခြင်း ကလည်း ထူးခြား သက်သာစေပါတယ်။

(၄) ဂျင်း နှင့် ပဲနံ့ သာပင်ပြှုတ်ရည်ထဲကို ပျားရည်ခပ်၍ နံက်တကြိမ်/ညနေတကြိမ်သောက်ပါ။

(၅) ကြက် သွန်ဖြူက ပန်းနာရင်ကျပ်အတွက် အကောင်းဆုံးမီးဖိုချောင်ဆေးဝါးဖြစ်ပါတယ်။ ကြက်သွန်ဖြူ ၁၀-မွှာကို နွားနို့  ၃၀ မီလီ လီတာ ဖြင့်ပြုတ်၍ တနေ့ တကြိမ်သောက်ပါ(သို့ မဟုတ်)ရေနွေးဆူဆူမှာ ကြက်သွန်ဖြူ ၄-မွှာခပ်၍ ၅-မိနစ်လောက်အအေးခံပါ။ နံက်တ ကြိမ်/ညနေတကြိမ်သောက်ပေးခြင်းဖြင့် ပန်းနာရောဂါသိသိသာသာလျော့ကျစေပါတယ်။

(၆) ပန်းနာရောဂါထနေချိန်မှာ မုန်ညင်း ဆီကို ပရုတ်ဆ်ီနှင့်ရော၍ ကျော နှင့် ရင်ဘတ်အနှံ့ စိမ့်ဝင်သွားအောင် ပွတ်နယ်လိမ်းပေးပါ။ အသက်ရှုလမ်းကြောင်း ပုံမှန်အတိုင်း ပွင့်လာပါလိမ့်မယ်။

(ရ) အစေ့ထုတ်ထားသော ဆီးဖြူသီး ၅-ဂရမ်ကို ပျားရည် လ္ဘက်ရည်ဇွန်း ၁-ဇွန်းဖြင့် တို့ စားပေးပါ။ ထိုသို့  စားပေးခြင်းဖြင့် ရောဂါသက်သာသည့်အပြင် အားပြန်ပြည့်လာစေပါတယ်။

(၈) ဒ န့် ဒလွန် ရွက် လက်တဆုပ်စာပမာဏကို ရေ ၁၈၀ မီလီလီတာဖြင့် ၅-မိနစ်မျှပြုတ်ကာ ခပ်နွေးနွေးသောက်ပြီး အရွက်များလဲဝါးစားပါ။

(၉) အိုမီဂါ-၃ ဖက်တီးအက်ဆစ် ပါရှိသော ဆယ်လ်မွန်ငါးများက ပန်းနာရင်ကျပ်ကို သိသိသာသာ လျော့ကျစေပါတယ်။

မြန်မာဆေးမြီးတိုများ။

(၁) ပင်စိမ်းရွက်အခြောက်ကိုမီးမြှိုက်၍ ရှုရှိုက်ပေးပါ။ ထိုရနံ့ က လူကို လန်းဆန်း ပေါ့ပါးစေကာ၊ အာရုံစူးစိုက်မှုအား ကောင်းလာ စေပါတယ်။

(၂) ပဲစဉ်းငုံ တစ်နေ့ နို့ ဆီဗူး ၁-ဗူးဆားခတ်၍ပြုတ်စားပါ။ သိသိသာသာ ပန်းနာရင်ကျပ်သက်သာစေပါတယ်။ ထို နည်းအတိုင်း ၄-လကြာ စားပေးပါက၊ လုံးဝပျောက်ကင်းစေပါတယ်။
(၃) အမှုန့်ကြိတ်ထောင်းထားသော နတ်ဆေးဂမုန်း ၂-ကျပ် သားကို ပျားရည် ၁ပုလင်း ရောစပ်မွှေ၍

၃-ရက်နေလှန်းပါ၊ ထောပတ် ၂၀-ကျပ်သား ရောထည့်ပြီး နာနာမွှေကာ နောက်ထပ် ၄-ရက် နေဆက်လှန်းပေးပါ၊ စုစုပေါင်း ၇-ရက်တိတိနေလှန်းပြီးပါက၊ လ္ဘက်ရည်ဇွန်းနှင့် နံနက်-ည တစ်ဇွန်းကျ တနေ့ နှစ်ကြိမ်စား ပြီး ရေနွေးအဖန်ရည်သောက်ပေးပါ၊

