Home » » ငါထိန်းချုပ်ထားပါတယ်

ငါထိန်းချုပ်ထားပါတယ်


ငိုချင်ရက်နဲ့ ပြုံးနေရတဲ့
ငါ့အပြုံးတွေ အသက်ဝင်မယ်လို့တော့
ငါ မထင်ပါဘူး။

မျက်ဝန်းထက်က မြစ်တစ်စင်း
ဖြစ်လုလုအချိန်
ငါထိန်းတော့ ထိန်းထားတာပါပဲ
တားကျိုးသွားခဲ့မယ်လို့ မထင်မိပါဘူး။


ပေါက်ကွဲလုလု နာကျင်မှုတွေ
နှလုံးသားကတွန်းထုတ်နေလဲ
ငါ မျိုတော့မျိုချနေတာပါပဲ
ထွက်ကျလာမယ်လို့ ငါမထင်ပါဘူး။

တမ်းတနေတဲ့ ငါ့ စိတ်တွေက
လေလွင့်မတတ်ဖြစ်နေချိန်လဲ
ငါ ချုပ်ထိန်းထားတာပါပဲ
လွှင့်ပါးမယ်တော့ မထင်ပါဘူး။

လွမ်းဆုလေး (ခ) ဆုလေးနွယ်


0 (လွမ်းဆုလေး) :

Post a Comment

နောက်ဆုံးတင်ခဲ့တော့ပို့စ်များ

Template information

Random post

bg
Get the Flash Player to see this player. Shoutcast & Icecast Server

Popular Posts

မန်ဘာဝင်ရန်