Home » » ကြိုးစားနေဦးမှာပါ...

ကြိုးစားနေဦးမှာပါ...

နင် မမြင်တဲ့ နင့်နောက်ကွယ်မှာ
ငါဘယ်လိုရှိနေမှန်း နင်မသိပေမယ့်
နင်ပျော်ဖို့အတွက် ငါ ......
အချိန်တိုင်းတွေးနေခဲ့တယ်။

နင် ဖြစ်လာသမျှ ငါ
မျှဝေခံစားပေးနိုင်ပေမယ့်
ငါ ဖြစ်နေသမျှတော့
မျိုထားချင်တယ် ။


နင် မသိနိုင်ခဲ့ပါဘူး လေ
ငါ့အတွက် သိပ်မကျန်တော့တဲ့ နေ့ရက်တွေကိုပေါ့
နင်မှ မဟုတ်ဘူး ဘယ်သူမှ မသိနိုင်တာပါ။

အပျော်ဆုံးတာ ဖြစ်စေချင်ခဲ့လို့
အကောင်းဆုံးဖြစ်အောင် ကြိုးစားပေမယ့်
အလဲလဲ နဲ့ ပြိုကျနေတဲ့ ငါ
နင်မသိနိုင်တော့ပေမယ့်

နင်ပျော်ဖို့အတွက်
ငါကြိုးစားနေအုံးမှာ
ငါ ကြိုးစားနေအုံးမှာပါ ......

ဆုလေးနွယ်
 

0 (လွမ်းဆုလေး) :

Post a Comment

နောက်ဆုံးတင်ခဲ့တော့ပို့စ်များ

Template information

Random post

bg
Get the Flash Player to see this player. Shoutcast & Icecast Server

Popular Posts

မန်ဘာဝင်ရန်