Home » » လွမ်းတယ် ချစ်သူရယ်

လွမ်းတယ် ချစ်သူရယ်



 
ချစ်သူကို လွမ်းရတဲ့ ည
ကောင်းကင်က ကြယ်တွေတောင်ငိုနေသယောင်
အလင်းရောင်မှိန်မှိန်လေးနဲ့ ရှိနေခဲ့တယ်..

ချစ်သူ ကို တမ်းတရတဲ့ ည
လမင်းကြီးတောင် မကြည့်ရက်လို့
တိမ်တိုက်တွေထဲပြေးပုန်းနေခဲ့တယ်

ချစ်သူ ကို သတိရတဲ့ည
လေပြေညှင်းတွေတောင် ရပ်တန့်နေခဲ့တယ်

ချစ်သူ ကို မျှော်လင့်တဲ့ ည
ညအမှောင်မှာ ပျော်နေတတ်တဲ့ ပိုးငယ်လေးတွေတောင်
တေးမဆိုနိုင်တော့တဲ့အထိပါ ချစ်သူရယ် ..

ငါ လွမ်းလွန်းတာကို နားလည် သိနေတဲ့သူတွေက
ငါ့ အဖြစ်ကို မကြည့်ရက်သလို ပြေးပုန်းနေကြတယ်

နှုတ်ဖျားက အကြိမ်ကြိမ် ဆိုနေရင်း တမ်းတမိတယ်
အတူရှိမယ့်နေ့ မျှော်လင့်မိတယ် တမ်းတစိတ်တွေနဲ့လေ

လွမ်းတယ် ချစ်သူရယ် လို့ ...

လွမ်းဆုလေး

0 (လွမ်းဆုလေး) :

Post a Comment

နောက်ဆုံးတင်ခဲ့တော့ပို့စ်များ

Template information

Random post

bg
Get the Flash Player to see this player. Shoutcast & Icecast Server

Popular Posts

မန်ဘာဝင်ရန်