(၄) ရှောက်သီးတစ်လုံးနှင့်အတူ လင်းနေမြစ်/ဒန့်ဒလွန်မြစ်/သဘောင်္ဖိုမြစ်(ထိုအမြစ် ၃-မျိုး ကို ရှောက်သီးတစ် လုံးအလေးတူ)တို့ ကို မြေအိုးထဲထည့် လုံအောင်ပိတ်ပြီး၊ ကျွမ်းအောင်ဖုတ်၍ အမှုန့် ကြိတ်ပါ။ ထိုဆေးမှုန့်ကို တစ်နေ့ အနည်း ဆုံး ၂-ကြိမ် လျှက်စားပါ။

(၅) ဟင်းခတ်မဆလာ နှင့် ပျားရည်ဆတူရောပြီးလျှက်ပေးပါ။

(၆) ကြောင်၊ ရှူးပျံသား ကို သင်္ဘောသီးစိမ်းနှင့်ချက်စားပါ။

(၇) (ပထမရက်) သင်္ဘောသီးစိမ်းတစ်လုံးကို အလုံးလိုက်ရေစင်စင်ဆေးပါ။ အပေါ်ခွံကိုလွှာမ ပစ်ဘဲ သင်္ဘောခြစ်နှင့်ခြစ်၍၊ ငရုတ်စိမ်း/ကြက်သွန်နီ/ပုစွန်ခြောက်/ငန်ပြာရည် နှင့် သံပုရာရည်ရွှဲရွှဲဆမ်းပြီးအ၀စားပါ (နေ့ လည် ထမင်းလျော့စားပါ)။

(ဒုတိယရက်)နောက်တနေ့ သင်္ဘောမယ်ဇလီပွင့်ခြောက်ကို လ္ကက်ရည်ကြမ်းသောက်သကဲ့သို့ အကြမ်းပုဂံနှင့် ၅-လုံးခန့်  သောက်ပါ။ အပွင့်ခြောက်မရရင် အပွင့်အစိုကို ပြုတ်၍ဖြစ်စေ၊ အရွက်နုကိုငပိနှင့်တို့ စား၍ဖြစ်စေ ၀မ်းသွားလောက် အောင်စားပါ(သလိပ်များဝမ်းနဲ့ အတူဆင်းသွားပါလိမ့်မယ်)။

(တတိယရက်) ၀မ်းသွားပြီးနောက်တနေ့ မှာ အုန်းနှဲရွက်အစိုဖြစ်စေ၊ အခြောက ဖြစ်စေ ထန်းလျက်နှင့်ဆတူကြိတ်ပါ။ ဆီးဖြူသီးအရွယ်ခန့် လုံးပြီး နံက်-နေ့ -ည ၁လုံးစီသောက်ပါ။

(ဖော်ပြပါအစီအစဉ် အတိုင်း ဆေးပတ်လည်အောင် ၃-ရက်သောက်ပါ။ ရောဂါအထူအပါးအပေါ်မူတည်ကာ တချို့ က ၁ကြိမ်/တချို့ က ၃ကြိမ် ဆေးပတ်လည် အောင် သောက်ခြင်းဖြင့် ရောဂါအမြစ်ပြတ်ပျောက်သည်)
လူသားပီသစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်းမျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်
ပေါက်ပေါက်
Credit: Daily Health Tips

 မူရင်း=http://www.lyhealthcare.com/archives/711

တွဲဖက်စားပါက ပိုအကျိုးရှိစေသော အစာများ


ဟင်းရွက်တွေကတစ်ခုချင်းစီ စားတာထက် ပေါင်းစပ်ပြီး စားတာကြောင့် ပိုမို အာနိသင် ရရှိစေပါတယ်)။

ခရမ်းချဉ်သီးနှင့် ထောပတ်သီး

ခရမ်းချဉ်သီးမှာ လိုင်ကိုပင်းဓာတ် ဆိုတဲ့ အင်တီ အောက်ဆီးဒင့် ပါဝင်တဲ့ ရောင်ခြယ် ပစ္စည်း တစ်မျိုး အများ အပြား ပါဝင်တာကြောင့် ကင်ဆာနဲ့ နှလုံးသွေး ကြောရောဂါဖြစ်နိုင်ခြေကို လျော့ကျစေ ပါတယ်။ ထောပတ် သီးမှာ ပါ ဝင်တဲ့ ကောင်း တဲ့အဆီက ခရမ်းချဉ်သီးမှာပါတဲ့ လိုင်ကို ပင်းဓာတ်ကို အာနိသင် ပိုမို ကောင်း မွန်အောင် ပံ့ပိုး ပေးနိုင်ပါတယ်။ဂျုံမှုန့်နှင့် လိမ္မော်ရည်

