အချစ်ကိုလက်ခံလိုက်တဲ့အခါ
အပိုဆုအဖြစ် အလွမ်းကိုပါ လက်ဆောင်ရခဲ့တယ်။
နှလုံးသားနဲ့ ရင်းခါမှ
တမ်းတခြင်းက ပိုခဲ့ပြန်တယ်။
ကြင်နာခြင်းကို ခံယူလိုက်တော့
မျှော်လင့်ခြင်းက တိုးခဲ့ပြန်တယ်။
မြတ်နိုးခြင်းနဲ့ နားခိုးကာမှ
သတိရခြင်းက ကြီးစိုးခဲ့ပြန်တယ်။
သံယောဇဉ်နဲ့ မဖြတ်နိုင်ခါမှ
နှောင်ကြိုးတွေက အထပ်ထပ် ရစ်ခဲ့ပြန်တယ်။
ချစ်သူရယ် ...
ဘယ်လိုရှေ့ဆက်ရမှန်းမသိတော့အောင်
တိုးလေရစ်လေ ရုန်းမလွတ်နိုင်တဲ့ ငါ့အဖြစ်တွေပါလားဟာ ..........
ဆုလေးနွယ်
အပိုဆုအဖြစ် အလွမ်းကိုပါ လက်ဆောင်ရခဲ့တယ်။
နှလုံးသားနဲ့ ရင်းခါမှ
တမ်းတခြင်းက ပိုခဲ့ပြန်တယ်။
ကြင်နာခြင်းကို ခံယူလိုက်တော့
မျှော်လင့်ခြင်းက တိုးခဲ့ပြန်တယ်။
မြတ်နိုးခြင်းနဲ့ နားခိုးကာမှ
သတိရခြင်းက ကြီးစိုးခဲ့ပြန်တယ်။
သံယောဇဉ်နဲ့ မဖြတ်နိုင်ခါမှ
နှောင်ကြိုးတွေက အထပ်ထပ် ရစ်ခဲ့ပြန်တယ်။
ချစ်သူရယ် ...
ဘယ်လိုရှေ့ဆက်ရမှန်းမသိတော့အောင်
တိုးလေရစ်လေ ရုန်းမလွတ်နိုင်တဲ့ ငါ့အဖြစ်တွေပါလားဟာ ..........
ဆုလေးနွယ်
0 (လွမ်းဆုလေး) :
Post a Comment