ပြောခဲ့တဲ့ မင်းရဲ့ချစ်စကား။
ဝေးရမှာ ကြောက်တယ် ကိုရယ်တဲ့
မာယာတွေနောက်ကွယ်က
ငါ မလှုပ်သာအောင် ချည်နှောင်ထားတဲ့
မင်းရဲ့ မုသား။
လွမ်းလိုက်တာ ကိုရယ် တဲ့
ရယ်စရာကောင်းလိုက်တာ
ငါ ရူးသွပ်နေအောင် ပြုစားခဲ့တဲ့
မင်းရဲ့ အချိုမြိန်ဆုံး ဟန်ဆောင်စကား။
အမုန်းဆိုတာကို မပြောကြေးနော် ကို တဲ့
အဆိပ်အပြင်းဆုံး မင်းရဲ့ အဆိပ်တစ်ခုပေါ့
အချစ်ဆိပ်ပြင်းတဲ့ မြှားတစ်စင်းမို့
ငါ့နှလုံးသားတစ်ခုလုံး သွေးချောင်းစီးခဲ့ရတာပေါ့။
နောက်ဆုံးတော့လဲ
ယုံတမ်းတွေရဲ့နောက်ကွယ်က ငါ့ယုံကြည်မှုတွေ
ငါ့ကိုလှောင်ပြောင်နေကြပြီ...
ဒါတွေအားလုံးဟာ ငါ့အတွက်တော့
ဝမ်းနည်းကြေကွဲဖွယ် လေးတွေပါ ချစ်သူ .....
လွမ်းဆုလေး (ခ) ဆုလေးနွယ်
0 (လွမ်းဆုလေး) :
Post a Comment