ဟိုတစ်ချိန်က မင်းရင်ထဲမှာ
ငါ ဧကရာဇ် တစ်ပါးဖြစ်ခဲ့မှာပါ
ငါ့တိုင်းပြည် ငါ့နှလုံးသား မရခင်ကပေါ့
တစ်ရံရောအခါ ဆိုတဲ့ စကားလုံးနဲ့
တို့နှစ်ယောက်ဇာတ်လမ်းကို အဆုံးသတ်ဖို့
အစပျိုးခဲ့တဲ့မင်းနှုတ်ခမ်းတွေကို
ငါ မုန်းတီးရမယ့်အစား ဘာလို့ မြတ်နိုးနေမိတာလဲ ..
တစ်ချိန်က ဘုရင်တစ်ပါးအဖြစ် စံမြန်းနေတဲ့
ငါ့ နှလုံးသားပျိုကို နင် သိမ်းပိုက်ပြီးမှ
ဘီလူးခေါင်းဆောင်းထားတဲ့ မင်းသားလို
ခေါင်းပေါင်းချွတ်မှ သိလိုက်ရတဲ့ ငါ့အဖြစ်တွေ
ဘယ်ထိကြေကွဲစရာကောင်းလဲ ...
နင် ရက်စက်လို့ဝရင် တော်ပါတော့
နင် ကစားလို့ပြီးရင် လွှင့်ပစ်လိုက်ပါတော့
နင် နင်းခြေလို့တော်ပြီဆိုရင် ထားခဲ့ပါတော့
နင် မချစ်တော့ရင် မုန်းလိုက်ပါတော့ ...
နင် မရှိတဲ့ ဝေးတစ်နေရာမှာ
နင် မသိတဲ့ အလွမ်းတွေနဲ့
နင် မမြင်တဲ့ဒဏ်ရာတွေကို ကုစားရင်း
နင် မတွေးနိုင်တဲ့ အတွေးများနဲ့
နင် မပေးနိုင်တဲ့အချစ်တွေကို
နင် မတွေ့အောင်ပဲ ငါ မြေမြှုပ်လိုက်ပါရစေတော့ ...
လွမ်းဆုလေး
ငါ ဧကရာဇ် တစ်ပါးဖြစ်ခဲ့မှာပါ
ငါ့တိုင်းပြည် ငါ့နှလုံးသား မရခင်ကပေါ့
တစ်ရံရောအခါ ဆိုတဲ့ စကားလုံးနဲ့
တို့နှစ်ယောက်ဇာတ်လမ်းကို အဆုံးသတ်ဖို့
အစပျိုးခဲ့တဲ့မင်းနှုတ်ခမ်းတွေကို
ငါ မုန်းတီးရမယ့်အစား ဘာလို့ မြတ်နိုးနေမိတာလဲ ..
တစ်ချိန်က ဘုရင်တစ်ပါးအဖြစ် စံမြန်းနေတဲ့
ငါ့ နှလုံးသားပျိုကို နင် သိမ်းပိုက်ပြီးမှ
ဘီလူးခေါင်းဆောင်းထားတဲ့ မင်းသားလို
ခေါင်းပေါင်းချွတ်မှ သိလိုက်ရတဲ့ ငါ့အဖြစ်တွေ
ဘယ်ထိကြေကွဲစရာကောင်းလဲ ...
နင် ရက်စက်လို့ဝရင် တော်ပါတော့
နင် ကစားလို့ပြီးရင် လွှင့်ပစ်လိုက်ပါတော့
နင် နင်းခြေလို့တော်ပြီဆိုရင် ထားခဲ့ပါတော့
နင် မချစ်တော့ရင် မုန်းလိုက်ပါတော့ ...
နင် မရှိတဲ့ ဝေးတစ်နေရာမှာ
နင် မသိတဲ့ အလွမ်းတွေနဲ့
နင် မမြင်တဲ့ဒဏ်ရာတွေကို ကုစားရင်း
နင် မတွေးနိုင်တဲ့ အတွေးများနဲ့
နင် မပေးနိုင်တဲ့အချစ်တွေကို
နင် မတွေ့အောင်ပဲ ငါ မြေမြှုပ်လိုက်ပါရစေတော့ ...
လွမ်းဆုလေး
0 (လွမ်းဆုလေး) :
Post a Comment