ဂျုံမှုန့်နဲ့ လိမ္မော်ရည်မှာ ပါဝင်တဲ့ ဖီနောဒြပ်ပေါင်းဟာ သွေးတွင်း မကောင်းတဲ့ ကိုလက် စထရော ကို လျော့ကျစေတာ ကြောင့် တွဲဖက်စားသောက်ပေးရင် ကျန်းမာ ရေးအတွက် ပိုမိုထိရောက်မှုရှိစေပါတယ်။

ပန်းဂေါ်ဖီစိမ်းနှင့် ခရမ်းချဉ်သီး
 
ပန်းဂေါ်ဖီစိမ်း နဲ့ ခရမ်းချဉ်သီးကို တွဲဖက်စားတာကြောင့် ဆီးကျိတ် ကင်ဆာကို ကာ ကွယ် ပေးနိုင် ကြောင်း   လေ့လာမှု တစ်ရပ်က ဆိုပါတယ်။

ဘလူးဘယ်ရီသီးနှင့် စပျစ်သီး

ဘလူး ဘယ်ရီသီးနဲ့ စပျစ်သီးတွေကို တစ်ခုချင်းစီ စားတာထက် တွဲဖက်ပြီး စားပေး တာကြောင့် မကောင်းတဲ့ ဖရီးရယ်ဒီ ကယ်ကို တွန်းလှန်ပေးနိုင်တဲ့ အင်တီ အောက်ဆီးဒင့် အာနိသင်ကို ပိုမို ရရှိစေ ပါတယ်။

သံပရာသီးနှင့် ကိုက်လန်ရွက်

သံပရာသီးမှာ ပါတဲ့ ဗီတာမင်စီဟာ ကိုက်လန်မှာပါတဲ့ သံဓာတ်ကို ခန္ဓာကိုယ် က စုပ်ယူမှုပို အားကောင်းအောင် ကူညီ ပေးနိုင်ပါတယ်။

နနွင်းမှုန့်နှင့် ငရုတ်ကောင်းမှုန့်

နနွင်း ထည့်ချက်ထားတဲ့ ဟင်းလျာထဲ ငရုတ်ကောင်းမှုန့်ကို ထည့်ချက်ပေး တာကြောင့် ခန္ဓာကိုယ်မှ ကာကူ မင် ဒြပ်ပေါင်း စုပ်ယူမှုကို အဆ တစ်ထောင် ပိုအားကောင်း စေပါတယ်။

Credit: ဇွန် (Good Health)


https://www.facebook.com/lyhealthcare/photos/a.345112345631447.1073741828.3447325

မိုးရာသီနဲ့ ဒူးရင်းသီး ( စားခြင်း အကျိုးကျေးဇူး )





အနံပြင်း တဲ့ အထဲ မှာ သူက ထိပ်ဆုံး ကပါလို့ မကြိုက်သူအများရဲ့ နှာခေါင်းရူပ်တာတွေ ခံနေရတဲ့ စားကောင်း အာဟာရ ဖြစ်လှတဲ့ အသီးပါ။ ယခု မိုးကာလ ရာသီချိန် ဖြစ်တာနဲ့အညီ ပေါပေါနဲ့ စားနိင်လာတဲ့ နှစ်သက်သူများ အတွက် ဒူးရင်းသီးပါ။ အင်္ဂလိပ် နာမည်မှာ လည်း Durian လို့ပဲ ခေါ်ပြီး ရုက္ခ ဗေဒနာမည်ကတော့ Durio zibethinus လို့ခေါ်ကြောင်း သိရပါတယ်။ ဒူးရင်းသီးမျိုး ၃၀လောက် အမျိုးစားကွဲများ ရှိပြီး ထိုထဲမှာမှ အမျိုးအစား (၉) မျိုးလောက်သာ စားကောင်းပါတယ်။ နိင်ငံတကာ ဈေးကွက်တွေမှာတော့ Durio zibethinus ဆိုတဲ့ ဒူးရင်း တစ်မျိုးသာ ရရှိပြီး ကျန်တဲ့ အမျိုးအစားတွေကိုတော့ ဒေသတွင်းမှာ သာရောင်းချလျက်ရှိပါတယ်။


