Home » » ပြန်လာခဲ့ပါ ဂျူလိုင်လေးရေ

ပြန်လာခဲ့ပါ ဂျူလိုင်လေးရေ

ပြုံးရွှင်ရွှင်မျက်နှာလေးနဲ့
ကိုယ့်အသဲကို အပိုင်သိမ်းပိုက်ခဲ့သူ
ဂျူလိုင်ဆိုတဲ့ မိန်းကလေးရေ...

မိုးကုန်ဆောင်းကူးလို့များ
ကိုယ့်အပေါ်ထားတဲ့အချစ်တွေကို 
ပြန်ရုပ်သိမ်းခဲ့တာလားကွာ...

မိုးစက်မိုးဖွဲတွေအဖြစ်
ကိုယ့်အတွက် အလွမ်းဖြေစရာ
မင်းရဲ့ ကြင်နာမှုလေးတွေတောင်
မထားခဲ့တော့ဘူးလား ဟာ...

ကိုယ့်အနားက အချက်မပြပဲ
အဝေးကိုတိမ်းရှောင်ထွက်ပြေးသွားတဲ့
ဂျူလိုင်လေးရေ....
နောင်နှစ် ဂျူလိုင်ရောက်ရင်
ကိုယ့်အပါးကို ပြန်လာခဲ့ပါကွာ...

မင်းရဲ့ အချစ်တွေနဲ့
ကိုယ်ရှင်သန်ချင်လို့ပါ
မင်းပြန်လာမယ့်အချိန်ထိ
ကိုယ်စက္ကန့်နဲ့အမျှ လွမ်းနေမှာပါ

ကိုယ့်အတွက် ဂျူလိုင်လေးက
ထာဝရ မိုးအေးလေးဖြစ်မှာလို့
မမေ့နိုင်တဲ့ ကိုယ့်နှလုံးသားကယုံကြည်တယ်
ပြန်လာခဲ့ပါ ဂျူလိုင်လေးရယ်
ပြန်လာခဲ့ပါ နော် .....

ဆုလေးနွယ် 


(ထာဝရချစ်သူ တောင်းဆိုသော ပြန်လာခဲ့ပါ ဂျူလိုင်လေးရေ ကဗျာလေးကို ရေးပေးလိုက်ပြီနော် ... အဆင်ပြေပါစေ )

1 (လွမ်းဆုလေး) :

  1. ကောင်းပါတယ်သူငယ်ချင်း

    ReplyDelete

နောက်ဆုံးတင်ခဲ့တော့ပို့စ်များ

Template information

Random post

bg
Get the Flash Player to see this player. Shoutcast & Icecast Server

Popular Posts

မန်ဘာဝင်ရန်