ဒူးရင်းသီးဟာ အပူပိုင်း သစ်သီးတွေ ဖြစ်တဲ့ ဌက်ပျောသီး၊ ထောပတ်သီး တို့လိုပဲ အာဟာရ ဗီတာမင်နဲ့ သတ္တု ဓာတ်တွေမှာ ကြွယ်ဝပါတယ်။ ဒူးရင်းသီး တစ်လုံးကို ၆၀၂ ဂရမ်လောက်ရှိပြီး ကယ်လိုရီက ၈၈၅ နှုန်းရှိပါတယ်။ ထိုထဲမှာမှ အသားဓာတ်၊ ပိုတက်ဆီယမ်၊ ဆိုဒီယမ်တွေ အပြင် ဗီတာမင် စီ အများဆုံးနဲ့ ဗီတာမင် B6 တို့ အများဆုံးပါဝင်ပါတယ်။ ထိုဓာတ်တွေဟာ ခန္ဓာကိုယ်ရဲ့ ခုခံမူအားကို မြင့်တက်ပေးပြီး ရောဂါတွေကို ကာကွယ်ပေးနိင်ပါတယ်။ အသီးဟာ နူးညံလှပြီး အစားခြေလွယ်အောင်ကူညီပေးတဲ့ Fructose ကဲ့သို့ သကြားဓာတ်တွေပါဝင်တဲ့အတွက် အစားခြေမူကို လွယ်ကူစေပြီး ခွန်အားကို ဖြည့်တင်းပေးတဲ့နေရာမှာ လွယ်လွယ် ခန္ဓာကိုယ်ကို ဖြည့်တင်းပေးနိင်ပါတယ်။
ပိန်တဲ့ သူများကိုလည်း ၀စေနိင်တဲ့ အာဟာရတွေပါဝင်ပြီး ပြည့်ဝလွယ်တဲ့ မကောင်းတဲ့ ကိုယ်လက်စထောတွေမပါဝင်တဲ့ အတွက် စားသင့်တဲ့ အသီးတစ်သီး ဖြစ်ပါတယ်။

Ref: nutrition-and-you
အောင်ဟိန်း (ရိုးရာလေး)

မြွေဆိပ်ဖြေဆေး


မြန်မာနိုင်ငံအနှံ့အပြားတွင် ပေါက်ရောက်သည်။ ရောက်လေရာရာအရပ်တိုင်းတွင် တွေ့မြင်ရသောအပင်ဖြစ်သည်။

ထိုအပင်၏အရွက်မှာ ဆေးခါးရွက်နှင့်တူပြီး အပွင့်မှာ ခရမ်းရောင်ပန်းလေးများဖြစ်သည်။

အပင်၏အရွယ်အစားမှာ မတူညီပဲ တစ်ထွာမှ သုံးလေးပေထိ မြင့်သည်။

ထိုအပင်ကို ရခိုင်မှဆေးပညာလေ့လာ လိုက်စားသောဆရာတော်မှ လွန်ခဲ့သော(၁၀)နှစ်လောက်ကပင် ပြောပြခဲ့သဖြင့် စမ်းသပ်အသုံးပြုခဲ့ရာ ရာနှုန်းပြည့်အောင်မြင်ခဲ့သည်။
-

သုံးစွဲပုံနှင့် ကုသပုံအညွန်း

၎င်းဆေးပင်ကို ခူးယူလိုက်ပါ။ ရေစင်နေအောင် ဆေးလိုက်ပါ။ ပြီးလျှင် ပါးစပ်ထဲထည့်၍ ၀ါးလိုက်ပါ။ ထွက်လာသော အရည်ကို အနာ၏ အ၀ပေါ်ကို သုတ်လိမ်းပေးပါ။ အဖတ်ကို မြိုချလိုက်ပါ။

-
ဆေးအစွမ်း

မြွေပွေး၊ မွေဟောက် စသောအဆိပ်ရှိမြွေများနှင့် ကင်းကိုက်ခဲခြင်း၊ ငါးစူး၊ လိပ်ကျောက်စူးခြင်း၊ အညော် ဝင်၍ ရောင်ရမ်းကိုက်ခဲခြင်းတို့ကို အလျင်အမြန် ပျောက်ကင်းစေပါသည်။

အထူးသဖြင့် ပြင်းထန်သောမြွေပွေးမြွေဟောက်အဆိပ်များကို (၅)မိနစ်ခန့်တွင် လုံးဝပျောက်ကင်းစေပါသည်။

ရုတ်တရက် အရေးကြုံလာလျှင် မြန်မာ့ရိုးရာဆေးမြီးတိုနည်းဖြင့် လူ့အသက်ကို ကယ်တင်နိုင်ကြပါစေ။

ဖေါ်ပြပါပုံထဲမှ အပင်ကို ဆေးကျမ်းအလိုအားဖြင့် ဒန္တသုခပင်(တောဓားပြဆေးပင်) ဟု ခေါ်ပါသည်။

Credit to : စောနွဲ့ နေဆိုင် (ပူတာအို)
နောက်ဆုံးတင်ခဲ့တော့ပို့စ်များ

Template information

Random post

bg
Get the Flash Player to see this player. Shoutcast & Icecast Server

Popular Posts

မန်ဘာဝင်ရန်